သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရန္ကုန္၊ မႏၲေလး ၿမိဳ႕ႀကီးေတြမွာ အသံတိတ္သပိတ္ေအာင္ျမင္ေၾကာင္း ၿမိဳ႕ခံမ်ားေျပာဆို


ဒီဇင္ဘာ ၁၀ ရက္ေန႔ အသံတိတ္သပိတ္ဆင္ႏြဲရာ ဆူးေလေစတီဝန္းက်င္ျမင္ကြင္း

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ လႈပ္ရွားမႈအျဖစ္ Silent Strike အသံတိတ္သပိတ္ကို အာဏာပိုင္ေတြ ဖိအားေပးတဲ့ၾကားမွာပဲ ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၿမိဳ႕လည္ေခါင္ အထင္ကရေနရာေတြမွာတင္မက လူေနရပ္ကြက္ေတြထဲက လမ္းေတြေပၚမွာပါ လူသူမရွိ တိတ္ဆိတ္ခဲ့ၾကတဲ့ ရန္ကုန္နဲ႔ မႏၲေလးက အသံတိတ္သပိတ္အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မဆုမြန္က တင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္းမႈအေပၚ နည္းလမ္းမ်ိဳးစုံနဲ႔ ဆန႔္က်င္ေနၾကသူေတြဟာ ဒီကေန႔ ဒီဇင္ဘာလ ၁၀ ရက္၊ ႏုိင္ငံတကာ လူ႔အခြင့္အေရးေန႔မွာေတာ့ Silent Strike လို႔ အမည္ေပးထားတဲ့ လမ္းေပၚမထြက္ အသံတိတ္သပိတ္ လႈပ္ရွားမႈမွာ ပါဝင္ခဲ့ၾကပါတယ္။ ရန္ကုန္နဲ႔ မႏၲေလးလို လူမ်ိဳးေပါင္းစုံေနထိုင္ရာ ၿမိဳ႕ႀကီးေတြမွာလည္း ေနရာအႏွံ႔မွာ လူသူမရွိေျခာက္ကပ္သြားခဲ့တာပါ။

ေစ်းဆိုင္ေတြနဲ႔ လုပ္ငန္းေတြလည္း ဒီေန႔တရက္ သူတို႔ရဲ႕လုပ္ငန္းလည္ပတ္မႈေတြကို ရပ္တန႔္ၿပီး မနက္ ၁၀ နာရီကေန ညေန ၄ နာရီ သတ္မွတ္ထားတဲ့အခ်ိန္အထိ ဆိုင္မဖြင့္၊ အျပင္မထြက္ဘဲ ေနခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕က အခ်ိန္ျပည့္လူစည္ ကားတဲ့ လွည္းတန္းလိုေနရာမ်ိဳးမွာေတာင္ ဒီေန႔ ဆိုင္ေတြပိတ္ထားၾကသလို လူအသြားအလာလည္း မေတြ႔ရဘူးလို႔ လွည္းတန္းမွာေစ်းေရာင္းေနသူတဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ဒီေန႔ ဆိုင္ေတြေတာ္ေတာ္မ်ားမ်ားက ျပည္သူေတြရဲ႕ဆႏၵကို လိုက္နာၾကတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ အကုန္လုံးကေတာ့ ဒီေန႔တေနကုန္ ရွင္းလင္းေနတာ ေတြ႔ရတယ္ဗ်။ ျပည္သူေတြမရွိတဲ့အခါက်ေတာ့ ဆိုင္ေတြအကုန္လုံးကလည္း ပိတ္ၾကတယ္ေပါ့ေနာ္။ အကုန္လုံးက ရွင္းလင္းေနတယ္၊ လူအသြားအလာလည္း ေတာ္ေတာ္ေလးကို ရွင္းလင္းၿပီး ဘာမွမရွိဘူး။"

လွည္းတန္းမွာ ဆိုင္တခ်ဳိ႕ကပစၥည္းေတြကို ယူသြားတာေတြရွိတဲ့အေၾကာင္း ဆိုင္ရွင္တခ်ဳိ႕က ေျပာပါတယ္။ ဘယ္သူေတြက ယူသြားတယ္ဆိုတာ မသိရသလို ဒါနဲ႔ ပတ္သက္လို႔ ဗီြအိုေအက သီးျခား အတည္မျပဳႏုိင္ေသးပါဘူး။

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္ ရပ္ကြက္အမ်ားစုမွာ ပိတ္ထားတဲ့ဆိုင္ေတြကို ျပန္ၿပီးဖြင့္ဖို႔ အတင္းအက်ပ္ ဖိအားေပးတာေတြရွိခ့ဲပါတယ္။ အဲဒီလိုဖိအားေပးတာမွာ ရဲနဲ႔ စစ္သားလို ယူနီေဖာင္းဝတ္ထားသူေတြမပါဘဲ တုတ္၊ ဓား ကိုင္ေဆာင္ထားတဲ့ အရပ္ဝတ္ေတြက ၿခိမ္းေျခာက္ဖိအားေပးခဲ့တာလို႔ လႈိင္သာယာ ဘုရားလမ္းက ဆိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ မနက္ ၁၀ နာရီေလာက္မွာ ပိတ္ထားတဲ့ သူ႔ရဲ႕ဆိုင္တံခါးကို တုတ္နဲ႔႐ိုက္ၿပီး ဆိုင္မဖြင့္ရတဲ့အေၾကာင္းရင္းကို ေမးျမန္းခဲ့ေၾကာင္း သူက ဗြီအိုေအကို ျပန္ေျပာျပပါတယ္။

"ဆိုင္ ဒီေန႔ ဘာလို႔ မဖြင့္တာလဲေပါ့ေနာ္ အခုခ်က္ခ်င္းဖြင့္ရမယ္၊ တံခါးေတြဖြင့္ေပါ့။ စာအုပ္တအုပ္ လက္ထဲကိုင္ၿပီးေတာ့ မင္းကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ မဖြင့္တာလား ဒါဆိုရင္ မင္းဆိုင္နာမည္ ငါမွတ္မယ္ေပါ့ေနာ္ စာ႐ြက္တ႐ြက္နဲ႔ ေရးၿပီးမွ။ မဟုတ္ ဘူးေပါ့ေနာ္ က်ေနာ္က တေယာက္တည္းရွိလို႔ပါေပါ့၊ ေစ်းေရာင္းတဲ့သူေတြ မလာလို႔ ပါေပါ့ေနာ္ က်ေနာ္ပိတ္ထားရတာပါေပါ့။ မရဘူး အခုခ်က္ခ်င္း ဖြင့္ကိုဖြင့္ရမယ္ ဆိုၿပီးေတာ့၊ ဟုတ္ကဲ့ပါေပါ့ က်ေနာ္ဖြင့္ပါမယ္ေပါ့ က်ေနာ္လည္း ဒီလိုပဲေျပာရေတာ့တာေပါ့။ ဘယ္သူမွမရွိေတာ့ ဆိုင္ေလးတံခါးေလး တခ်ပ္ဖြင့္၊ ႏွစ္ခ်ပ္ဖြင့္တဲ့သူက ႏွစ္ခ်ပ္ဖြင့္ မဖြင့္ရလည္း ဟိုမွာဆိုင္ကယ္ အႀကီးႀကီးေတြနဲ႔ လာၾကတာ။ လာၿပီးေတာ့ ဓားတဝင့္ဝင့္နဲ႔ က်ေနာ္တို႔ကလည္း ေၾကာက္တာေပါ့။"

