သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါအကြွေး လျှော်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ တောင်းဆို


ငလျင်ဘေးကြောင့် အိုးအိမ်ပျက်စီးသွားပြီး ယာယီတဲနဲ့နေထိုင်နေရတဲ့ နီပေါပြည်သူတွေ သောက်ရေရဖို့ တန်းစီနေစဉ်။
ငလျင်ဘေးကြောင့် အိုးအိမ်ပျက်စီးသွားပြီး ယာယီတဲနဲ့နေထိုင်နေရတဲ့ နီပေါပြည်သူတွေ သောက်ရေရဖို့ တန်းစီနေစဉ်။

နီပေါနိုင်ငံမှာ အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း (၇) ထောင် ကျော်သေဆုံးကာ ထောင်ပေါင်းများစွာ ထိခိုက်အနာတရတွေ ဖြစ်ခဲ့ ရတဲ့အပြင် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီးတဲ့နောက် နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတခုနဲ့ ဘာသာရေး အသင်းအဖွဲ့တွေ တခြား အဖွဲ့အစည်း တွေက နီပေါနိုင်ငံကတင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

Jubliee Network USA အဖွဲ့ဟာ ဘာသာရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ညွန့်ပေါင်း အဖွဲ့အစည်းဖြစ်ပါတယ်။ မြေငလျှင် မလှုပ်ခင်ကာလတုန်းက နီပေါနိုင်ငံဟာ နိုင်ငံတကာက ငွေကြေးချေးငှားသူတွေထံကို နှစ်စဉ် ဒေါ်လာ သန်း ၂၂ဝ အကြွေးပြန်ဆပ်နေရတယ်လို့ ညွန့်ပေါင်း အဖွဲ့အစည်းရဲ့အမှုဆောင် ဒါရိုက်တာ Eric LeCompte က ပြောပါတယ်။

နောက်ပိုင်းမှာ အဲဒီလို ထပ်ပြီး ပေးဆောင်နေရမယ့် အကြွေးတွေကို နိုင်ငံပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဖြစ်သင့်တယ်လို့ သူကပြောပါတယ်။

နိုင်ငံတကာကနေ ငွေကြေးခြေးငှားသူတွေဟာ အနောက်အာဖရိက မှာ အီဘိုလာရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားချိန်တုံးက အဲဒီမှာရှိတဲ့ နိုင်ငံတွေက ပေးဖို့ရှိတဲ့ အကြွေးတွေကို လျှော်ပေးခဲ့တယ်လို့ LeCompte ကပြောပါတယ်။

နီပေါနိုင်ငံမှာ လူပေါင်း ၂၈ သန်း နီးပါးရှိပြီး မြေငလျင်ဒဏ်မခံရခင်က နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၅% ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

XS
SM
MD
LG