သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“တရားလက္လြတ္ သတ္ျဖတ္မႈေတြေၾကာင့္ ျပည္သူမ်ား မလုံၿခဳံမႈခံစား” - ကိုကိုႀကီး


ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီး

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ဥပေဒမဲ့ တရားလက္လြတ္ သတ္ျဖတ္မႈေတြေၾကာင့္ ျပည္သူတိုင္း မလုံၿခဳံဘူးလို႔ ခံစားေနၾကရတယ္လို႔ ၈၈ ေက်ာင္းသားေခါင္းေဆာင္တေယာက္ ျဖစ္သလို ျပည္သူ႔ပါတီ ဥကၠ႒လည္းျဖစ္တဲ့ ဦးကိုကိုႀကီးက ေျပာပါတယ္။ ခုလိုသတ္ျဖတ္မႈမ်ိဳး ဘက္အသီးသီးက ေရွာင္ရွားသင့္တယ္လို႔ သူကေျပာပါတယ္။ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ CRPH၊ NUG တို႔အေနနဲ႔လည္း ဒီကိစၥမ်ိဳး ကန႔္ကြက္တယ္၊ ႐ႈတ္ခ်တယ္ဆိုရင္ အမ်ားျပည္သူသိရွိေအာင္ ရွင္းရွင္းလင္းလင္း လုပ္သင့္တယ္လို႔ အႀကံျပဳပါတယ္။ ကိုယ္တိုင္ ၿခိမ္းေျခာက္မႈေတြ ခံေနရတဲ့ ဦးကိုကိုႀကီးကို မစုျမတ္မြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

မစုျမတ္မြန္ - လက္ရွိအျေခအေနမွာ ဦးကုိကုိႀကီးရဲ႕ လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ေရာ၊ ကုိယ့္လုံၿခဳံေရး၊ ကုိယ့္ရဲ႕မိသားစု လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ လက္ရွိအေျခအေန အရင္ဆုံး သိပါရေစ။

ဦးကုိကုိႀကီး - “စစ္တပ္က အာဏာသိမ္းၿပီးတဲ့အခ်ိန္၊ အာဏာရယူၿပီးတဲ့အခ်ိန္က စၿပီးေတာ့ ပစ္ခတ္သတ္ျဖတ္မႈေတြ၊ ဖမ္းဆီးအေရးယူမႈေတြ ျဖစ္တုန္းကလည္း က်ေနာ္တုိ႔ အာဏာသိမ္းတာကုိ ကန္႔ကြက္တယ္။ ေနာက္ ထိခုိက္ဒဏ္ရာရတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔ ေတာ္ေတာ္ခံစားရတယ္။ ၿပီးေတာ့ ဖမ္းဆီးခံထားရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြအတြက္လည္း ျပည္သူ႔ပါတီကေန ဥပေဒ အေထာက္အကူအဖြဲ႔ အေနနဲ႔ ခုခ်ိန္ထိ ေတာက္ေလွ်ာက္လည္း တတ္ႏုိင္သေလာက္ ႀကိဳးစားေပးေနတယ္။ ဆုိေတာ့ အဲဒီလို အေျခအေနမ်ဳိးမွာမွ ေဖ့စ္ဘုတ္ကေန ၿခိမ္းေျခာက္တာေတြ၊ ေနာက္တခါ ဖုန္းနံပါတ္ မေပၚဘူးေပါ့ဗ်ာ၊ Unknown ဆိုတဲ့ ဖုန္းနံပါတ္နဲ႔ ၿခိမ္းေျခာက္တာေတြ က်ေနာ္တုိ႔ ႀကဳံရတယ္။ ဆုိလိုခ်င္တာက က်ေနာ္တုိ႔က ႏုိင္ငံေရးပါတီတရပ္အေနနဲ႔ ေဆာင္ရြက္တဲ့အခါၾကေတာ့ ႏုိင္ငံေရးပါတီ ပုံသဏၭာန္နဲ႔ လုပ္ရတာေတြ ရွိတယ္။ ဒါေၾကာင့္ ကန္႔ကြက္စရာရွိတာ ကန္႔ကြက္တယ္၊ ေဝဖန္စရာရွိတာ ေဝဖန္တယ္၊ ႏုိင္ငံေရးအရ ေျပာစရာရွိတာ ေျပာတယ္။ ဆုိေတာ့ အဲဒီလို ေဆာင္ရြက္ေနတဲ့ဟာ၊ ဒါ က်ေနာ္ဆုိရင္ ၃၄ ႏွစ္ တေလွ်ာက္လုံး၊ ေထာင္ထဲမွာလည္း ၁၉ ႏွစ္ေက်ာ္၊ အဲဒီလိုလူမ်ဳိးေတာင္မွ ဒီလို ၿခိမ္းေျခာက္တာမ်ဳိးေတြ ျဖစ္တယ္ဆုိေတာ့ သာမန္ျပည္သူေတြ ၾကားထဲမွာလည္း မလုံၿခံဳတဲ့ ခံစားမႈမ်ဳိးကေတာ့ ျဖစ္တယ္။ ျဖစ္တယ္ဆုိတာက တစ္အခ်က္ကေတာ့ အခုျဖစ္ေနတဲ့ ေသေက်ပ်က္စီးမႈေတြဟာ စစ္တပ္ကပဲလုပ္လုပ္၊ တျခား ေဒသခံ အဖြဲ႔အစည္းေတြကပဲလုပ္လုပ္ ျပည္သူေတြၾကားထဲမွာေတာ့ အထိတ္တလန္႔ျဖစ္တာ အမွန္ပဲ။ ဒါေၾကာင့္ က်ေနာ္ သာမန္ျပည္သူတေယာက္အေနနဲ႔ ေျပာရရင္လည္း ေနရထုိင္ရတာ မလုံၿခဳံဘူးလုိ႔ ခံစားရတယ္။”

မစုျမတ္မြန္ - ေစာေစာက ဦးကိုကိုႀကီး ေျပာသြားတဲ့အထဲမွာ ဒီလိုမ်ဳိး ဖုန္းဆက္ၿပီး ၿခိမ္းေျခာက္တာမ်ဳိးေတြ ရွိတယ္ဆုိေတာ့ အဲဒီလိုမ်ဳိး ၿခိမ္းေျခာက္တာေတြကေရာ ဘယ္လိုအဖြဲ႔အစည္းေတြ ဘယ္လုိလူေတြက ၿခိမ္းေျခာက္တယ္လို႔ ထင္ပါသလဲ။

ဦးကုိကုိႀကီး - “အခုဟာက ေဖ့စ္ဘုတ္မွာေတာ့ က်ေနာ္ Screenshot ဖမ္းထားတာ တခုရွိတယ္။ အဲဒါကေတာ့ သူ႔ ေဖ့စ္ဘုတ္အေကာင့္နဲ႔ လုိက္မယ္ဆုိရင္ေတာ့ ေပၚတယ္ေပါ့ေလ။ သိန္း ၁၀၀ ကုိကိုႀကီးအတြက္ကို ေၾကးေပါက္တယ္ဆုိၿပီးေတာ့ ပထမဆုံး စၿပီးေတာ့ ပစ္တာေပါ့။ အဲဒါကလည္း အေမရိကားကလုိ႔ ျပန္သိရတယ္။ ေနာက္တခု Unknown ဖုန္းနဲ႔ ဆက္တာၾကေတာ့ ဖုန္းနံပါတ္လည္း ေျခရာေကာက္လို႔ မရဘူး၊ ဘယ္သူဘယ္ဝါဆုိတာလည္း မေျပာဘူး။ အဲေတာ့ အခုျဖစ္ေနတဲ့ဟာက တခုခုျဖစ္လုိက္ရင္ သူမဟုတ္ဘူး၊ ငါမဟုတ္ဘူးနဲ႔ လက္သည္မေပၚဘူး ဆုိတာလည္း ပိုၿပီးေတာ့ ဆုိးတယ္။”

မစုျမတ္မြန္ - ေနာက္တခုက ဒီရက္ပုိင္းမွာပဲ NUG ရဲ႕ ေဒါက္တာဆာဆာက သူ႔ရဲ႕ ေဖ့စ္ဘုတ္ပုိ႔စ္မွာ ေရးလုိက္တာတခု ရွိပါတယ္။ ဘာလဲဆုိေတာ့ Hit List ေပါ့၊ ပစ္မွတ္ထားၿပီး ရွင္းမယ္ဆုိတဲ့ List ေတြ မရွိဘူးေပါ့ေလ၊ NUG အေနနဲ႔ ဒါမ်ဳိး List လုံးဝ မရွိပါဘူးဆုိၿပီး သူ႔ဘက္ကျငင္းတာ ရွိပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ေရာ သိလား၊ အဲဒီ List ထဲမွာေရာ၊ အဲဒီလိုမ်ဳိး List ထြက္တယ္ဆုိတာေရာ ဦးကုိကိုႀကီးတုိ႔ သိပါသလား။

ဦးကိုကိုႀကီး - “က်ေနာ္တို႔လည္း ၾကားေနတယ္။ Hit List ရွိတယ္ဆိုတဲ့ဟာကို ၾကားေနတယ္။ အဲ့ဒီေတာ့ က်ေနာ္တုိ႔က တကယ့္တကယ္က NUG တုိ႔ CRPH တုိ႔ဆုိတာ ဘာပဲေျပာေျပာ ေရြးေကာက္ခံ ကုိယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတာ ျဖစ္တဲ့အခါၾကေတာ့ ဒီကိစၥမ်ဳိးကို က်ေနာ္တုိ႔ လုံးဝမပတ္သက္ဘူး၊ ဒီလိုလုပ္တာေတြကိုလည္း က်ေနာ္တုိ႔က ကန္႔ကြက္တယ္၊ ႐ႈတ္ခ်တယ္ ဆုိတာမ်ဳိး၊ ကုိယ့္ရဲ႕မူဝါဒကို အမ်ားျပည္သူကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္သင့္တယ္။ ဆုိလုိတာက လုပ္ရင္လည္း အဲဒီလုပ္တဲ့လူေတြဟာ က်ေနာ္တုိ႔နဲ႔ မပတ္သက္ဘူး။ ဒီလုိလုပ္ရပ္မ်ဳိးကုိ က်ေနာ္တုိ႔ ကန္႔ကြက္တယ္ ဆုိတာမ်ဳိးကိုေတာ့ မူအရ ရွင္းရွင္းလင္းလင္း ျဖစ္သင့္တယ္။ အဲဒီလိုမဟုတ္ရင္ က်ေနာ္တုိ႔ NUG တုိ႔ CRPH တုိ႔ လုပ္ေနတာေတြနဲ႔ ပတ္သက္ၿပီး က်ေနာ္တုိ႔က ဘာမွ ေဝဖန္တာ ကန္႔ကြက္တာ မရွိဘူး။ ႏုိင္ငံတကာ ေထာက္ခံမႈရေအာင္ လုပ္ေန ႀကိဳးစားေနတဲ့ကိစၥေတြဟာ က်ေနာ္တုိ႔ ႏွစ္ ၃၀ ကာလတေလွ်ာက္လုံးမွာလည္း ဒီလိုပဲ လုပ္ခဲ့ၾကတာပဲ။ သုိ႔ေသာ္ အခုလိုမ်ဳိး Extrajudicial Killings ေပါ့၊ ဥပေဒအရ စီရင္ဆုံးျဖတ္တာမ်ဳိး မဟုတ္ဘဲနဲ႔ ဥပေဒအဖြဲ႔အစည္း မရွိဘဲနဲ႔ ဒီလိုမ်ဳိး လုပ္ေနတာေတြနဲ႔ ပတ္သက္ရင္ ဒါက ကိုယ့္ရဲ႕မူဝါဒ မဟုတ္ဘူး ဆုိတာကိုေတာ့ ကန္႔ကြက္တယ္၊ မပတ္သက္ဘူး ဆုိတာကိုေတာ့ အဖြဲ႔အစည္း အေနနဲ႔ကို တိတိက်က် ေၾကညာခ်က္ ထုတ္သင့္တယ္လို႔ က်နော္ေတာ့ ျမင္ပါတယ္။”

မစုျမတ္မြန္ - ခုန ေျပာသြားသလုိပဲ အခုလက္ရွိ ျမန္မာႏုိင္ငံမွာ တရားလက္လြတ္ သတ္ျဖတ္မႈေတြေတာ့ ျဖစ္ေနတယ္။ ဒါေပမယ့္ အဲဒီဟာေတြက ဘယ္သူ႔လက္ခ်က္လဲဆုိတာ အတိအက်ေျပာဖုိ႔ကေတာ့ ခက္တယ္ေပါ့ေလ။ တခ်ဳိ႕ကိစၥေတြမွာေတာ့ လုပ္တဲ့လူေတြက သူတုိ႔လုပ္ပါတယ္ဆုိတာမ်ဳိး အတိအလင္း ထုတ္ေျပာတာမ်ဳိး ရွိတယ္။ ဒါေပမယ့္ က်န္တာေတြကေတာ့ လက္သည္မေပၚဘဲျဖစ္တဲ့ ကိစၥေတြေပါ့ေလ။ အဲဒီဟာေတြ ရပ္သြားေအာင္ေရာ ဦးကိုကုိႀကီး အေနနဲ႔ ဘယ္လုိျဖစ္သင့္တယ္လို႔ ေျပာခ်င္ပါသလဲ။

ဦးကုိကိုႀကီး - “ဘယ္အဖြဲ႔အစည္းပဲျဖစ္ျဖစ္ ဒါဟာ က်ေနာ္တုိ႔ ဂ႐ုျပဳၿပီး ေရွာင္ရွားရမယ့္ ကိစၥလုိ႔ ျမင္တယ္။ ေနာက္တခုက စစ္တပ္ကလည္း အင္အားသုံးၿပီးေတာ့ ေျဖရွင္းႏုိင္တယ္ဆုိတဲ့ အယူအဆဟာ တုိင္းျပည္ကုိ စုတ္္ျပတ္သတ္တဲ့ အေျခအေနအထိ ေရာက္ေနၿပီ။ ဒါေၾကာင့္မုိ႔ က်ေနာ္တို႔က ႏုိင္ငံေရးလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေအာင္နဲ႔ ႏုိင္ငံေရးအရ ျပည္သူေတြၾကားထဲမွာ ေမွ်ာ္လင့္ခ်က္တခု ခုိင္ခုိင္မာမာျဖစ္လာေအာင္ ေဆာင္ရြက္ဖို႔ လိုတယ္လို႔ ျမင္တယ္။ အဲဒီေတာ့ ႏုိင္ငံေရးပါတီေတြက ႏုိင္ငံေရးနည္းလမ္းအရ ႀကိဳးပမ္းေဆာင္ရြက္ႏုိင္တဲ့ အခြင့္အလမ္းကို ျပန္ၿပီးေပၚလာဖုိ႔ လုိတယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ ဒီနည္းလမ္းကလြဲၿပီး တျခားနည္းလမ္းကို တခုမွ လက္မခံဘူး၊ အကုန္လုံးကို ေခ်ဖ်က္ပစ္မယ္ ဆုိရင္ေတာ့ ျပည္တြင္း ႏိုင္ငံရဲ႕ အေျခအေနဟာ နဂုိကတည္းက ကိုဗစ္ေၾကာင့္ေရာ စစ္ေၾကာင့္ေရာ ဖြတ္ဖြတ္ညက္ညက္ ေၾကေနတာကေနၿပီးေတာ့ လုံးဝပ်က္စီးသြားမယ့္ အေျခအေနထိ ေရာက္သြားႏုိင္တယ္လို႔ ျမင္တယ္။ ဒါေၾကာင့္ က်ေနာ္လည္း ႏုိင္ငံေရးလုပ္လာတဲ့ တေလွ်ာက္လုံးမွာ၊ ႏုိင္ငံေရးလုပ္သက္ ၃၄ ႏွစ္အတြင္းမွာ က်ေနာ့္ေၾကာင့္ တေယာက္မွ ေသေက်ပ်က္စီးတာ မရွိဘူး။ လူေသတာ မရွိဘူး။ တေယာက္မွ အဖမ္းခံရတာမရွိဘူး။ စစ္တပ္ကေနၿပီး ဘာအက်ဳိးစီးပြားမွ မပတ္သက္ဘူး။ က်ေနာ့္ယုံၾကည္မႈကုိ က်ေနာ္ ခုိင္ခုိင္မာမာ ေဆာင္ရြက္တယ္။ အခု NUG တုိ႔ CRPH တုိ႔မွာ ဦးေဆာင္ေနတဲ့သူေတြလည္း က်ေနာ့္အေၾကာင္းကုိ တေယာက္ခ်င္း ေကာင္းေကာင္းသိတယ္။ ဆုိေတာ့ အဲဒီလုိ အေျခအေနမ်ဳိးမွာ လက္လြတ္စပယ္ ေဖ့စ္ဘုတ္မွာ ေျပာဆုိ ဆဲဆုိ တုိက္ခုိက္ေနတာ ဒါႀကီးက ယဥ္ေက်းမႈတခုလို ျဖစ္လာတာကိုက အင္မတန္ အႏၱရာယ္ႀကီးတယ္လုိ႔ ျမင္တယ္။ အဲ့ေတာ့ စစ္တပ္ကလည္း ဖမ္းဆီးထားတဲ့ ကိစၥေတြ ဒါေတြဟာ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔နဲ႔ ႏုိင္ငံေရးကို လူထုက ယုံၾကည္မႈရွိလာေအာင္ ျပန္ၿပီး ေဆာင္ရြက္ဖုိ႔က အေရးတႀကီးလုပ္ရမယ့္ ကိစၥလုိ႔ ျမင္ပါတယ္။”

မစုျမတ္မြန္ - ေက်းဇူးတင္ပါတယ္ ဦးကုိကိုႀကီးရွင့္။

ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကို မစုျမတ္မြန္ ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

“တရားလက်လွတ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူများ မလုံခြုံမှုခံစား” - ကိုကိုကြီး

မြန်မာနိုင်ငံမှာ ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူတိုင်း မလုံခြုံဘူးလို့ ခံစားနေကြရတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်သလို ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။ ခုလိုသတ်ဖြတ်မှုမျိုး ဘက်အသီးသီးက ရှောင်ရှားသင့်တယ်လို့ သူကပြောပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH၊ NUG တို့အနေနဲ့လည်း ဒီကိစ္စမျိုး ကန့်ကွက်တယ်၊ ရှုတ်ချတယ်ဆိုရင် အများပြည်သူသိရှိအောင် ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ကိုယ်တိုင် ခြိမ်းခြောက်မှုတွေ ခံနေရတဲ့ ဦးကိုကိုကြီးကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။

မစုမြတ်မွန် - လက်ရှိအြခေအနေမှာ ဦးကိုကိုကြီးရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ရော၊ ကိုယ့်လုံခြုံရေး၊ ကိုယ့်ရဲ့မိသားစု လုံခြုံရေးနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေ အရင်ဆုံး သိပါရစေ။

ဦးကိုကိုကြီး - “စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်၊ အာဏာရယူပြီးတဲ့အချိန်က စပြီးတော့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ ဖြစ်တုန်းကလည်း ကျနော်တို့ အာဏာသိမ်းတာကို ကန့်ကွက်တယ်။ နောက် ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တော်တော်ခံစားရတယ်။ ပြီးတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်လည်း ပြည်သူ့ပါတီကနေ ဥပဒေ အထောက်အကူအဖွဲ့ အနေနဲ့ ခုချိန်ထိ တောက်လျှောက်လည်း တတ်နိုင်သလောက် ကြိုးစားပေးနေတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာမှ ဖေ့စ်ဘုတ်ကနေ ခြိမ်းခြောက်တာတွေ၊ နောက်တခါ ဖုန်းနံပါတ် မပေါ်ဘူးပေါ့ဗျာ၊ Unknown ဆိုတဲ့ ဖုန်းနံပါတ်နဲ့ ခြိမ်းခြောက်တာတွေ ကျနော်တို့ ကြုံရတယ်။ ဆိုလိုချင်တာက ကျနော်တို့က နိုင်ငံရေးပါတီတရပ်အနေနဲ့ ဆောင်ရွက်တဲ့အခါကြတော့ နိုင်ငံရေးပါတီ ပုံသဏ္ဌာန်နဲ့ လုပ်ရတာတွေ ရှိတယ်။ ဒါကြောင့် ကန့်ကွက်စရာရှိတာ ကန့်ကွက်တယ်၊ ဝေဖန်စရာရှိတာ ဝေဖန်တယ်၊ နိုင်ငံရေးအရ ပြောစရာရှိတာ ပြောတယ်။ ဆိုတော့ အဲဒီလို ဆောင်ရွက်နေတဲ့ဟာ၊ ဒါ ကျနော်ဆိုရင် ၃၄ နှစ် တလျှောက်လုံး၊ ထောင်ထဲမှာလည်း ၁၉ နှစ်ကျော်၊ အဲဒီလိုလူမျိုးတောင်မှ ဒီလို ခြိမ်းခြောက်တာမျိုးတွေ ဖြစ်တယ်ဆိုတော့ သာမန်ပြည်သူတွေ ကြားထဲမှာလည်း မလုံခြုံတဲ့ ခံစားမှုမျိုးကတော့ ဖြစ်တယ်။ ဖြစ်တယ်ဆိုတာက တစ်အချက်ကတော့ အခုဖြစ်နေတဲ့ သေကျေပျက်စီးမှုတွေဟာ စစ်တပ်ကပဲလုပ်လုပ်၊ တခြား ဒေသခံ အဖွဲ့အစည်းတွေကပဲလုပ်လုပ် ပြည်သူတွေကြားထဲမှာတော့ အထိတ်တလန့်ဖြစ်တာ အမှန်ပဲ။ ဒါကြောင့် ကျနော် သာမန်ပြည်သူတယောက်အနေနဲ့ ပြောရရင်လည်း နေရထိုင်ရတာ မလုံခြုံဘူးလို့ ခံစားရတယ်။”

မစုမြတ်မွန် - စောစောက ဦးကိုကိုကြီး ပြောသွားတဲ့အထဲမှာ ဒီလိုမျိုး ဖုန်းဆက်ပြီး ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်ဆိုတော့ အဲဒီလိုမျိုး ခြိမ်းခြောက်တာတွေကရော ဘယ်လိုအဖွဲ့အစည်းတွေ ဘယ်လိုလူတွေက ခြိမ်းခြောက်တယ်လို့ ထင်ပါသလဲ။

ဦးကိုကိုကြီး - “အခုဟာက ဖေ့စ်ဘုတ်မှာတော့ ကျနော် Screenshot ဖမ်းထားတာ တခုရှိတယ်။ အဲဒါကတော့ သူ့ ဖေ့စ်ဘုတ်အကောင့်နဲ့ လိုက်မယ်ဆိုရင်တော့ ပေါ်တယ်ပေါ့လေ။ သိန်း ၁၀၀ ကိုကိုကြီးအတွက်ကို ကြေးပေါက်တယ်ဆိုပြီးတော့ ပထမဆုံး စပြီးတော့ ပစ်တာပေါ့။ အဲဒါကလည်း အမေရိကားကလို့ ပြန်သိရတယ်။ နောက်တခု Unknown ဖုန်းနဲ့ ဆက်တာကြတော့ ဖုန်းနံပါတ်လည်း ခြေရာကောက်လို့ မရဘူး၊ ဘယ်သူဘယ်ဝါဆိုတာလည်း မပြောဘူး။ အဲတော့ အခုဖြစ်နေတဲ့ဟာက တခုခုဖြစ်လိုက်ရင် သူမဟုတ်ဘူး၊ ငါမဟုတ်ဘူးနဲ့ လက်သည်မပေါ်ဘူး ဆိုတာလည်း ပိုပြီးတော့ ဆိုးတယ်။”

မစုမြတ်မွန် - နောက်တခုက ဒီရက်ပိုင်းမှာပဲ NUG ရဲ့ ဒေါက်တာဆာဆာက သူ့ရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ ရေးလိုက်တာတခု ရှိပါတယ်။ ဘာလဲဆိုတော့ Hit List ပေါ့၊ ပစ်မှတ်ထားပြီး ရှင်းမယ်ဆိုတဲ့ List တွေ မရှိဘူးပေါ့လေ၊ NUG အနေနဲ့ ဒါမျိုး List လုံးဝ မရှိပါဘူးဆိုပြီး သူ့ဘက်ကငြင်းတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော သိလား၊ အဲဒီ List ထဲမှာရော၊ အဲဒီလိုမျိုး List ထွက်တယ်ဆိုတာရော ဦးကိုကိုကြီးတို့ သိပါသလား။

ဦးကိုကိုကြီး - “ကျနော်တို့လည်း ကြားနေတယ်။ Hit List ရှိတယ်ဆိုတဲ့ဟာကို ကြားနေတယ်။ အဲ့ဒီတော့ ကျနော်တို့က တကယ့်တကယ်က NUG တို့ CRPH တို့ဆိုတာ ဘာပဲပြောပြော ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အခါကြတော့ ဒီကိစ္စမျိုးကို ကျနော်တို့ လုံးဝမပတ်သက်ဘူး၊ ဒီလိုလုပ်တာတွေကိုလည်း ကျနော်တို့က ကန့်ကွက်တယ်၊ ရှုတ်ချတယ် ဆိုတာမျိုး၊ ကိုယ့်ရဲ့မူဝါဒကို အများပြည်သူကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်သင့်တယ်။ ဆိုလိုတာက လုပ်ရင်လည်း အဲဒီလုပ်တဲ့လူတွေဟာ ကျနော်တို့နဲ့ မပတ်သက်ဘူး။ ဒီလိုလုပ်ရပ်မျိုးကို ကျနော်တို့ ကန့်ကွက်တယ် ဆိုတာမျိုးကိုတော့ မူအရ ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်။ အဲဒီလိုမဟုတ်ရင် ကျနော်တို့ NUG တို့ CRPH တို့ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမှ ဝေဖန်တာ ကန့်ကွက်တာ မရှိဘူး။ နိုင်ငံတကာ ထောက်ခံမှုရအောင် လုပ်နေ ကြိုးစားနေတဲ့ကိစ္စတွေဟာ ကျနော်တို့ နှစ် ၃၀ ကာလတလျှောက်လုံးမှာလည်း ဒီလိုပဲ လုပ်ခဲ့ကြတာပဲ။ သို့သော် အခုလိုမျိုး Extrajudicial Killings ပေါ့၊ ဥပဒေအရ စီရင်ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ ဥပဒေအဖွဲ့အစည်း မရှိဘဲနဲ့ ဒီလိုမျိုး လုပ်နေတာတွေနဲ့ ပတ်သက်ရင် ဒါက ကိုယ့်ရဲ့မူဝါဒ မဟုတ်ဘူး ဆိုတာကိုတော့ ကန့်ကွက်တယ်၊ မပတ်သက်ဘူး ဆိုတာကိုတော့ အဖွဲ့အစည်း အနေနဲ့ကို တိတိကျကျ ကြေညာချက် ထုတ်သင့်တယ်လို့ ကျနော်တော့ မြင်ပါတယ်။”

မစုမြတ်မွန် - ခုန ပြောသွားသလိုပဲ အခုလက်ရှိ မြန်မာနိုင်ငံမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေတော့ ဖြစ်နေတယ်။ ဒါပေမယ့် အဲဒီဟာတွေက ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျပြောဖို့ကတော့ ခက်တယ်ပေါ့လေ။ တချို့ကိစ္စတွေမှာတော့ လုပ်တဲ့လူတွေက သူတို့လုပ်ပါတယ်ဆိုတာမျိုး အတိအလင်း ထုတ်ပြောတာမျိုး ရှိတယ်။ ဒါပေမယ့် ကျန်တာတွေကတော့ လက်သည်မပေါ်ဘဲဖြစ်တဲ့ ကိစ္စတွေပေါ့လေ။ အဲဒီဟာတွေ ရပ်သွားအောင်ရော ဦးကိုကိုကြီး အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်လို့ ပြောချင်ပါသလဲ။

ဦးကိုကိုကြီး - “ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါဟာ ကျနော်တို့ ဂရုပြုပြီး ရှောင်ရှားရမယ့် ကိစ္စလို့ မြင်တယ်။ နောက်တခုက စစ်တပ်ကလည်း အင်အားသုံးပြီးတော့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ တိုင်းပြည်ကို စုတ်ပြတ်သတ်တဲ့ အခြေအနေအထိ ရောက်နေပြီ။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်ရောက်လာအောင်နဲ့ နိုင်ငံရေးအရ ပြည်သူတွေကြားထဲမှာ မျှော်လင့်ချက်တခု ခိုင်ခိုင်မာမာဖြစ်လာအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကို ပြန်ပြီးပေါ်လာဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်းကို တခုမှ လက်မခံဘူး၊ အကုန်လုံးကို ချေဖျက်ပစ်မယ် ဆိုရင်တော့ ပြည်တွင်း နိုင်ငံရဲ့ အခြေအနေဟာ နဂိုကတည်းက ကိုဗစ်ကြောင့်ရော စစ်ကြောင့်ရော ဖွတ်ဖွတ်ညက်ညက် ကြေနေတာကနေပြီးတော့ လုံးဝပျက်စီးသွားမယ့် အခြေအနေထိ ရောက်သွားနိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် ကျနော်လည်း နိုင်ငံရေးလုပ်လာတဲ့ တလျှောက်လုံးမှာ၊ နိုင်ငံရေးလုပ်သက် ၃၄ နှစ်အတွင်းမှာ ကျနော့်ကြောင့် တယောက်မှ သေကျေပျက်စီးတာ မရှိဘူး။ လူသေတာ မရှိဘူး။ တယောက်မှ အဖမ်းခံရတာမရှိဘူး။ စစ်တပ်ကနေပြီး ဘာအကျိုးစီးပွားမှ မပတ်သက်ဘူး။ ကျနော့်ယုံကြည်မှုကို ကျနော် ခိုင်ခိုင်မာမာ ဆောင်ရွက်တယ်။ အခု NUG တို့ CRPH တို့မှာ ဦးဆောင်နေတဲ့သူတွေလည်း ကျနော့်အကြောင်းကို တယောက်ချင်း ကောင်းကောင်းသိတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာ လက်လွတ်စပယ် ဖေ့စ်ဘုတ်မှာ ပြောဆို ဆဲဆို တိုက်ခိုက်နေတာ ဒါကြီးက ယဉ်ကျေးမှုတခုလို ဖြစ်လာတာကိုက အင်မတန် အန္တရာယ်ကြီးတယ်လို့ မြင်တယ်။ အဲ့တော့ စစ်တပ်ကလည်း ဖမ်းဆီးထားတဲ့ ကိစ္စတွေ ဒါတွေဟာ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးကို လူထုက ယုံကြည်မှုရှိလာအောင် ပြန်ပြီး ဆောင်ရွက်ဖို့က အရေးတကြီးလုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။”

မစုမြတ်မွန် - ကျေးဇူးတင်ပါတယ် ဦးကိုကိုကြီးရှင့်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG