သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ရင္ဆိုင္ဖို႔ စိတ္ပိ္ုင္းဆိုင္ရာ ေဆာင္ရန္ေရွာင္ရန္


ေအာက္ဆီဂ်င္ျဖည့္ရန္ တန္းစီေစာင့္ေနၾကသူမ်ား။ (မႏၲေလး၊ ၁၃ ဇူလုိင္ ၂၀၂၁)

(Zawgyi/ Unicode)
စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရး မတည္ၿငိမ္မႈနဲ႔ ၾကံဳေတြ႕ေနရခ်ိန္ Covid-19 ကပ္ေဘး ေရာဂါ ကူးစက္မႈေတြ တိုးလာတာကိုပါ ၾကံဳရတဲ႔ ျမန္မာ ျပည္သူေတြ အတြက္ စိတ္ပိုင္းဆိုင္ရာ အရ ရင္ဆိုင္ ျဖတ္ေက်ာ္ႏိုင္ေရး ေဆာင္ရန္ ေရွာင္ရန္ေတြကို တင္ျပေပးပါမယ္။

အေမရိကန္ ျပည္ေထာင္စု Vermont ျပည္နယ္ Vermont တကၠသိုလ္မွာ ကုသေရးဆိုင္ရာ စိတ္ပညာကို ပါရဂူဘြဲ႔ ဆည္းပူေနရင္း ကုသေရးကိုပါ တြဲဖက္ လုပ္ကိုင္ေနသူ စိတ္က်န္းမာေရး ပညာရွင္ မျဖဴပန္းႏုခင္ကို မသိဂၤ ီထိုက္ ဆက္သြယ္ ေမးျမန္းထားပါတယ္။

Covid-19 ေရာဂါ ခံစားေနရသူေတြဟာ ဗိုင္းရပ္စ္ရဲ႕ဒဏ္ ေရာဂါရဲ႕ ဒဏ္ကို တဖက္က ခံစားေနရသလို တဖက္မွာလည္း စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားေနၾကရတာ ျဖစ္ပါတယ္။ အဲဒီေတာ့ Covid-19 ေရာဂါ ကိုယ္တိုင္ ကူးစက္ခံရခ်ိန္မွာ စိတ္ပိုင္းဆိုင္ရာ ဘယ္လို ျပင္ဆင္သင့္ပါသလဲ။ စိတ္က်န္းမာေရး ပညာရွင္ မပန္းႏုက အခုလို အၾကံျပဳပါတယ္။

“ အဲလို အေျခအေနမ်ိဳးမွာ အေရးႀကီးဆံုး လုပ္ႏိုင္တာက ကိုယ့္ရဲ႕ အေတြးေတြ ခံစားခ်က္ေတြကို အတတ္ႏိုင္ဆံုး အေကာင္းဘက္ ေရာက္ေအာင္ ခြန္အား ျဖစ္ေအာင္ တည္ေဆာက္ဖို႔ အေရးႀကီးတယ္။ ဒုတိယ တခ်က္က က်ေတာ့ အရမ္း စိတ္ထိခိုက္လို႔ ရွိရင္လည္း စိတ္ဖိစီးမႈေၾကာင့္ ခႏၶာကိုယ္ထဲမွာ ေအာက္ဆီဂ်င္ ေလ်ာ့တာေတြ ျဖစ္ႏိုင္တယ္။ အလိုေလ်ာက္ ႏွလံုးခုန္ေနၿပီးေတာ့ ေနလို႔ ထိုင္လို႔ မေကာင္းတာေတြ ျဖစ္တယ္ဆိုေတာ့ တတ္ႏိုင္သမွ် အေၾကာေလွ်ာ့ၿပီးေတာ့ စိတ္သက္သာရာရေအာင္ ေနဖို႔လည္း အရမ္း အေရးႀကီးပါတယ္။ ”

Covid-19 ကပ္ေဘး ကာလမွာ ႏိုင္ငံတ၀န္း ေၾကကြဲဖြယ္ အျဖစ္ဆိုးေတြ အမ်ားအျပားက လူမႈ ကြန္ရက္ Facebook မွာ တက္လာၾကတာေၾကာင့္ Covid-19 ကူးစက္ လူနာ အေနနဲ႔ Facebook သံုးတာ ေလွ်ာ့ဖို႔လည္း မပန္းႏုက အၾကံျပဳပါတယ္။

“ Covid Positive ျဖစ္သြားၿပီ ဆိုရင္ ေကာင္းတာကေတာ့ ဒီ ဆိုရွယ္ မီဒီယာကိုလည္း အခ်ိန္ေလွ်ာ့ၿပီးေတာ့ ကိုယ့္က်န္းမာေရး ကိုဘဲ ျပန္လည္ တည္ေဆာက္လိုက္ပါ။ ျပန္တည္ေဆာက္တဲ႔ အခါမွာလညး္ ျပန္ေကာင္းလာတဲ႔ သူေတြ အမ်ားႀကီး အေၾကာင္းကိုလည္း အြန္လိုင္းမွာ ဖတ္ရေလ႔ မရွိဘူး။ အခု ေတြ႕ေနရတာက ေအာက္ဆီဂ်င္ ျပတ္သြားတာတို႔ ဆံုးရံႈးသြားရတဲ႔ မိသားစု၀င္ေတြ ကိုယ္ခ်စ္ခင္တဲ႔ လူေတြ အေၾကာင္းေတြ ဒါေတြဘဲ ဖတ္ရေတာ့ စိတ္ထိခိုက္ရတာေပါ့ေနာ္။ ဒါေပမယ့္ ျပန္ေကာင္းလာသူေတြလည္း အမ်ားႀကီး ရွိတယ္။

ျပန္ေကာင္းလာသူေတြကလည္း လူေတြ အမ်ားႀကီး ဆံုးေနတဲ႔ အခ်ိန္မွာ ငါ ေကာင္းလာတဲ႔ သတင္းကို တခ်ိဳ႕ကလည္း မတင္ေတာ႔ဘူး။ မတင္ရက္တာေတြ ရွိတယ္။ ဆိုတဲ႔ အခါက်ေတာ့ ငါ အဲဒီထဲမွာ ပါမွ ျဖစ္မယ္ဆိုတာကို တည္ေဆာက္ေပးပါ။ ကိုယ္က အေတြးေတြ အရမ္း ခက္ခဲလာတယ္။ ခံစားခ်က္ေတြ ျပင္းထန္လာတဲ႔ အခါမွာ ဘာမွ မစဥ္းစားဘဲနဲ႔ ျဖစ္လာမွေတာ့ ငါ ရင္ဆိုင္မွ ရမယ္။ ပစၥဳပၸန္ တည့္တည့္ျမင္ၿပီးေတာ့ေပါ့ေနာ္ ၀င္ေလ ထြက္ေလဘဲ ငါမွတ္လိုက္မယ္ ဆိုၿပီးေတာ့လည္း လုပ္လို႔ ရတာေပါ့ေနာ္။ ”

Covid-19 လူနာရဲ႕ မိသားစု၀င္ေတြ အေနနဲ႔လည္း လူနာကို စိတ္ပိုင္းဆိုင္ရာ အားေပးႏွစ္သိမ့္ႏိုင္ေရး အေရးႀကီးသလိုဘဲ ဒီ ကပ္ေရာဂါေဘးႀကီးကို ေက်ာ္လႊားႏိုင္မယ္ဆိုတာကို ယံုၾကည္ခ်က္ အျပည့္နဲ႔ ျဖတ္သန္းၾကႏိုင္ၾကဖို႔ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားရွိေရးကိုလည္း အခုလို အၾကံျပဳပါတယ္။

“ တည္တည္ၿငိမ္ၿငိမ္နဲ႔ လူနာကို အားေပးဖို႔ အေရးႀကီးပါတယ္။ျပန္ေကာင္းလာတဲ႔ လူေတြ အမ်ားႀကီး ရွိတယ္။ ျပန္ေကာင္းသြားမွာ။ ဆံုးသြားတဲ႔ သူေတြေတာ့ အမ်ားႀကီး ရွိတယ္။ ဒါေပမယ့္ သတင္းေတြထဲမွာ ေကာင္းတဲ႔သူေတြရဲ႕ သတင္းကို ေတြ႕ရေလ႔ မရွိဘူး။ ပိုေကာင္းလာတဲ႔ သူေတြလည္း အမ်ားႀကီး ရွိပါတယ္။ ဒီထဲမွာ ပါရမယ္ေပါ့ေနာ္။ ဒါမ်ိဳးေလး ေျပာျပေပးပါ။ ေနာက္တခါ ေအာက္ဆီဂ်င္ ရွားပါးေနတဲ႔ အခ်ိန္မွာ လိုအပ္တဲ႔ အခါမွာ ရွာရတာမ်ိဳး စိတ္ပူရတာမ်ိဳး ရွိမွာေပါ့ေလ။ အဲလို ရွာေနရတဲ႔ အခ်ိန္မွာေတာင္မွ တတ္ႏိုင္သမွ် လူနာရဲ႕ ေနာက္ကြယ္မွာ လုပ္ေပးေစခ်င္ပါတယ္။ သူ႔ေရွ႕မွာ ေယာက္ယက္ ခတ္ၿပီး ေၾကာက္ေနတာမ်ိဳး မဟုတ္ဘဲနဲ႔ေပါ့ေနာ္။ ”

လက္ရွိ Covid -19 ကပ္ေဘး ကာလမွာ အသိမိတ္ေဆြေတြ၊ ေဆြမ်ိဳးေတြ၊ မိသားစု၀င္ေတြကို လက္လႊတ္ ဆံုးရံႈးလိုက္ရသူေတြလည္း ရွိေနတာပါ။ ႏိုင္ငံေရး အၾကပ္အတည္း ကာလ ေနာက္ ကပ္ေဘး ေရာဂါ အၾကပ္အတည္း ကာလမွာ ခ်စ္ရ ခင္ရသူေတြကို အျပည့္အ၀ ကူညီ ေဆာင္ရြက္ မေပးႏိုင္ဘဲ လက္လႊတ္ ဆံုးရံႈးခဲ႔ရသူေတြ အေနနဲ႔လည္း စိတ္ပိုင္းဆိုင္ရာ ထိခိုက္ ခံစားေနၾကရတာပါ။ ဒီအေျခအေနကိုေရာ ဘယ္လို ကုစားႏိုင္ပါမလဲ။

“ အဆိုးဆံုးေတြ ျဖစ္လာတဲ႔ အခါမွာ အရွိကို အရွိ အတိုင္း လက္ခံႏိုင္ဖို႔ ႀကိဳးစားရတယ္ေပါ့ေနာ္။ အရွိကို အရွိ အတိုင္း လက္ခံတယ္ဆိုတာ မျဖစ္သင့္တဲ႔ဟာေတြေတာ့ ျဖစ္သြားၿပီ။ မတရားမႈေတြ၊ ျပည္သူေတြ ကိုယ္ခ်စ္ခင္တဲ႔ ျပည္သူေတြ ဆံုးရံႈးသြားရၿပီ။ ဒါေပမယ့္ ဒါ ျဖစ္ၿပီးသြားၿပီ ျဖစ္တဲ႔ အတြက္ေၾကာင့္ ေပါ့ေနာ္ အတတ္ႏိုင္ဆံုး ေလာကဒဏ္ကို လက္ခံႏိုင္ဖို႔ ေလ႔က်င့္ျခင္းေပါ့ေနာ္။

ေလ႔က်င့္တဲ႔ အခါမွာ ခုနက လိုမ်ိဳး ဆံုးသြားတဲ႔သူေတြဟာ ကိုယ့္ကိုယ္ ဘယ္လိုမ်ိဳး ေနထိုင္ေစခ်င္မလဲေပါ့ေနာ္။ ကိုယ့္ကိုယ္ ကိုယ္ ခ်စ္ခင္တဲ႔သူေတြက ကိုယ့္နားမွာ မရွိေတာ့ဘူး ဒါေပမယ့္ သူတို႔ကလည္း ကိုယ့္ကိုယ္ ဘယ္လိုမ်ိဳး ဆက္ၿပီး ရွင္သန္သြားေစခ်င္မလဲ ေပါ့ေနာ္။ စိတ္ဓာတ္က်ၿပီးေတာ့ အိပ္ယာထဲ လဲေနေစခ်င္မလား။ ဒါမွမဟုတ္လည္း ကိုယ္ကိုယ္တိုင္လည္း က်န္းမာေရးကို ဂ႐ုစိုက္ၿပီးေတာ့ Covid ကိုလည္း ရင္ဆိုင္မယ္ ေနာက္ စစ္ေကာင္စီကိုလည္း ရင္ဆိုင္မယ္ ဆိုတဲ႔ စိတ္နဲ႔ အေကာင္းဆံုး ခြန္အားေမြးျမဴၿပီးေတာ့ ေရွ႕ဆက္ေစခ်င္မလား သူတို႔က ဘယ္လိုမ်ိဳး ငါ့ကို ေရွ႕ဆက္ ေစခ်င္မလဲ။ ဒါမ်ိဳးေလး စဥ္းစား ေပးပါေပါ့ေနာ္။ ”

(Unicode)

ကိုဗစ် ရင်ဆိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်

စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကြုံတွေ့နေရချိန် Covid-19 ကပ်ဘေး ရောဂါ ကူးစက်မှုတွေ တိုးလာတာကိုပါ ကြုံရတဲ့ မြန်မာ ပြည်သူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အရ ရင်ဆိုင် ဖြတ်ကျော်နိုင်ရေး ဆောင်ရန် ရှောင်ရန်တွေကို တင်ပြပေးပါမယ်။ အမေရိကန် ပြည်ထောင်စု Vermont ပြည်နယ် Vermont တက္ကသိုလ်မှာ ကုသရေးဆိုင်ရာ စိတ်ပညာကို ပါရဂူဘွဲ့ ဆည်းပူနေရင်း ကုသရေးကိုပါ တွဲဖက် လုပ်ကိုင်နေသူ စိတ်ကျန်းမာရေး ပညာရှင် မဖြူပန်းနုခင်ကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

Covid-19 ရောဂါ ခံစားနေရသူတွေဟာ ဗိုင်းရပ်စ်ရဲ့ဒဏ် ရောဂါရဲ့ ဒဏ်ကို တဖက်က ခံစားနေရသလို တဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရတာ ဖြစ်ပါတယ်။ အဲဒီတော့ Covid-19 ရောဂါ ကိုယ်တိုင် ကူးစက်ခံရချိန်မှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လို ပြင်ဆင်သင့်ပါသလဲ။ စိတ်ကျန်းမာရေး ပညာရှင် မပန်းနုက အခုလို အကြံပြုပါတယ်။

“ အဲလို အခြေအနေမျိုးမှာ အရေးကြီးဆုံး လုပ်နိုင်တာက ကိုယ့်ရဲ့ အတွေးတွေ ခံစားချက်တွေကို အတတ်နိုင်ဆုံး အကောင်းဘက် ရောက်အောင် ခွန်အား ဖြစ်အောင် တည်ဆောက်ဖို့ အရေးကြီးတယ်။ ဒုတိယ တချက်က ကျတော့ အရမ်း စိတ်ထိခိုက်လို့ ရှိရင်လည်း စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် လျော့တာတွေ ဖြစ်နိုင်တယ်။ အလိုလျောက် နှလုံးခုန်နေပြီးတော့ နေလို့ ထိုင်လို့ မကောင်းတာတွေ ဖြစ်တယ်ဆိုတော့ တတ်နိုင်သမျှ အကြောလျှော့ပြီးတော့ စိတ်သက်သာရာရအောင် နေဖို့လည်း အရမ်း အရေးကြီးပါတယ်။ ”

Covid-19 ကပ်ဘေး ကာလမှာ နိုင်ငံတဝန်း ကြေကွဲဖွယ် အဖြစ်ဆိုးတွေ အများအပြားက လူမှု ကွန်ရက် Facebook မှာ တက်လာကြတာကြောင့် Covid-19 ကူးစက် လူနာ အနေနဲ့ Facebook သုံးတာ လျှော့ဖို့လည်း မပန်းနုက အကြံပြုပါတယ်။

“ Covid Positive ဖြစ်သွားပြီ ဆိုရင် ကောင်းတာကတော့ ဒီ ဆိုရှယ် မီဒီယာကိုလည်း အချိန်လျှော့ပြီးတော့ ကိုယ့်ကျန်းမာရေး ကိုဘဲ ပြန်လည် တည်ဆောက်လိုက်ပါ။ ပြန်တည်ဆောက်တဲ့ အခါမှာလည်း ပြန်ကောင်းလာတဲ့ သူတွေ အများကြီး အကြောင်းကိုလည်း အွန်လိုင်းမှာ ဖတ်ရလေ့ မရှိဘူး။

အခု တွေ့နေရတာက အောက်ဆီဂျင် ပြတ်သွားတာတို့ ဆုံးရှုံးသွားရတဲ့ မိသားစုဝင်တွေ ကိုယ်ချစ်ခင်တဲ့ လူတွေ အကြောင်းတွေ ဒါတွေဘဲ ဖတ်ရတော့ စိတ်ထိခိုက်ရတာပေါ့နော်။ ဒါပေမယ့် ပြန်ကောင်းလာသူတွေလည်း အများကြီး ရှိတယ်။ ပြန်ကောင်းလာသူတွေကလည်း လူတွေ အများကြီး ဆုံးနေတဲ့ အချိန်မှာ ငါ ကောင်းလာတဲ့ သတင်းကို တချို့ကလည်း မတင်တော့ဘူး။ မတင်ရက်တာတွေ ရှိတယ်။ ဆိုတဲ့ အခါကျတော့ ငါ အဲဒီထဲမှာ ပါမှ ဖြစ်မယ်ဆိုတာကို တည်ဆောက်ပေးပါ။ ကိုယ်က အတွေးတွေ အရမ်း ခက်ခဲလာတယ်။ ခံစားချက်တွေ ပြင်းထန်လာတဲ့ အခါမှာ ဘာမှ မစဉ်းစားဘဲနဲ့ ဖြစ်လာမှတော့ ငါ ရင်ဆိုင်မှ ရမယ်။ ပစ္စုပ္ပန် တည့်တည့်မြင်ပြီးတော့ပေါ့နော် ဝင်လေ ထွက်လေဘဲ ငါမှတ်လိုက်မယ် ဆိုပြီးတော့လည်း လုပ်လို့ ရတာပေါ့နော်။ ”

Covid-19 လူနာရဲ့ မိသားစုဝင်တွေ အနေနဲ့လည်း လူနာကို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်နိုင်ရေး အရေးကြီးသလိုဘဲ ဒီ ကပ်ရောဂါဘေးကြီးကို ကျော်လွှားနိုင်မယ်ဆိုတာကို ယုံကြည်ချက် အပြည့်နဲ့ ဖြတ်သန်းကြနိုင်ကြဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရှိရေးကိုလည်း အခုလို အကြံပြုပါတယ်။

“ တည်တည်ငြိမ်ငြိမ်နဲ့ လူနာကို အားပေးဖို့ အရေးကြီးပါတယ်။ ပြန်ကောင်းလာတဲ့ လူတွေ အများကြီး ရှိတယ်။ ပြန်ကောင်းသွားမှာ။ ဆုံးသွားတဲ့ သူတွေတော့ အများကြီး ရှိတယ်။ ဒါပေမယ့် သတင်းတွေထဲမှာ ကောင်းတဲ့သူတွေရဲ့ သတင်းကို တွေ့ရလေ့ မရှိဘူး။ ပိုကောင်းလာတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ ဒီထဲမှာ ပါရမယ်ပေါ့နော်။ ဒါမျိုးလေး ပြောပြပေးပါ။ နောက်တခါ အောက်ဆီဂျင် ရှားပါးနေတဲ့ အချိန်မှာ လိုအပ်တဲ့ အခါမှာ ရှာရတာမျိုး စိတ်ပူရတာမျိုး ရှိမှာပေါ့လေ။ အဲလို ရှာနေရတဲ့ အချိန်မှာတောင်မှ တတ်နိုင်သမျှ လူနာရဲ့ နောက်ကွယ်မှာ လုပ်ပေးစေချင်ပါတယ်။ သူ့ရှေ့မှာ ယောက်ယက် ခတ်ပြီး ကြောက်နေတာမျိုး မဟုတ်ဘဲနဲ့ပေါ့နော်။ ”

လက်ရှိ Covid -19 ကပ်ဘေး ကာလမှာ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ မိသားစုဝင်တွေကို လက်လွှတ် ဆုံးရှုံးလိုက်ရသူတွေလည်း ရှိနေတာပါ။ နိုင်ငံရေး အကြပ်အတည်း ကာလ နောက် ကပ်ဘေး ရောဂါ အကြပ်အတည်း ကာလမှာ ချစ်ရ ခင်ရသူတွေကို အပြည့်အ၀ ကူညီ ဆောင်ရွက် မပေးနိုင်ဘဲ လက်လွှတ် ဆုံးရှုံးခဲ့ရသူတွေ အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားနေကြရတာပါ။ ဒီအခြေအနေကိုရော ဘယ်လို ကုစားနိုင်ပါမလဲ။

“ အဆိုးဆုံးတွေ ဖြစ်လာတဲ့ အခါမှာ အရှိကို အရှိ အတိုင်း လက်ခံနိုင်ဖို့ ကြိုးစားရတယ်ပေါ့နော်။ အရှိကို အရှိ အတိုင်း လက်ခံတယ်ဆိုတာ မဖြစ်သင့်တဲ့ဟာတွေတော့ ဖြစ်သွားပြီ။ မတရားမှုတွေ၊ ပြည်သူတွေ ကိုယ်ချစ်ခင်တဲ့ ပြည်သူတွေ ဆုံးရှုံးသွားရပြီ။ ဒါပေမယ့် ဒါ ဖြစ်ပြီးသွားပြီ ဖြစ်တဲ့ အတွက်ကြောင့် ပေါ့နော် အတတ်နိုင်ဆုံး လောကဒဏ်ကို လက်ခံနိုင်ဖို့ လေ့ကျင့်ခြင်းပေါ့နော်။ လေ့ကျင့်တဲ့ အခါမှာ ခုနက လိုမျိုး ဆုံးသွားတဲ့သူတွေဟာ ကိုယ့်ကိုယ် ဘယ်လိုမျိုး နေထိုင်စေချင်မလဲပေါ့နော်။

ကိုယ့်ကိုယ် ကိုယ် ချစ်ခင်တဲ့သူတွေက ကိုယ့်နားမှာ မရှိတော့ဘူး ဒါပေမယ့် သူတို့ကလည်း ကိုယ့်ကိုယ် ဘယ်လိုမျိုး ဆက်ပြီး ရှင်သန်သွားစေချင်မလဲ ပေါ့နော်။ စိတ်ဓာတ်ကျပြီးတော့ အိပ်ယာထဲ လဲနေစေချင်မလား။ ဒါမှမဟုတ်လည်း ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ Covid ကိုလည်း ရင်ဆိုင်မယ် နောက် စစ်ကောင်စီကိုလည်း ရင်ဆိုင်မယ် ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံး ခွန်အားမွေးမြူပြီးတော့ ရှေ့ဆက်စေချင်မလား သူတို့က ဘယ်လိုမျိုး ငါ့ကို ရှေ့ဆက် စေချင်မလဲ။ ဒါမျိုးလေး စဉ်းစား ပေးပါပေါ့နော်။ ”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG