သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်တူညီမျှရေးတောင်းဆိုနေကြတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ အမျိုးသမီး ထောင်နဲ့ချီ စုဝေးဆန္ဒပြ (AP Photo/Emrah Gurel)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ အမျိုးသမီး ထောင်နဲ့ချီ စုဝေးဆန္ဒပြ (AP Photo/Emrah Gurel)

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။

အခု ၂၀၂၅ ခုနှစ် အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂက “For ALL Women and Girls: Rights. Equality. Empowerment” အမျိုးသမီးနဲ့ မိန်းကလေးငယ်အားလုံး အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်ရှိမှုလို့ ဆောင်ပုဒ် သတ်မှတ်ထားပါတယ်။ အမျိုးသမီး တယောက်မကျန်အတွက် တန်းတူအခွင့်အရေး၊ လုပ်ပိုင်ခွင့်အာဏာနဲ့ အခွင့်အလမ်းတွေရနိုင်အောင် လမ်းဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အမျိုးသမီးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေအပေါ် ရာသက်ပန်အပြောင်းအလဲ ဖြစ်စေအောင် ရည်ရွယ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာတဝန်းက အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ စီးပွားရေး၊ ဖျော်ဖြေရေး၊ အနုပညာ၊ အားကစား စတဲ့နယ်ပယ်စုံက အားကျစရာ အမျိုးသမီးတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို New York မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။

ကမ္ဘာတဝန်း အမျိုးသမီးနဲ့ ကလေးတွေရဲ့ အခွင့်အရေးကို ဥပဒေကြောင်းကနေ အကာအကွယ်ပေးနိုင်ဖို့၊ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရနိုင်ဖို့နဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့ အရိုးစွဲနေတဲ့ အမြင်တွေပြောင်းနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့ Beijing Declaration and Platform for Action ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာ အခု ၂၀၂၅ ခုနှစ်မှာ အနှစ် ၃၀ ပြည့်ပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးနဲ့ အသိအမှတ်ပြုခံရမှုအတွက် ကြိုးပမ်းနေရဆဲ ဖြစ်တယ်လို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီနေ့မှာပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ အမျိုးသမီး ထောင်နဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

This item is part of

Forum

XS
SM
MD
LG