မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အဓမ္မကျင့်ခံရတာမျိုးလို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေသာမက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုပါ ကြုံတွေ့နေရတယ်လို့ အမျိုးသမီးရေးရာ ကူညီဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။ ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ဥပဒေလည်း မြန်မာပြည်မှာ ပြဌာန်းထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်လဲ့ကို ဆက်သွယ်မေးမြန်းပြီး ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍအဖြစ် တင်ဆက်ထားပါတယ်။