သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူငယ္ပညာတတ္ေတြ ဖမ္းခံထားရတဲ့အေပၚ စိတ္မေကာင္းျဖစ္


Myanmar Prisoners Release

အက်ဥ္းေထာင္ေတြထဲမွာ ပညာတတ္လူငယ္အမ်ားအျပား ထိန္းသိမ္းခံထားရတဲ့ အေျခအေနကို ၾကည့္ၿပီး ယူက်ဳံးမရ ျဖစ္မိေၾကာင္း ႏိုဝင္ဘာလ ၁၇ ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာတဲ့ ၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ကိုျမေအး က ဗြီအိုေအကို ေျပာပါတယ္။ ေထာင္ဒဏ္ (၂) ႏွစ္ ခ်မွတ္ခံခဲ့ရတဲ့ ကိုျမေအးဟာ လာမယ့္ ဇန္နဝါရီလမွာ လြတ္ေျမာက္ေတာ့မွာ ျဖစ္ေပမယ့္ စစ္ေကာင္စီက သူ႔ကို ႏွစ္လေလာက္ေစာၿပီး ႏိုဝင္ဘာလ (၁၇)ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လႊတ္ေပးခဲ့တာျဖစ္ပါတယ္။ ၂၀၂၁ ေဖေဖၚဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းတဲ့ေန႔က အရင္ဆုံး ဖမ္းဆီးခံရသူေတြထဲမွာ ပါဝင္ခဲ့တဲ့ ကိုျမေအးကို မအင္ၾကင္းႏိုင္က သီးသန႔္ဆက္သြယ္ ေမးျမန္းထားပါတယ္။

ေျဖ ။ ။ အာဏာသိမ္းမယ့္ညက က်ေနာ္က အာဏာသိမ္းမယ္ဆိုတာကိုလည္း ႀကိဳတင္တြက္ဆေနခဲ့တယ္။ မနက္ ၄ နာရီ အျပင္ထြက္ရတဲ့အခ်ိန္မွာ က်ေနာ္က အိမ္ကယူၿပီးေတာ့ အျပင္မွာေလွ်ာက္ၾကည့္ေနတယ္။ အဲဒီအခ်ိန္မွာ တပ္က အိမ္ကိုေရာက္လာတယ္။ ေရာက္လာတဲ့အခါၾကေတာ့ က်ေနာ္က အိမ္ကိုျပန္လာတယ္။ ျပန္လာတာက က်ေနာ္္က ေရွာင္စရာေတြ၊ ပုန္းစရာေတြ မလိုဘူး။ မရိွဘူး။ ေရွာင္ရပုန္းရေအာင္လည္း ပုန္းလွ်ဳိကြယ္လွ်ဴိ က်ေနာ္လုပ္တာ မရိွဘူး။ က်ေနာ္က ဒီဟာကို ရင္ဆိုင္ဖုိ႔ စဥ္းစားခဲ့တယ္။ အဲဒီမွာပဲ ျပန္လာတဲ့အခါၾကေတာ့ သူတုိ႔ေခၚတဲ့ေနာက္ကို လိုက္သြားခဲ့တယ္။ က်ေနာ္ထင္တာ ေရၾကည္အိုင္လုိ႔ပဲ ထင္တာပဲ။ ေခၚသြားၿပီး ကမာၻေအးေရာက္ေတာ့ ေခါင္းစြပ္စြပ္လိုက္တဲ့အခါၾကေတာ့ အျပင္ေတာ့မသိေတာ့ဘူး။ ဒါေပမဲ့ ေရၾကည္အိုင္ပါပဲ။

ေမး ။ ။ အဲဒီေတာ့ စစ္ေၾကာေရးကာလကို ဘယ္လိုျဖတ္သန္းခဲ့လဲ။ ဘယ္ေလာက္ေလာက္ၾကာလဲ။ ဘယ္လိုျဖတ္သန္းရလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ဦးဆံုးဖမ္းခံရတဲ့ လူေတြ။ က်ေနာ္တို႔ၾကေတာ့ torture ေပးတာတုိ႔ ဘာတို႔ေတာ့ မရိွဘူး။ က်ေနာ့္အေနနဲ႔ က်ေနာ့္တစ္ေယာက္ထဲကိုပဲ ေျပာတာပါ။ ေနာက္ပိုင္းကေတာ့ ႏုိင္ငံေရးသေဘာထားေတြ ေမးတာေတြေတာ့ ရိွပါတယ္။ ေဖေဖၚဝါရီလ တစ္လလံုးေပါ့။ မတ္လ ၅ ရက္ေန႔မွ အင္းစိန္ေထာင္ကို ေရာက္ခဲ့တာ။

ေမး ။ ။ ေနာက္ၿပီးေတာ့ အဲဒီအခ်ိန္မွာ ကိုဗစ္ တတိယလိႈင္းပိုင္း ျဖစ္ေနတာ။ အဲဒီအခ်ိန္ ေထာင္ထဲမွာ ဘယ္လိုျဖတ္သန္းခဲ့ၾကလဲ။

ေျဖ ။ ။ အဲဒီမွာ ကိုဗစ္က နည္းနည္းေနာက္က်တယ္။ အဲဒါက ေထာင္ထဲေရာက္ၿပီး နည္းနည္းၾကာမွ ျဖစ္တာ။ က်ေနာ္ထင္တယ္ ဇြန္လေလာက္ေတာ့ ျဖစ္မယ္ထင္တယ္။ အခ်ိန္အတိအက်ေတာ့ မမွတ္မိေတာ့ဘူး။ က်ေနာ္ ေထာင္ထဲေရာက္တဲ့အခါၾကေတာ့ ပထမဦးဆံုး သီးသန္႔ေထာင္မွာ ႏွစ္ရက္ၾကာတယ္။ အဲဒီမွာ ႏွစ္ရက္ေနရေတာ့ ဖမ္းလာတဲ့ ကေလးေတြနဲ႔ ေတြ႔ၿပီးမွ၊ အျပင္အေျခအေနက ေတာ္ေတာ္ဆိုးဆိုးဝါးဝါး ဖမ္းတာေတြ ရိွေနၿပီဆိုတာကို သိရတယ္။ အဲဒီေနာက္ ေထာင္မႀကီးကို ေရႊ ႔လိုက္တယ္။ အဲဒီမွာ တစ္တိုက္မွာ ေတာက္ေလွ်ာက္ေနခဲ့ရပါတယ္။ ကိုဗစ္ ျဖစ္လာတဲ့အခါၾကေတာ့ အဲဒီအခ်ိန္မွာ ေထာင္ထဲေရာက္သြားတဲ့အခါမွာ NLD အစိုးရအဖြဲ႔ရဲ ႔ စီမံဘ႑ာဝန္ႀကီး ဦးစိုးဝင္း။ ေနာက္တခါ ဝန္ႀကီးေဟာင္း ဦးေက်ာ္ဝင္း အစရိွတဲ့လူူေတြနဲ႔ ေနရတယ္။ အကုန္လံုး ကိုဗစ္ ျဖစ္ၾကပါတယ္။ က်ေနာ္လည္း ျဖစ္ပါတယ္။

ေမး ။ ။ ေထာင္ထဲမွာ က်န္းမာေရးကိစၥ။ ေျခေထာက္မွာ infection ျဖစ္တာတုိ႔ဘာတို႔ အဲဒီ့က်န္းမာေရး အေျခအေနက ဘယ္လိုျဖစ္သြားတာလဲ မသိဘူး။

