သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းနေတဲ့ သမ္မတ အိုဘားမားဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့တရုတ်တန်းမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ San Francisco Bay Area ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအရေး လှုပ်ရှားသူတွေဟာလည်း လူဝင်မှုဥပဒေ ပြုပြင်ပြောင်းလဲရေး ထောက်ခံတဲ့အနေနဲ့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ မြန်မာပြည်က ရခိုင်တိုင်းရင်းသူ မနွယ်နွယ်ဦးလည်း ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။ မနွယ်နွယ်ဦးရဲ့ အဲဒီနေ့က အတွေ့အကြုံကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍအဖြစ် စီစဉ်တင်ဆက်လိုက်ပါတယ်။
XS
SM
MD
LG