ဒီလို တဆိုင္ခ်င္းစီ လိုက္ဖြင့္ခိုင္းေပမဲ့ ဆိုင္ရွင္အမ်ားစုက ဆိုင္တခါးကို ဟန္ျပအျဖစ္ေလာက္သာ ျပန္ဖြင့္ၾကတယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း ရပ္ကြက္ေစ်းဆိုင္ေတြနဲ႔ ေစ်း႐ုံထဲက ဆိုင္ခန္းေတြဖြင့္ဖို႔ ဖိအားေပးတာေတြရွိေပမယ့္ အသံတိတ္သပိတ္ကို ေအာင္ေအာင္ျမင္ျမင္ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"မႏၲေလးဆိုရင္ ဒီေက်ာက္ဝိုင္းဆိုရင္ တရက္ကို လူဦးေရေသာင္းခ်ီဝင္တာေလ။ အဲဒါဆိုရင္ အခုတေယာက္မွကို မရွိဘူး၊ လမ္းေပၚမွာေရာ၊ ဝိုင္းဆင္းတာေရာ တေနကုန္မရွိဘူး။ ေနာက္ၿပီးေတာ့ ညေစ်း၊ ပန္းေစ်းဆိုလည္း တေယာက္မွမဖြင့္ဘူး။ တံတိုင္းဘက္က အသည္ေတြလည္း တေယာက္မွမလာဘူး။ မဖြင့္ရင္ ဆိုင္ ခန္းသိမ္းမွာတို႔၊ ပိတ္မွာတို႔၊ ရပ္ကြက္ေတြထဲဆို ပစ္မယ္လို႔ေတာင္ ေျပာတာေပါ့ဗ်ာ။ ရပ္ကြက္ေတြထဲက ေစ်းဆိုင္ေတြ မဖြင့္ဘူးဆိုရင္ ဖမ္းမယ္၊ ပစ္မယ္ဆိုတဲ့ သူတို႔ရဲ႕ၿခိမ္းေျခာက္မႈေတြေပါ့ဗ်ာ။ အဲလိုၿခိမ္းေျခာက္တာရွိတယ္။ က်ေနာ္တို႔ ေစ်းသည္မ်ားနဲ႔ ျပည္သူကေတာ့ ႀကံ့ႀကံ့ခံၿပီးေတာ့ ညီညီၫြတ္ၫြတ္နဲ႔ ပိတ္လိုက္ေတာ့ သူတို႔ဘာမွလုပ္လို႔ မရဘူးေပါ့။"

အခုလို ၿငိမ္သက္တဲ့အသြင္တမ်ိဳးနဲ႔ အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈအေပၚ ဖိအားေပးတားဆီးတာေတြ ရွိေပမယ့္လည္း သပိတ္ေအာင္ျမင္တဲ့ အထိမ္းအမွတ္အျဖစ္ ညေန ၄နာရီအခ်ိန္မွာ လက္ခုတ္ၿပိဳင္တူတီးခဲ့ၾကပါတယ္။

ဒီမိုကေရစီလိုလားသူေတြဟာ ေျမျပင္က Silent Strike လႈပ္ရွားမႈမွာ ပါဝင္ခဲ့သလို ဝတ္စုံအနက္ဝတ္ လက္သုံးေခ်ာင္းေထာင္ၿပီး ဆိတ္သုဥ္းေနတဲ့ လူ႔အခြင့္အေရး ေတာ္လွန္ေရးနဲ႔ သိမ္းပိုက္ၾကဆိုတဲ့ လူမႈကြန္ယက္ေပၚက လႈပ္ရွားမႈမွာလည္း ပါဝင္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

{{Unicode}}

ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ အသံတိတ်သပိတ်အောင်မြင်ကြောင်း မြို့ခံများပြောဆို

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုအဖြစ် Silent Strike အသံတိတ်သပိတ်ကို အာဏာပိုင်တွေ ဖိအားပေးတဲ့ကြားမှာပဲ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့လည်ခေါင် အထင်ကရနေရာတွေမှာတင်မက လူနေရပ်ကွက်တွေထဲက လမ်းတွေပေါ်မှာပါ လူသူမရှိ တိတ်ဆိတ်ခဲ့ကြတဲ့ ရန်ကုန်နဲ့ မန္တလေးက အသံတိတ်သပိတ်အကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေကြသူတွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာတော့ Silent Strike လို့ အမည်ပေးထားတဲ့ လမ်းပေါ်မထွက် အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်နဲ့ မန္တလေးလို လူမျိုးပေါင်းစုံနေထိုင်ရာ မြို့ကြီးတွေမှာလည်း နေရာအနှံ့မှာ လူသူမရှိခြောက်ကပ်သွားခဲ့တာပါ။

ဈေးဆိုင်တွေနဲ့ လုပ်ငန်းတွေလည်း ဒီနေ့တရက် သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေကို ရပ်တန့်ပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ သတ်မှတ်ထားတဲ့အချိန်အထိ ဆိုင်မဖွင့်၊ အပြင်မထွက်ဘဲ နေခဲ့ကြပါတယ်။ ရန်ကုန်မြို့က အချိန်ပြည့်လူစည် ကားတဲ့ လှည်းတန်းလိုနေရာမျိုးမှာတောင် ဒီနေ့ ဆိုင်တွေပိတ်ထားကြသလို လူအသွားအလာလည်း မတွေ့ရဘူးလို့ လှည်းတန်းမှာဈေးရောင်းနေသူတဦးက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ဆိုင်တွေတော်တော်များများက ပြည်သူတွေရဲ့ဆန္ဒကို လိုက်နာကြတယ်။ ဒါကြောင့်မို့ ကျနော်တို့ အကုန်လုံးကတော့ ဒီနေ့တနေကုန် ရှင်းလင်းနေတာ တွေ့ရတယ်ဗျ။ ပြည်သူတွေမရှိတဲ့အခါကျတော့ ဆိုင်တွေအကုန်လုံးကလည်း ပိတ်ကြတယ်ပေါ့နော်။ အကုန်လုံးက ရှင်းလင်းနေတယ်၊ လူအသွားအလာလည်း တော်တော်လေးကို ရှင်းလင်းပြီး ဘာမှမရှိဘူး။"

လှည်းတန်းမှာ ဆိုင်တချို့ကပစ္စည်းတွေကို ယူသွားတာတွေရှိတဲ့အကြောင်း ဆိုင်ရှင်တချို့က ပြောပါတယ်။ ဘယ်သူတွေက ယူသွားတယ်ဆိုတာ မသိရသလို ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရပ်ကွက်အများစုမှာ ပိတ်ထားတဲ့ဆိုင်တွေကို ပြန်ပြီးဖွင့်ဖို့ အတင်းအကျပ် ဖိအားပေးတာတွေရှိခဲ့ပါတယ်။ အဲဒီလိုဖိအားပေးတာမှာ ရဲနဲ့ စစ်သားလို ယူနီဖောင်းဝတ်ထားသူတွေမပါဘဲ တုတ်၊ ဓား ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်တွေက ခြိမ်းခြောက်ဖိအားပေးခဲ့တာလို့ လှိုင်သာယာ ဘုရားလမ်းက ဆိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ မနက် ၁၀ နာရီလောက်မှာ ပိတ်ထားတဲ့ သူ့ရဲ့ဆိုင်တံခါးကို တုတ်နဲ့ရိုက်ပြီး ဆိုင်မဖွင့်ရတဲ့အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း သူက ဗွီအိုအေကို ပြန်ပြောပြပါတယ်။

"ဆိုင် ဒီနေ့ ဘာလို့ မဖွင့်တာလဲပေါ့နော် အခုချက်ချင်းဖွင့်ရမယ်၊ တံခါးတွေဖွင့်ပေါ့။ စာအုပ်တအုပ် လက်ထဲကိုင်ပြီးတော့ မင်းကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မဖွင့်တာလား ဒါဆိုရင် မင်းဆိုင်နာမည် ငါမှတ်မယ်ပေါ့နော် စာရွက်တရွက်နဲ့ ရေးပြီးမှ။ မဟုတ် ဘူးပေါ့နော် ကျနော်က တယောက်တည်းရှိလို့ပါပေါ့၊ ဈေးရောင်းတဲ့သူတွေ မလာလို့ ပါပေါ့နော် ကျနော်ပိတ်ထားရတာပါပေါ့။ မရဘူး အခုချက်ချင်း ဖွင့်ကိုဖွင့်ရမယ် ဆိုပြီးတော့၊ ဟုတ်ကဲ့ပါပေါ့ ကျနော်ဖွင့်ပါမယ်ပေါ့ ကျနော်လည်း ဒီလိုပဲပြောရတော့တာပေါ့။ ဘယ်သူမှမရှိတော့ ဆိုင်လေးတံခါးလေး တချပ်ဖွင့်၊ နှစ်ချပ်ဖွင့်တဲ့သူက နှစ်ချပ်ဖွင့် မဖွင့်ရလည်း ဟိုမှာဆိုင်ကယ် အကြီးကြီးတွေနဲ့ လာကြတာ။ လာပြီးတော့ ဓားတဝင့်ဝင့်နဲ့ ကျနော်တို့ကလည်း ကြောက်တာပေါ့။"

ဒီလို တဆိုင်ချင်းစီ လိုက်ဖွင့်ခိုင်းပေမဲ့ ဆိုင်ရှင်အများစုက ဆိုင်တခါးကို ဟန်ပြအဖြစ်လောက်သာ ပြန်ဖွင့်ကြတယ်လို့ လှိုင်သာယာမြို့နယ် ဒေသခံတချို့က ပြောပါတယ်။

မန္တလေးမြို့မှာလည်း ရပ်ကွက်ဈေးဆိုင်တွေနဲ့ ဈေးရုံထဲက ဆိုင်ခန်းတွေဖွင့်ဖို့ ဖိအားပေးတာတွေရှိပေမယ့် အသံတိတ်သပိတ်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မန္တလေးဆိုရင် ဒီကျောက်ဝိုင်းဆိုရင် တရက်ကို လူဦးရေသောင်းချီဝင်တာလေ။ အဲဒါဆိုရင် အခုတယောက်မှကို မရှိဘူး၊ လမ်းပေါ်မှာရော၊ ဝိုင်းဆင်းတာရော တနေကုန်မရှိဘူး။ နောက်ပြီးတော့ ညဈေး၊ ပန်းဈေးဆိုလည်း တယောက်မှမဖွင့်ဘူး။ တံတိုင်းဘက်က အသည်တွေလည်း တယောက်မှမလာဘူး။ မဖွင့်ရင် ဆိုင် ခန်းသိမ်းမှာတို့၊ ပိတ်မှာတို့၊ ရပ်ကွက်တွေထဲဆို ပစ်မယ်လို့တောင် ပြောတာပေါ့ဗျာ။ ရပ်ကွက်တွေထဲက ဈေးဆိုင်တွေ မဖွင့်ဘူးဆိုရင် ဖမ်းမယ်၊ ပစ်မယ်ဆိုတဲ့ သူတို့ရဲ့ခြိမ်းခြောက်မှုတွေပေါ့ဗျာ။ အဲလိုခြိမ်းခြောက်တာရှိတယ်။ ကျနော်တို့ ဈေးသည်များနဲ့ ပြည်သူကတော့ ကြံ့ကြံ့ခံပြီးတော့ ညီညီညွတ်ညွတ်နဲ့ ပိတ်လိုက်တော့ သူတို့ဘာမှလုပ်လို့ မရဘူးပေါ့။"

အခုလို ငြိမ်သက်တဲ့အသွင်တမျိုးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် ဖိအားပေးတားဆီးတာတွေ ရှိပေမယ့်လည်း သပိတ်အောင်မြင်တဲ့ အထိမ်းအမှတ်အဖြစ် ညနေ ၄နာရီအချိန်မှာ လက်ခုတ်ပြိုင်တူတီးခဲ့ကြပါတယ်။

ဒီမိုကရေစီလိုလားသူတွေဟာ မြေပြင်က Silent Strike လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို ဝတ်စုံအနက်ဝတ် လက်သုံးချောင်းထောင်ပြီး ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြဆိုတဲ့ လူမှုကွန်ယက်ပေါ်က လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့ကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #SilentStrike #voaburmese #စစ်အာဏာသိမ်းမှု #အသံတိတ်သပိတ် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG