သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး သံတမန်ဆိုင်ရာ ကြိုးပမ်းမှု နိုင်ငံတကာ ကြိုဆို


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov(လယ်) သတင်းထောက်များအား ဆီးရီးယားဓာတုလက်နက်ဖျက်သိမ်းရေး အမေရိကန်နှင့် သဘောတူညီချက်အပေါ် ဂျနီဗာ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၃)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov(လယ်) သတင်းထောက်များအား ဆီးရီးယားဓာတုလက်နက်ဖျက်သိမ်းရေး အမေရိကန်နှင့် သဘောတူညီချက်အပေါ် ဂျနီဗာ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံက ဓာတုလက်နက်အဆုံးသတ်ရေး စည်းမျဉ်းဘောင်တစ်ခုအပေါ် ရုရှားနဲ့ အမေရိကန်တို့ သဘောတူညီမှုရခဲ့တာကို အဓိက အနောက်နိုင်ငံကြီးတွေက လျင်လျင်မြန်မြန်ပဲ ထောက်ခံလိုက်ကြပါတယ်။

ပြင်သစ်က ဒီသဘောတူညီချက်ကို ချီးကျူးပြောဆိုပါတယ်။ ဒီအစီအစဉ်ဟာ ရှေ့ကိုဆက်ဖို့ သိသာတဲ့ ခြေလှမ်း လှမ်းနိုင်တာပဲလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပြောသွားပါတယ်။ ဗြိတိန်နိုင်ငံကလည်း ဒီအစီအစဉ်ကို ကြိုဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ်က ဒီအဆိုပြုချက်အတိုင်း လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အစီအစဉ် အသေးစိတ်ကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ တနင်္လာမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ် အင်ဂလာ မာကယ်လ်ကလည်း သူ့အဆို ဆိုးဝါးလှတဲ့ ဓာတုလက်နက် တိုက်ခိုက်မှုအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ အခွင့်အရေးတခါ ထပ်ရတာပဲ တော်ပါသေးရဲ့လို့ ပြောသွားပါတယ်။

ဥရောပသမဂ္ဂကလည်း ဒီအစီအစဉ်ကို ထောက်ခံကြောင်းပြောပြီး အကူအညီ ပေးမယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားနိုင်ငံက ဓာတုလက်နက် သိုလှောင်ရာ နေရာတွေကို ထိန်းချုပ်ပြီး ဖျက်သိမ်းရေးမှာ ကူညီဖို့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တချို့မှာ နည်းပညာအရ လုပ်ကိုင်နိုင်စွမ်းရှိတယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Cathrine Ashton က ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးဘန်ကီမွန်းက ဒီအစီအစဉ်နဲ့ပတ်သက်ပြီး အခုထက်ပို သိရဖို့မျှော်လင့်တယ်၊ ဒါဟာ ဆီးရီးယားပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အဆုံးသတ်ပေးမယ့် နိုင်ငံရေးအဖြေရှာရာမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်တယ်လို့ပြောသွားခဲ့ပါတယ်။ ဒီအစီအစဉ်ကို ကန့်ကွက်သူတွေထဲ မှာတော့ ဆီးရီးယား အတိုက်အခံစစ်တပ်လည်း ပါဝင်ပါတယ်။

ဆီးရီးယားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ဖြစ်ရပ်ကို မျက်ကွယ်ပြုတဲ့ အစီအစဉ်ဖြစ်လို့ လက်မခံတာလို့ ဆိုပါတယ်။
XS
SM
MD
LG