သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ

ဧဝရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ
ဧဝရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ

တောင်တက်သူတွေ အနေနဲ့ မကြာခင်မှာဘဲ ဧဝရက်တောင်ပေါ်ကနေ Tweeter လူမှုကွန်ယက် စာမျက်နှာပေါ်ကတဆင့် ဆက်သွယ် စကားပြောနိုင်တော့မယ်လို့ သိရပါတယ်။

ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ ကျော် အမြင့်မှာရှိတဲ့ ဧဝရက် တောင်ခြေစခန်းနဲ့ အနီးတဝိုက်ကို Scandinavian telecom company တခုဖြစ်တဲ့ TeliaSornera နဲ့ နီပေါ အခြေစိုက် Nepal Ncell တို့က ကြာသပတေးနေ့က 3G mobile phone ဆက်သွယ်ရေး စနစ်ကို ပထမဆုံးအကြိမ် အဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဧဝရက်တောင်ထိပ်ကိုတော့ mobile ဆက်သွယ် အချက်ပြမှု မရောက်သေးဘူးလို့ သိရပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ထိပ်ကို နှစ်စဉ် တက်ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တောင်တက်သမားတွေကို ဒီဆက်သွယ်ရေးစနစ်က ကူညီနိုင်မှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ တောင်တက်သမားတွေဟာ တန်ဖိုးကြီး ဂြိုဟ်တု ဆက်သွယ်ရေးဖုန်းတွေကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG