သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစီးပွားရေးသမားတဦးနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁)


စီးပွားရေးလုပ်ငန်းရှင် ကိုကျော်ထင် (ယာ)
စီးပွားရေးလုပ်ငန်းရှင် ကိုကျော်ထင် (ယာ)

အပြောင်းအလဲတွေလုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်စီးပွားဆက်ဆံရေးတွေ ပြန်လုပ်လာတဲ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်လာနေပါပြီ။ တချိန်တုန်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတာကြောင့် စီးပွားရေးအရ ကူးလူးဆက်ဆံလို့မရခဲ့တဲ့ အမေရိကန်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ လည်း ရှိလာနေပါပြီ။ ဒီထဲမှာ မန္တလေးမြို့က မွေးမြူရေးဆိုင်ရာ ဆေးဝါးနဲ့အစားအစာလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ထင်လည်း တဦးအပါအဝင်ပါ။ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုဆီ လုပ်ငန်းကိစ္စနဲ့ ကိုကျော်ထင် ရောက်လာခဲ့ချိန်အတွင်း စီးပွား ကုန်သွယ်ရေး၊ လက်ရှိ ပြုပြင်ပြောင်းလဲရေး အခြေအနေအရပ်ရပ်အပေါ် သူ့ရဲ့အတွေ့အကြုံနဲ့ အမြင်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းခန်း ပထမပိုင်းကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

XS
SM
MD
LG