မန္တလေးမြို့က မွေးမြူရေးဆိုင်ရာ ဆေးဝါးနဲ့အစားအစာလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ထင်ဟာ အမေရိကန် ပြည်ထောင်စုက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက် လုပ်ကိုင်နေသူတဦးပါ။ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်လွှင့်ခဲ့တဲ့ ကိုကျော်ထင်နဲ့ တွေ့ဆုံ မေးမြန်းခန်းအဆုံးမှာ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ် သူ့ရဲ့အမြင်ကို မေးထားခဲ့ ပါတယ်။ အဲဒီမေးခွန်းအတွက် အဖြေအပါအဝင် အစိုးရရဲ့ စီးပွားရေးမူဝါဒပိုင်းတွေ၊ စီးပွားရေးလုပ်သူတွေ တွေ့ရတဲ့ တိုးတက်မှုနဲ့ ရှိနေသေးတဲ့ အခက်အခဲတွေ၊ လာဘ်ပေးလာဘ်ယူမှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ်အမြင် စတာတွေကို တွှေ့ဆုံမေးမြန်းခန်း ဒုတိယနဲ့ နောက်ဆုံးပိုင်းအဖြစ် ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။