သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သစ် အပေါ် နိုင်ငံတကာကြိုဆို


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်လာကြတဲ့ နိုင်ငံတကာ အဖွဲအစည်းတာဝန်ရှိသူများ (သတင်းဓါတ်ပုံ-NLD chairperson facebook)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်လာကြတဲ့ နိုင်ငံတကာ အဖွဲအစည်းတာဝန်ရှိသူများ (သတင်းဓါတ်ပုံ-NLD chairperson facebook)

ပြည်သူတွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒီကနေ့မှာ လွှတ်တော်တက်ရောက်နိုင်တဲ့အပေါ် ဂုဏ်ယူကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို သမိုင်းဝင်နေ့ရက်မျိုးရောက်ရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့တဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု နဲ့ ပတ်သက် ပြီးတော့လည်း အမေရိကန်သံရုံး အနေနဲ့ ဂုဏ်ပြုကြောင်းနဲ့ နိုင်ငံတစ်ဝန်း ဒီမိုကရေစနစ်မြှင့်တင်နိုင်ရေး လွှတ်တော် အမတ်သစ်တွေကို ဆက်လက်ထောက်ခံအားပေး ကူညီသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ဒီမိုကရေစီဖေါ်ဆောင်ရေး အမှန်တကယ် အကောင် အထည် ပေါ်လာအောင်ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် ပြည်ထောင်စုကြီး ပေါ်ပေါက် လာအောင် ဆောင်ရွက်မယ့် အစိုးရသစ်နဲ့အတူ လက်တွဲ ကူညီဆောင်ရွက် သွားဖို့ကိုလည်း မျှော်လင့်ထားကြောင်း ကနေဒါသံရုံး ကြေညာချက် မှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစုအနိုင်ရရှိထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို လွှတ်တော် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး လွှတ်တော် တက်ရောက်ကြပါတယ်။ NLD ပါတီက လွှတ်တော် ၂ ရပ်လုံးမှာ လွှတ်တော်အမတ် ၈၀% ကျော်နဲ့ အများစုနေရာရထားတာပါ။

အရင်က စစ်တပ် ဗိုလ်ချုပ်ကြီးတွေ အဖြစ်ကနေ အရပ်ဝတ်ပြောင်းထားသူ အများစုပါတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ ဒီတခါ လွှတ်တော်ထဲမှာ စုစုပေါင်း ၄၁ ယောက်သာပါတော့အတွက် နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ရဲ့ ချုပ်ကိုင်မှုဟာ အဆုံးသပ်သွားပြီလို့ မြင်နိုင်ပါတယ်။ဒါပေမဲ့ ဖွဲ့စည်းပုံအရ လက်ရှိလွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဆက်လက် ပါဝင်နေဆဲဖြစ်ပါတယ်။

XS
SM
MD
LG