သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM ဆရာဝန္မ်ားအား ဖမ္းဆီးႏွိပ္ကြပ္မႈအေပၚ တံု႔ျပန္ခ်က္


စစ္အာဏာသိမ္းမႈေၾကာင့္ ထိခိုက္သြားတဲ့ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို ရတဲ့နည္းနဲ႔ တဖက္တလမ္းက ၀န္ေဆာင္မႈေပးဖို႔ႀကိဳးပမ္းေနတဲ့ CDM ဆရာ၀န္ေတြကို စစ္ေကာင္စီက အညွဳိထားလိုက္လံဖမ္းဆီးေနေၾကာင္း CDM မွာပါ၀င္ေနတဲ့ လံုၿခံုေရးအရ အမည္မေဖၚလိုတဲ့ ဆရာ၀န္တဦးက ဗီြအိုေအကိုေျပာပါတယ္။

CDM ဆရာဝန္မ်ားအား ဖမ္းဆီးႏွိပ္ကြပ္မႈအေပၚ တံု႔ျပန္ခ်က္ ( CDM ဆရာဝန္တဦး)

စစ္အာဏာသိမ္းမႈေၾကာင့္ ထိခိုက္သြားတဲ့ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို ရတဲ့နည္းနဲ႔ တဖက္တလမ္းက ၀န္ေဆာင္မႈေပးဖို႔ႀကိဳးပမ္းေနတဲ့ CDM ဆရာ၀န္ေတြကို စစ္ေကာင္စီက အညွဳိထားလိုက္လံဖမ္းဆီးေနေၾကာင္း CDM မွာပါ၀င္ေနတဲ့ လံုၿခံုေရးအရ အမည္မေဖၚလိုတဲ့ ဆရာ၀န္တဦးက ဗီြအိုေအကိုေျပာပါတယ္။
ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန တိုးခ်ဲ႕ ကာကြယ္ေဆးထိုးလုပ္ငန္း စီမံခ်က္ ညြန္ၾကားေရးမွဴး ေဒါက္တာထားထားလင္းနဲ႔ မိသားစုကို ဇြန္လ (၁၀) ရက္ေန႔က စစ္တပ္က ဖမ္းဆီးခဲ့သလို အျခား CDM အထူးကုသမားေတာ္ သံုးဦးကိုလည္း ဒီရက္ပိုင္းအတြင္း ဆက္တိုက္ ဖမ္းဆီးၿပီးေနာက္ ႀကီးေလးတဲ့ ျပစ္မႈ ပုဒ္မေတြနဲ႔ တရားစဲြထားပါတယ္။ အခုလို ႏိုင္ငံရဲ႕ က်န္းမာေရးက႑ာမွာ အေရးပါသူေတြကို စစ္ေကာင္စီက ဘာေၾကာင့္ လိုက္လံဖမ္းဆီး၊ အေရးယူေနသလဲ။ ေစာေစာက အမည္မေဖၚလိုတဲ့ CDM ဆရာ၀န္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
------------------------

CDM ဆရာဝန်များအား ဖမ်းဆီးနှိပ်ကွပ်မှုအပေါ်တုံ့ပြန်ချက် ( CDM ဆရာဝန်တဦး)

စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်သွားတဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ရတဲ့နည်းနဲ့ တဖက်တလမ်းက ဝန်ဆောင်မှုပေးဖို့ကြိုးပမ်းနေတဲ့ CDM ဆရာဝန်တွေကို စစ်ကောင်စီက အညှိုထားလိုက်လံဖမ်းဆီးနေကြောင်း CDM မှာပါဝင်နေတဲ့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဆရာဝန်တဦးက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် ညွန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ မိသားစုကို ဇွန်လ (၁၀) ရက်နေ့က စစ်တပ်က ဖမ်းဆီးခဲ့သလို အခြား CDM အထူးကုသမားတော် သုံးဦးကိုလည်း ဒီရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးပြီးနောက် ကြီးလေးတဲ့ ပြစ်မှု ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။ အခုလို နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍာမှာ အရေးပါသူတွေကို စစ်ကောင်စီက ဘာကြောင့် လိုက်လံဖမ်းဆီး၊ အရေးယူနေသလဲ။ စောစောက အမည်မဖေါ်လိုတဲ့ CDM ဆရာဝန်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG