သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညှဉ်းပန်းနှိပ်စက်မှုအားလုံး ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


ညှဉ်းပန်းနှိပ်စက်ခံရသူများကို ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ကုလသမဂ္ဂစာမျက်နှာ။ ဇွန် ၂၆၊ ၂၀၁၆
ညှဉ်းပန်းနှိပ်စက်ခံရသူများကို ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ကုလသမဂ္ဂစာမျက်နှာ။ ဇွန် ၂၆၊ ၂၀၁၆

ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ဟာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေ၊ ဘယ်လို အချိန်အခါမျိုးမှာမှ ညှဉ်းပန်းနှိပ်စက်တာ မလုပ်ရဘူးလို့ ဒီကနေ့အထိမ်းအမှတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သိန်းနဲ့ချီရှိတဲ့ ကမ္ဘာတဝန်းက ညှဉ်းပန်းနှိပ်စက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့အတူ ကျနော်တို့ အားလုံး စည်းလုံးညီညွတ်စွာ ရှိနေပါတယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးသဘောထား ကွဲပြားသူတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆက်ပြီး အသုံးပြုနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးကွန်ရက် (ND- Burma) က ပြောဆိုလိုက်ပါတယ်။

အစိုးရအနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို အသိအမှတ်ပြု ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့၊ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ အကျဉ်းထောင်စနစ် ပြုပြင်ရေးတို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေ၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းဒေသတွေက တိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို စနစ်တကျနဲ့ ပုံမှန် အသုံးပြုနေတယ်လို့လည်း လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် ND- Burma က ပြောဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ၇၂% ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး ၇၅% ကတော့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း မကြာသေးခင်က ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အပစ်အခတ် မရပ်သေးတဲ့ တိုင်းရင်းသား ဒေသတွေမှာလည်း ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတယ်လို့လည်း ND –Burma ရဲ့ ကြေညာချက်မှာ ထောက်ပြ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG