သံရုံးတွင်ဖြစ်ရပ်ဟာ ပေါက်ကွဲမှုမဟုတ်ဘဲ မျက်ရည်ယိုဗုံးစမ်းသပ်မှုတခု လုပ်တာကြောင့် ဓာတ်ငွေ့ထွက်ပြီး ပတ်ဝန်းကျင်ကလူတွေ မျက်စေ့စပ်တာလို ခံစားရတာဖြစ်ပါတယ်လို့ ကမာရွတ်မြို့နယ်၊ ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်စိုးသူက ဗွီအိုအေရဲ့ ဆက်သွယ်မေးမြန်းချက်ကို ရှင်းလင်း ဖြေကြားပါတယ်။
တာဝန်မှူး ဒုရဲအုပ်စိုးသူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။