သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် Hecker တွေရဲ့ Heartbleed Virus သတိထားဖို့ အမေရိကန်နှိုးဆော်


အမေရိကန်ပြည်ထောင်စုမှာ မကြာခင်ကမှ တွေ့ရှိတဲ့ အင်တာနက်ဆက်သွယ်ရေးပိုင်း ဟာကွက်တခုကို Online သူခိုး Hecker တွေက အခွင့်ကောင်းယူပြီး အချက်အလက်တွေ ခိုးယူနိုင်တဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ Website တွေကို သတိထားစောင့်ကြည့်နေဖို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါ တယ်။ Heartbleed လို့ခေါ်တဲ့ Virus ကြောင့် တခုခုဖြစ်တယ်ဆိုရင် သတင်းပို့ကြဖို့အတွက် အမေရိကန်အမိမြေ လုံခြုံရေးဌာနက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Open source software တခုဖြစ်တဲ့ OpenSSL software ရဲ့ လုံခြုံရေးဟာကွက်တွေကြောင့် Password တွေ Credit card နံပါတ်တွေနဲ့ တခြား အရေးကြီးတဲ့ အချက်အလက်တွေကို Hecker တွေက ခိုးယူနိုင်ပါတယ်။

ဒီသတင်းပတ်အစောပိုင်းကမှ တွေ့ရှိထားတဲ့ Heartbleed computer Virus ရဲ့တိုက်ခိုက်မှုခံရတယ်ဆိုတဲ့သတင်းကိုတော့ မရသေးပါဘူးလို့ အမိမြေ လုံခြုံရေးဌာနရဲ့ Cybersecurity နဲ့ Communications Integration Center ညွှန်ကြားရေးမှူး Larry Zelvin က Website ပေါ်မှာ ဖော်ပြထားတဲ့
သတိပေးချက်ထဲမှာ ပြောထားပါတယ်။

ဒါပေမဲ့ လုံခြုံအောင်လုပ်မထားတဲ့ Website တွေနဲ့ အင်တာနက်ကွန်ယက်တွေအနေနဲ့ Virus ရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ခြေ ရှိတယ်လို့ သူက သတိပေးထား ပါတယ်။ ကနေဒါအစိုးရကတော့ Heartbleed virus ရဲ့ ရန်ကနေ ကာကွယ်နိုင်မဲ့ Computer Internet လုံခြုံရေးပိုင်းကို မလုပ်ရသေးသရွေ့ တိုက်ခိုက်မှု ခံရနိုင်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ Website တွေကို အသုံးမပြုနိုင်အောင်လုပ်ထားဖို့ အစိုးရဌာနတွေအားလုံးကို သောကြာနေ့က အမိန့်ထုတ်ခဲ့ပါတယ်။
XS
SM
MD
LG