သုံးရလွယ်ကူစေသည့် Link များ

နိုဝင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်နေ့ကို ကုလသမဂ္ဂမှာ ကျင်းပခဲ့ရာမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို ကမ္ဘာက တညီတညွတ်တည်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။ အလားတူဘဲ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနဲ့ ပတ်သက်လို့ မြန်မာအမျိုးသမီးများအဖွဲ့ တချို့ကလည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

XS
SM
MD
LG