သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်မြို့နယ် ပစ်ခတ်နှိမ်နင်းမှု မျက်မြင် အတွေ့အကြုံ

ရန်ကုန် လှိုင်မြို့နယ်မှာ တနင်္ဂနွေနေ့ညက မိမိကိုယ့်ကို ခုခံပိုင်ခွင့်မူအရ ပြည်သူတွေရဲ့ လှုပ်ရှား ဆန္ဒပြမှုကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲခဲ့ရာမှာ လူ သုံးယောက်ထက်မနည်း သေနတ်ကျည်ဆံ ထိမှန်ခဲ့သလို ဒဏ်ရာရသူတွေ၊ဖမ်းဆီးခံရသူတွေ ရှိခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

လှိုင်သာယာက ဆန္ဒပြပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖြိုခွဲနေတဲ့ လုံခြုံရေးတပ်တွေ အင်အားနည်းသွားအောင်ဆိုပြီး လှိုင်မြို့နယ် ဘောလုံးကွင်းမှာ လူတွေသွားရောက်စုဝေး မီးရှို့ချိန် စတင်ပစ်ခတ်ခံခဲ့ရတယ်လို့ အမည်မဖေါ်လိုတဲ့ Generation Z မျက်မြင်သက်သေ မိန်းကလေးငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။
မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
----------------------------
XS
SM
MD
LG