သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



please wait

No media source currently available

0:00 0:16:42 0:00


-----------------------------
စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ NUG အစိုးရရဲ့ အွန်လိုင်းပညာသင်ကြားရေး

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ကြားကာလ အတွင်း အွန်လိုင်းပညာသင်ကြားရေး စနစ်ကို ဇွန်လမှာ စတင်အကောင်အထည်ဖေါ်သွားဖို့ရှိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုပညာရေးဝန်ကြီး ဂျာထွယ်ပန်က ဗွီအိုအေကိုပြောပါတယ်။
စစ်ကျွန်ပညာရေးကို သပိတ်မှောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မိဘတွေအတွက် ပညာသင်ကြားရေး ရွေးချယ်ခွင့်ရဖို့ NUG အစိုးရက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အွန်လိုင်းပညာသင်ကြားရေးကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖေါ်ဖို့ ဘယ်လိုအခက်အခဲတွေရှိမလဲ၊ ဆရာ၊ ဆရာမ အင်အား ဘယ်လောက်ရှိနေလဲ၊ အတန်းပညာရေးကို ဘယ်လို အကဲဖြတ်ပေးမလဲ စတာတွေနဲ့ပတ်သက်လို့ ဆရာမ ဂျာထွယ်ပန်ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG