နိုဝင်ဘာလ ၂၅ ရက်နေ့ကို ကုလသမဂ္ဂ က ၁၉၉၉ ခုနှစ်ကစလို့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီနေ့အတွက် ရည်စူးပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘယ်လို အမှာစကားပြောကြားခဲ့သလဲ။ မြန်မာနိုင်ငံတွင်းမှာရော အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အခြေအနေက ဘယ်လိုရှိပါသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။