သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အမျိုးသမီးများနေ့ ကမ္ဘာတဝှမ်း ကျင်းပ


နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ် အိန္ဒိယရိုးရာဝတ်စုံနဲ့ ၅ ကီလိုမီတာပြေးပွဲမှာ အမျိုးသမီးငယ်များနဲ့အတူ ဝင်ရောက်အပြေးပြိုင်နေတဲ့ သက်လတ်တန်းအမျိုးသမီးကြီးကိုတွေ့ရစဉ်။
နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ် အိန္ဒိယရိုးရာဝတ်စုံနဲ့ ၅ ကီလိုမီတာပြေးပွဲမှာ အမျိုးသမီးငယ်များနဲ့အတူ ဝင်ရောက်အပြေးပြိုင်နေတဲ့ သက်လတ်တန်းအမျိုးသမီးကြီးကိုတွေ့ရစဉ်။

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ အမျိုးသမီးတွေ အောင်မြင်မှုရရှိရေးအတွက် ကမ္ဘာတလွှားက အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ဝိုင်းဝန်း ဆောင်ရွက်နေကြပါတယ်။

အမျိုးသမီးတွေအနေနဲ့ ပြည့်ဝအောင်မြင်ပြီး မိသားစုနဲ့အတူ နေထိုင်နိုင်ရေးအတွက် အမျိုးသမီးတွေ တန်းတူ အခွင့်အရေးရရှိရေးအတွက် တောင်းဆိုဖို့ ဒီနေ့ဟာ အသင့်တော်ဆုံးနေ့ ဖြစ်ပါတယ်။

ဒေသခံအခြေအနေပေါ် မူတည်တဲ့အကြောင်းအရာတွေကို ရွေးချယ်ပြီး တိုင်းပြည်အသီးသီးမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာ အမျိုးသမီးနေ့ကို ဆင်နွဲကြပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ - အမျိုးသမီးတွေအတွက် တရားဥပဒေနဲ့လုံခြုံမှုရရှိရေးအတွက် တောင်းဆိုတဲ့အနေနဲ့ အလွှာအသီးသီးက အမျိုးသမီးတွေဟာ ကားတွေ၊ စက်ဘီးတွေနဲ့ စီတန်း လှည့်လည်တောင်းဆိုခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေက အမျိုးသမီးတွေအတွက် အနည်းဆုံး လုပ်အားခသတ်မှတ်ပေးဖို့ မနီလာမြို့မှာ ချီတက် တောင်းဆိုခဲ့ကြပါတယ်။ တူရကီ၊ ဘင်္ဂလားရှေ့၊ ဟောင်ကောင်တို့မှာ အမျိုးသမီးအခွင့်အရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြသလို မူဆလင် အမျိုးသမီးတွေအနေနဲ့ Burkas လို့ခေါ်တဲ့ ခေါင်းကနေ ခြေထောက်အထိ ဆောင်းရမယ်လို့ အမျိုးသားတွေက ဥပဒေ ပြဌာန်းတာဟာ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ရာရောက်တယ်ဆိုပြီး အာဖဂန်နိုင်ငံမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီး တန်းတူအခွင့်အရေး ရရှိရေးဆိုင်ရာ အခမ်းအနားတွေကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

အမျိုးသမီးတွေ မိဘအမွေခံစားခွင့်နည်းနေတာနဲ့ နေ့စဉ် အမျိုးသမီးတွေ နှိမ်ချဆက်ဆံခံနေရတာဟာ ဒီနေ့ခေတ်ရဲ့ တရားမျှတမှု အကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကလည်း တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG