သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေရး ေအာင္ျမင္မႈအဆင့္ထိေရာက္ခဲ့တဲ့ နယူးဇီလန္ေရာက္ ျမန္မာ သားအမိ အေတြ႕အႀကံဳ


မဟာ၀ိဇၨာဘဲြ႕အတြက္ နယူးဇီလန္မွာ ပညာသင္ၾကားၿပီး အမိျမန္မာႏိုင္ငံကို မျပန္ခင္ အခ်ိန္ COVID-19 ေရာဂါ ကာကြယ္ေရး ေတြ႕ႀကံဳရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ မဇင္မာလာေဌးနဲ႔ သမီးျဖစ္သူ မူလတန္းေက်ာင္းသူ မျမတ္မင္း၀ဒီၿဖိဳးကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။


နယူးဇီလန္ႏိုင္ငံမွာ လက္ရွိ ၾသဂုတ္လ ဒုတိယပတ္ ကစၿပီး COVID-19 ကူးစက္မႈ အသစ္ျပန္လည္ ေတြ႕ရွိခဲ့ၿပီး အခုဆိုရင္ ေရာဂါကူးစက္ခံရသူ ၁၀၀ ေက်ာ္ရွိပါတယ္။ ဒါေပမယ့္လည္း ေဖေဖၚ၀ါရီလေႏွာင္းပိုင္းကေန ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈစတင္ေတြ႕ရွိခဲ့တဲ့ နယူးဇီလန္မွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ေမလ လယ္ေနာက္ပိုင္း ရက္ေပါင္း ၁၀၀ ေက်ာ္အထိ ေရာဂါကူးစက္သူအသစ္လံုး၀မရွိခဲ့တဲ့ အေျခအေနေရာက္ခဲ့တာပါ။ တႏိုင္ငံလံုးမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူ စုစုေပါင္း ၁၇၅၇ ဦးထဲက ျပန္လည္ေကာင္းမြန္လာသူေပါင္း ၁၆၀၆ ရွိၿပီး ေသဆံုးသူအေရအတြက္ ၂၂ ဦးရွိခဲ့ပါတယ္။

နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ Jacinda Ardern ဦးေဆာင္တဲ့ အစိုးရကေန COVID-19 ကပ္ေရာဂါ ကူးစက္မႈအေျခအေနကို အခ်ိန္နဲ႔ တေျပးညီ ျပည္သူေတြသိေအာင္ထုန္ျပန္ေနတာ၊ ၀န္ႀကီးခ်ဳပ္ Ardern ကိုယ္တိုင္ ဆိုရွယ္မီဒီယာေတြကေနတဆင့္ လူထုနဲ႔ တိုက္ရိုက္ထိေတြ႕ၿပီး ေနာက္ဆံုးအေျခအေနေတြကို အဆက္မျပတ္တင္ျပခဲ့သလို၊ အစိုးရရဲ႕ အစီအစဥ္ေတြမွာ ျပည္သူေတြကိုယ္တိုင္ ပါ၀င္လိုက္နာေအာင္ စည္းရံုးႏိုင္တဲ့ အခ်က္ဟာ ေရာဂါထိန္းခ်ဳပ္ေရးမွာ အားသာခ်က္ျဖစ္ခဲ့တယ္လို႔ နယူးဇီလန္မွာ ျပည္သူ႔ေရးရာ မူဝါဒဆိုင္ရာ မဟာဘြဲ႕တက္ေရာက္သင္ၾကားခဲ့တဲ့ မဇင္မာလာေဌး ကဗီြအိုေအ ကိုေျပာပါတယ္။

မဟာ၀ိဇၨာဘဲြ႕အတြက္ နယူးဇီလန္မွာ ပညာသင္ၾကားၿပီး အမိျမန္မာႏိုင္ငံကို မျပန္ခင္ အခ်ိန္ COVID-19 ေရာဂါ ကာကြယ္ေရး ေတြ႕ႀကံဳရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ မဇင္မာလာေဌးနဲ႔ သမီးျဖစ္သူ မူလတန္းေက်ာင္းသူ မျမတ္မင္း၀ဒီၿဖိဳးကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
===============
COVID-19 ကာကွယ်ရေး အောင်မြင်မှုအဆင့်ရောက်ခဲ့တဲ့ နယူးဇီလန်ရောက် မြန်မာ သားအမိ အတွေ့အကြုံ

နယူးဇီလန်နိုင်ငံမှာ လက်ရှိ သြဂုတ်လ ဒုတိယပတ် ကစပြီး COVID-19 ကူးစက်မှု အသစ်ပြန်လည် တွေ့ရှိခဲ့ပြီး အခုဆိုရင် ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့်လည်း ဖေဖေါ်ဝါရီလနှောင်းပိုင်းကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်တွေ့ရှိခဲ့တဲ့ နယူးဇီလန်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေး အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီး မေလ လယ်နောက်ပိုင်း ရက်ပေါင်း ၁၀၀ ကျော်အထိ ရောဂါကူးစက်သူအသစ်လုံးဝမရှိခဲ့တဲ့ အခြေအနေရောက်ခဲ့တာပါ။ တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၁၇၅၇ ဦးထဲက ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၆၀၆ ရှိပြီး သေဆုံးသူအရေအတွက် ၂၂ ဦးရှိခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ဦးဆောင်တဲ့ အစိုးရကနေ COVID-19 ကပ်ရောဂါ ကူးစက်မှုအခြေအနေကို အချိန်နဲ့ တပြေးညီ ပြည်သူတွေသိအောင်ထုန်ပြန်နေတာ၊ ဝန်ကြီးချုပ် Ardern ကိုယ်တိုင် ဆိုရှယ်မီဒီယာတွေကနေတဆင့် လူထုနဲ့ တိုက်ရိုက်ထိတွေ့ပြီး နောက်ဆုံးအခြေအနေတွေကို အဆက်မပြတ်တင်ပြခဲ့သလို၊ အစိုးရရဲ့ အစီအစဉ်တွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်လိုက်နာအောင် စည်းရုံးနိုင်တဲ့ အချက်ဟာ ရောဂါထိန်းချုပ်ရေးမှာ အားသာချက်ဖြစ်ခဲ့တယ်လို့ နယူးဇီလန်မှာ
ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ မဟာဘွဲ့တက်ရောက်သင်ကြားခဲ့တဲ့ မဇင်မာလာဌေး ကဗွီအိုအေ ကိုပြောပါတယ်။
နယူးဇီလန်နိုင်ငံမှာ မဟာဝိဇ္ဇာဘွဲ့အတွက် ပညာသင်ကြားပြီး အမိမြန်မာနိုင်ငံကို မပြန်ခင် အချိန် COVID-19 ရောဂါ ကာကွယ်ရေး တွေ့ကြုံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မဇင်မာလာဌေးနဲ့ သမီးဖြစ်သူ မူလတန်းကျောင်းသူ မမြတ်မင်းဝဒီဖြိုးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG