သုံးရလွယ်ကူစေသည့် Link များ

အမျိုးသမီးတွေရဲ့ စွမ်းပကားမြှင့်တင်ရေးအစီအစဉ် NED နဲ့ မေးမြန်းချက်


NED က မြန်မာနိုင်ငံဆိုင်ရာ Program အရာရှိ ဦးအောင်မော်ဇင်။
တူနီးရှားကနေ မြန်မာနိုင်ငံအထိ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက ကူညီအားပေးနေတဲ့အကြောင်း သမ္မတ အိုဘားမား က ဇန်န၀ါရီလ ၂၈ ရက်နေ့က နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန်ရဲ့ ကူညီဆောင်ရွက်မှုမှာ ၀ါရှင်တန်အခြေစိုက် NED ခေါ် National Endowment for Democracy လည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ စွမ်းပကားမြှင့်တင်ရေးနဲ့ ပတ်သက်လို့ NED က မြန်မာနိုင်ငံဆိုင်ရာ Program အရာရှိ ဦးအောင်မော်ဇင် ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG