သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ပျက်ကျတဲ့နေရာ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဝင်ရောက်


 (OSCE) ဥပရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၄)
(OSCE) ဥပရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၄)

ယူကရိန်းနိုင်ငံ အရှေ့ခြမ်း မလေးရှားလေယာဉ်ပျက် ကျခဲ့တဲ့နေရာကို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တဖွဲ့ ရောက်ရှိလာပါပြီ။ ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲ့ဒီနေရာတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတာမို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ အဲဒီနေရာကို ရောက်ရှိဖို့ ရက်အတန်ကြာ ကြိုးပမ်းခဲ့ရပြီးနောက် အခု ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။

နယ်သာလန်နဲ့သြစတေးသျှက ကျွမ်းကျင်သူ လေးဦးပါဝင်တဲ့ အဲဒီ စုံစမ်းရေးအဖွဲ့ငယ်ဟာ အဲဒီနေရာကို လမ်းကြောင်းသစ်တခုကနေ တဆင့် ရောက်ရှိသွားတာဖြစ်တယ်လို့ OSCE ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြာသာပတေးနေ့မှာ ကြေညာသွားတာပါ။

စုံစမ်းရေးအဖွဲ့ငယ် အဲဒီကို ရောက်သွားတဲ့အတွက် လေယာဉ်ပျက်ကျတဲ့နေရာက အဓိကကျတဲ့ အထောက်အထားပစ္စည်းတွေ စတင်စုဆောင်းနိုင်မှာဖြစ်သလို၊ မသယ်ရသေးတဲ့ ရုပ်အလောင်းအကျွင်းအကျန်တွေကိုလည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဒီစုံစမ်းရေးအဖွဲ့ဟာ ကနဦး လေ့လာစူးစမ်းမှုတွေကို လုပ်သွားမှာဖြစ်ပြီး၊ နောက်တကြိမ် ဖြစ်နိုင်သမျှ မြန်မြန်လာနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ OSCE အဖွဲ့ က သူ့ Twitter လူမှုကွန်ယက်မှာ ရေးထားပါတယ်။

အခုလို လေယာဉ်ပျက်ကျတဲ့နေရာကို နိုင်ငံတကာစုံစမ်းရေးမှုးတွေ လာရောက်နိုင်ဖို့ဆိုပြီး ယူကရိန်းဖက်ကတော့ ရုရှားလိုလားတဲ့သူပုန်တွေကို တနေ့တာ တိုက်ခိုက်စစ်ဆင်မှုရပ်နားထားမယ်ဆိုပြီး ကြာသပတေးနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက်နိုင်ဖို့ဆိုပြီး တိုက်ခိုက်မှုတွေကို ရပ်ထားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မေတ္တာရပ်ခံခဲ့တဲ့အပေါ် အခုလို တုန့်ပြန်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းဖက်က ပြောပါတယ်။

XS
SM
MD
LG