အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ရွေးချယ်ခံမှာဖြစ်ပါတယ်။ ဒေါ်မေ၀င်းမြင့်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင် ၂ ကြိမ်ကျခဲ့သူဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးအတွေ့အကြုံနဲ့ ခံယူချက်တွေနဲ့ပတ်သက်ပြီးတော့ ဒေါ်မေ၀င်းမြင့်နဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။