ေျဖ ။ ။ က်ေနာ္က ႏွစ္လံုးခြဲထားတဲ့အခါၾကေတာ့ ေျခေထာက္က ခြဲၿပီးေတာ့၊ အေၾကာေတြ ထုတ္ၿပီးေတာ့၊ ရင္ဘတ္ထဲ ထည့္ထားတာ။ ဆိုေတာ့ ေျခေထာက္က ရိုးရိုးေယာင္လာတာလို႔ပဲ ထင္ခဲ့တယ္။ ႏွစ္ရက္ဖ်ားၿပီးေတာ့ ေျခေထာက္ႀကီးကို အရမ္းေယာင္လာတယ္။ အရမ္းေယာင္လာတဲ့အခါၾကေတာ့ ေထာင္ေဆးရံုကို တစ္ရက္တက္ရတယ္။ တက္ရၿပီးမွ က်ေနာ့္ကို အျပင္ေဆးရံုကို ထုတ္လိုက္တယ္။ အဲဒီေထာင္ေဆးရံုမွာ သတိလစ္ တစ္ႀကိမ္ လဲက်သြားတယ္။ အဲဒီမွာ ေနာက္ေန႔ၾကေတာ့ အျပင္အင္းစိန္ေဆးရံုကို ထုတ္သြားၿပီး၊ အဲဒီမွာ ႏွစ္လၾကာတယ္။ ေဆးရံုတက္ၿပီး Antibiotics ေတြ သြငး္ရတယ္။ အဲဒီေတာ့မွ ….ဆိုတာကို သိလာတယ္။ ေဆးရံုမွာၾကေတာ့ က်ေနာ္လည္းေျပာတယ္ က်ေနာ္လည္း မိသားစုမလာဘဲနဲ႔ ေဆးရံုမွာ ဘယ္လိုေနမလဲ။ အဲဒီေတာ့ အခုနေျပာသလို မိသားစုနဲ႔ အခ်ိန္ပိုင္း ေတြ႔လို႔ရပါတယ္။ အမွန္မွာက ေတြ႔လို႔မရဘူးဆိုတာ ကိုဗစ္ေၾကာင့္ အေၾကာင္းျပၿပီးေတာ့ မရေသးတာ။ အခုထိကို ေထာင္ဝင္စာေတြ ဘာေတြ မရဘဲ၊ အကုန္လံုးေပါ့။ အက်ဥ္းသားေတြ အကုန္လံုး ေတြ႔ရတဲ့ အေျခအေနမ်ဳိး မရိွဘူး။

ေမး ။ ။ အဲဒီလို သူတုိ႔ အကိုတို႔ကို တျခားေထာင္အက်ဥ္းသားေတြနဲ႔ ျဖတ္ထားတဲ့အခ်ိန္မွာ လူထုကလည္း ျပန္ၿပီးေတာ့ လမ္းမေတြမွာ ဆႏၵျပ၊ ၿဖိဳခြဲခံရတယ္ဆိုေတာ့ အဲဒီအခ်ိန္မွာ အကိုကိုယ္တိုင္ ေထာင္ထဲေရာက္ေနေတာ့ ဘယ္လိုျမင္မိသလဲ။

ေျဖ ။ ။ အဲဒီမွာ ကေလးေတြကို ၾကည့္ၿပီးေတာ့ စိတ္မေကာင္း ျဖစ္မိတာေပါ့။ ဒီမွာ တုိင္းျပည္အတြက္လည္း တကယ္စိတ္မေကာင္း ျဖစ္မိတယ္။ သြားၿပီဆိုတာ - တိုင္းျပည္အေျခအေန၊ လူငယ္ေတြရဲ ႔ အနာဂတ္က ေပ်ာက္သြားၿပီ။ လူငယ္ပညာတတ္ေတြ အေတာ္မ်ားမ်ားက ျပန္ရၿပီဆိုေတာ့ ဝင္လာတဲ့ ကေလးေတြကိုၾကည့္ၿပီးေတာ့ က်ေနာ့္သားသမီးအရြယ္၊ တူတူမအရြယ္သာ ရိွတယ္။ ဒီကေလးေတြရဲ ႔ ေရွ ႔ေရးနဲ႔ ဘယ္လိုျပန္တည္ေဆာက္မယ္ဆိုတာေတာ့ မလြယ္ေတာ့ဘူး။ ေတာ္ေတာ္ေလး ခက္ခက္ခဲခဲ လုပ္ရေတာ့မယ္ဆိုတာဟာကိုေတာ့ စဥ္းစားမိတာတာေပါ့။

ေမး ။ ။ အဲဒီေတာ့ ေထာင္ထဲမွာကို ဆႏၵျပပြဲေတြ၊ ဘာေတြဆိုၿပီး က်မတို႔လည္း ၾကားရတယ္။ အကိုတို႔ေကာ အဲဒီအေျခအေနကို ဘယ္လိုသိခဲ့ရသလဲ။ ဘယ္လိုေတြ႔ခဲ့ရသလဲ။

ေျဖ ။ ။ က်ေနာ္ မေတြ႔ရဘူး။ က်ေနာ္တုိ႔ေနတဲ့ တိုက္မွာေတာ့ အျပင္လူလာလို႔ မရဘူး။ က်ေနာ္တို႔ေတြရဲ ႔ တစ္တိုက္မွာ တျခားတုိက္ေတြက တီဗီေတြ ဘာေတြ ၾကည့္လို႔ရတယ္။ က်ေနာ္တုိ႔က တီဗီတို႔ဘာတို႔ ၾကည့္လို႔မရဘူး။ က်ေနာ္တုိ႔ သတင္းရႏိုင္တယ္ဆုိတာကေတာ့ အစိုးရထုတ္တဲ့ ျမန္မာ့အလင္းနဲ႔ ေၾကးမံု သတင္းစာ - အဲဒါေတြပဲ ရတယ္။ ဒါေတာင္မွ တခါတေလ သတင္းစာမွာ အေၾကာင္းအရာတခု ထူးျခားတယ္လို႔ သူတုိ႔က ယူဆလို႔ရိွရင္ အဲဒီအပိုင္းကို ၿဖဲၿပီးေတာ့ ေပးတာမ်ဳိး ရိွတယ္။ ေျပာေတာ့မွ မၿဖဲပါနဲ႔ ဒါက အစိုးရထုတ္သတင္းစာပဲ ဒီလိုမလုပ္ဖို႔ ေျပာေတာ့မွ ရတယ္။

ေမး ။ ။ အဲဒီေတာ့ အကို႔ရဲ ႔ လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္တဲ့ ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို အင္းစိန္ေထာင္ထဲမွာ ႀကိဳးေပးအသတ္ခံရတယ္ဆိုတဲ့ သတင္းကို ဘယ္လို အကို သိရလဲ။ အကို သိရတဲ့အခ်ိန္၊ သူတုိ႔ကို ႀကိဳးေပးသတ္တဲ့အခ်ိန္ အကိုကလည္း ေထာင္ထဲမွာ ရိွေနေတာ့၊ အဲဒီအေျခအေနကို ေျပာျပပါ။

ေျဖ ။ ။ က်ေနာ္ အဲဒီကိစၥကို သိတဲ့အခါၾကေတာ့ ေတာ္ေတာ္ shock ရသြားခဲ့တယ္။ စိတ္လည္း အရမ္းမေကာင္းဘူး။ စိတ္ထဲက ဟုတ္ပါ့ဟုတ္ပါ့မလားလို႔ ျဖစ္ခဲ့။ ၿပီးေတာ့ တကယ္ျဖစ္ေနတယ္။ ေျပာမယ္ဆိုရင္ေတာ့ ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္တုိ႔လည္း က်ေနာ့္ ညီအကိုေတြပဲ။ ေနာက္ ရင္းႏီွးတဲ့လူေတြလည္း ျဖစ္ေန - တကယ့္ရဲေဘာ္ရဲဘက္ေတြဆုိေတာ့ စိတ္ထဲမွာ လံုးဝမေကာင္းဘူး။ ေနာက္တခုက တုိင္းျပည္အတြက္လည္း ဒါက ေကာင္းက်ဳိးထက္ ဆိုးက်ဳိးမ်ားေစတယ္လို႔ ျမင္တယ္။ ႀကိဳးမေပးတာလည္း ႏွစ္ေပါင္းသံုးဆယ္ေက်ာ္ခဲ့ၿပီ။ ႏွစ္ေပါင္းသံုးဆယ္ေက်ာ္မွ ျပန္ၿပီးမွ အဲဒီလိုျဖစ္တယ္ဆိုေတာ့ လံုးဝမေကာင္းဘူးလို႔ ျမင္တယ္။ ေနာက္ ကေလးေတြအတြက္လည္း စိုးရိမ္တဲ့စိတ္ေတြ အရမ္းျဖစ္တာေပါ့။ အဲဒီလို ျဖစ္မိပါတယ္။

ေမး ။ ။ ေနာက္ၿပီးေတာ့ ပုဒ္မ ၅၀၅ (ဂ) နဲ႔ တရားစြဲၿပီးေတာ့ ေထာင္ဒဏ္ခ်မွတ္ခဲ့တဲ့ကိစၥ။ အကို႔ကို ဖမ္းၿပီးမွ ပုဒ္မတပ္ၿပီးေတာ့ ေထာင္ခ်ခဲ့တဲ့ အဲဒီျဖစ္ရပ္၊ အဲဒီအေပၚ ဘယ္္လိုျမင္လဲရွင့္။

ေျဖ ။ ။ ဖမ္းထားတဲ့လူေတြထဲမွာ က်ေနာ္ ျမင္တာကေတာ့ တစ္ေယာက္မွ မလြတ္ဘဲ၊ ပုဒ္မတစ္ခုခုနဲ႔ ၿငိေအာင္လုပ္တာပဲ။ က်ေနာ္တုိ႔က ဘာမွဝွက္ထားစရာလည္း မရိွဘူး။ ဒီဟာက အီးေမးလ္ပို႔တဲ့ကိစၥနဲ႔ တရားစြဲတာ။ အီးေမးလ္ ပို႔တဲ့ကိစၥကလည္း ၂၀၁၄ ခုႏွစ္က။ ေနာက္တခုက အဲဒီအခ်ိန္မွာ ေလာက္ကိုင္မွာ စစ္ျဖစ္ေနတယ္။ တဘက္ကလဲ ဒါက ဦးသိန္းစိန္လက္ထက္။ တဘက္က NCA စာခ်ဳပ္ ျဖစ္ေပၚေရးအတြက္ လုပ္ကိုင္ေနတဲ့ လက္မွတ္ထိုးပြဲလုပ္ဖို႔ကို ႀကိဳးစားေနခ်ိန္။ က်ေနာ္တုိ႔က အဲဒီအခ်ိန္မွာ ဘာသေဘာထား ရိွသလဲဆိုေတာ့ TNLA နဲ႔ MNDAA ပါလာဖို႔အတြက္ကို ျဖစ္ေစခ်င္ေတာ့ က်ေနာ္တုိ႔က တရုတ္ကို လွမ္းၿပီးေတာ့ ေျပာတဲ့ အီးေမးလ္။ အဲဒီထဲမွာ Burmanization ဆိုတဲ့ အသံုးက ပါသြားတယ္။ ဒါကလဲ လက္ေတြ႔ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြရိွတာကို ေျပာတဲ့အေပၚ ေကာက္ခ်က္ဆြဲ ရတဲ့ဟာနဲ႔ ဆြဲခ်ိတ္လိုက္တာပါ။

ေမး ။ ။ အဲဒီေတာ့ ကိုျမေအး ေထာင္ထဲက ထြက္လာတဲ့အခ်ိန္မွာ ႀကိဳဆိုေနတဲ့ လူေတြကို ေတြ႔ထဲအခ်ိိန္မွာ အကိုေျပာတာက ျပည္သူေတြနဲ႔ တသားတည္း ရပ္တည္သြားမယ္ဆိုေတာ့ အဲဒါက ဘယ္လိုမ်ဳိး ရပ္တည္သြားဖို႔ ရိွပါလဲရွင့္။

ေျဖ ။ ။ က်ေနာ္တုိ႔က ျပည္သူ႔ရဲ ႔ ေက်ာေထာက္ေနာက္ခံနဲ႔ ရပ္တည္ၾကတာ။ ျမန္မာျပည္သူေတြ ဒုကၡေရာက္ေနတာ၊ က်ေနာ့္ရဲ ႔ဒုကၡ။ က်ေနာ္လည္း ျပည္သူပဲေလ။ ျမန္မာျပည္သူထဲက တစ္ဦးေလ။ ျမန္မာျပည္သူေတြရဲ ႔ ဒုကၡသုတ္ခေတြကို အတူတူခံစားရမွာပဲ။ ျမန္မာျပည္သူေတြရဲ ႔ ေမွ်ာ္လင့္ခ်က္ေတြက က်ေနာ့္ရဲ ႔ ေမွ်ာ္လင့္ခ်က္ေတြပဲ။ အထူးသျဖင့္ ႏုိင္ငံေရးလုပ္တယ္ဆိုတာ ႏုိင္ငံေရးသမားတေယာက္ဟာ ျပည္သူလူထုရဲ ႔ ဘာျဖစ္ခ်င္လဲ။ လိုလားေတာင္းတခ်က္ေတြ ဆႏၵေတြအားလံုးကို ဘယ္လိုေဖာ္ေဆာင္ေပးမလဲဆိုတာကို စဥ္းစားရမွာ။ အဲဒီေတာ့ ျမန္မာျပည္သူေတြရဲ ႔ ဒုကၡသုတ္ခေတြနဲ႔အတူတူ ဒီေလာက္ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ က်ေနာ္က မ်က္နွာလႊဲခဲပစ္ ဘာမွမလုပ္ႏိုင္ပါဘူး။ က်ေနာ္က ဒီႏုိင္ငံမွာေမြးတယ္၊ ဒီႏုိင္ငံမွာ ႀကီးလာတယ္။ ဒီႏုိင္ငံသူ ႏုိင္ငံသားေတြရဲ ႔ ေကာင္းမႈေၾကာင့္ က်ေနာ္ ဒီအေျခအေန ေရာက္လာတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္မုိ႔ က်ေနာ္က ဒီႏုိင္ငံေပၚ သစၥာရိွရိွနဲ႔ ဘယ္လုိ ဆက္လုပ္မလဲဆိုတာကို ဒါပဲစဥ္းစားရမွာ ျဖစ္ပါတယ္။ ႏုိင္ငံေရးစကားအရ ေျပာမယ္ဆိုရင္ - ဒါကေတာ့ အရပ္ေျပာေျပာေနတာ။ ႏုိင္ငံေရးစကားအရ ေျပာမယ္ဆိုရင္ေတာ့ ျမန္မာျပည္သူေတြ လိုလားတာ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ျဖစ္တယ္။ ဒီမိုကေရစီ ရွင္သန္တဲ့ ႏုိင္ငံတခု ျဖစ္ခ်င္တဲ့ စီးပြားေရးဘဝေတြ၊ လူမႈေရးဘဝေတြ။ သူတုိ႔ရဲ ႔ ႏုိင္ငံေရး ေမွ်ာ္မွန္းတမ္းတခ်က္ေတြ ျပည့္စံုေစခ်င္တယ္။ လံုၿခံဳမႈ ရိွေစခ်င္တယ္။ အဲဒီအေျခအေနေတြ ျဖစ္သြားေအာင္ က်ေနာ္တုိ႔ ႏုိင္ငံေရး ရွင္သန္မႈ အေတြ႔အႀကံဳနဲ႔ ေပါင္းစပ္ၿပီး ဘယ္လိုလုပ္ၾကမလဲ။ ဘယ္လုိျဖစ္သင့္သလဲ။ အဲဒါေတြကေတာ့ လုပ္ရကိုင္ရ ေျပာရဆိုရေတာ့ ရိွလိမ့္မယ္။

ေမး ။ ။ အဲဒါဆိုရင္ ႏုိင္ငံေရးအရၾကေတာ့ ဘယ္လိုမ်ဳိး ရပ္တည္သြားဖို႔ ရိွသလဲ။

ေျဖ ။ ။ ႏုိင္ငံေရးလမ္းေၾကာင္းအရေျပာတာ အမ်ဳိးမ်ဳိးအသီးသီး ကြဲျပားမႈေတြေတာ့ ရိွၾကလိမ့္မယ္။ အသီးသီးကြဲျပားမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ ဘာမွမေဝဖန္ခ်င္ဘူး။ သူတုုိ႔ ယံုၾကည္ရာ လုပ္တာ ျဖစ္ပါတယ္။ က်ေနာ္လည္း က်ေနာ္ ယံုၾကည္ရာကိုလုပ္မွာ ျဖစ္ပါတယ္။ ေသခ်ာတာတခုကေတာ့ ၿပီးခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပြဲလည္း ဝင္ခဲ့တဲ့လူလည္း မဟုတ္ဘူး။ ေရြးေကာက္ပြဲကို ဝင္ခဲ့တဲ့လူ မဟုတ္ဘူး။ အဲဒီလိုပဲ လာမယ့္ေရြးေကာက္ပြဲေတြ - ဗမာျပည္ရဲ ႔ ႏုိင္ငံေရးလမ္းေၾကာင္းက နဂိုကတည္းက ေျပာခဲ့ပါတယ္ - ေရြးေကာက္ပြဲဆိုတာ ျဖတ္သန္းရမယ့္ မွတ္တိုင္ပဲ ျဖစ္တယ္။ ဒါက က်ေနာ္တုိ႔ရဲ ႔ ပန္းတိုင္မဟုတ္ဘူး။ အေျဖလည္း မဟုတ္ဘူး။ အခုဆို ပိုဆုိးသြားတယ္။ ပိုဆုိးသြားေတာ့ ဒီအေျခအေနႀကီးကို ဘယ္လိုေျဖရွင္းမလဲဆိုတာ ဒီေန႔ ေျခာက္ရက္ရိွၿပီ လြတ္လာတာ။ အဲဒီေတာ့ ဒီဟာကို ဘယ္လိုေျဖရွင္းမလဲဆိုတာကို Brainstorming လုပ္ရမယ္။ အမ်ားႀကီးပါ။ နည္းလမ္းေတြလည္း ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ က်ေနာ္ အႀကိမ္ႀကိမ္လည္း ေျပာပါတယ္ - က်ေနာ္က Non-violence နဲ႔သြားမွာ ျဖစ္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးေမးခြန္းကေတာ့ ေထာင္ထဲမွာ Generation Z လူငယ္မ်ဳိးဆက္သစ္ေတြကို အမ်ားႀကီးေတြ႔ရတဲ့အခ်ိန္မွာ အကို ေစာေစာကလည္း ေျပာသြားပါတယ္။ တကယ့္ကို သူတုိ႔အနာဂတ္အတြက္ ယူႀကံဳးမရ ျဖစ္မိတယ္ေပါ့။ ဆိုေတာ့ ေထာင္ထဲမွာေကာ ဒီလူငယ္ေတြရဲ ႔ ရပ္တည္ခ်က္ကို ဘယ္လိုေတြ႔ရသလဲ။

ေျဖ ။ ။ အဓိကေတာ့ ေရၾကည္အိုင္ကေန ေထာင္ထဲေရာက္ခ်ိန္မွာ သီးသန္႔မွာ ေနရတာ။ က်ေနာ္တို႔ေနရတဲ့ သီးသန္႔တုိက္နဲ႔ ေရွ ႔ကအေဆာင္ေတြက ကပ္ေနတာ။ ကပ္ေနတယ္ဆိုေတာ့ အေဆာင္ဝရန္တာကေန ကေလးေတြက အားအားအုအု ဦးျမေအး က်န္းမာေရး ဂရုစိုက္၊ ေအးေအးေဆးေဆး အနားယူ အဲဒီလိုမ်ဳိး ဝိုင္းအားေပးတယ္။ ကေလးေတြက က်ေနာ္ကို ျပန္အားေပးတာ။ လူငယ္ေတြက။ က်ေနာ္ ၾကည့္လိုက္တဲ့အခါမွာ ကေလးေတြအားလံုးက အခုနေျပာသလို ဖူးေယာင္ေနၾကတဲ့ ကေလးေတြနဲ႔ လက္က်ဳိးေနတဲ့ ကေလးေတြ၊ ေခါင္းပတ္တီးစီးထားတဲ့ ကေလးေတြဆိုေတာ့ က်ေနာ္ မ်က္ရည္က်မိတယ္။ စိတ္လည္းမေကာင္းဘူး။ က်ေနာ္တုိ႔မွာ ပိုၿပီးေတာ့ တာဝန္လည္းႀကီးသြားၿပီ။ ဒီကေလးေတြ အကုန္လံုးကို ေထာင္ထဲမွာ မထားခ်င္ဘူး။ က်ေနာ္တို႔ ျဖတ္သန္းခဲ့ရတဲ့ဟာထက္ ပိုၾကမ္းတမ္းတဲ့လမ္းကို သူတုိ႔ ေလွ်ာက္ေနရၿပီလို႔ က်ေနာ္ ျမင္တယ္။ ဒီကေလးေတြ အကုန္လံုးကို ေထာင္ထဲမွာ မထားႏိုင္ဘူး။ ႏုိင္ငံေရးအက်ဥ္းသားေတြ အကုန္လံုး လြတ္ေျမာက္ေရး၊ ဒီိကေလးေတြ အကုန္လံုး လြတ္ေျမာက္ေရး၊ မိသားစုေတြနဲ႔လည္း ျပန္လည္ဆံုေတြ႔ေရးအတြက္ က်ေနာ္တို႔အႀကီးေတြမွာ တာဝန္ရိွပါတယ္။ အဲဒီအတြက္ေၾကာင့္ တတ္ႏုိင္သမွ် တာဝန္ယူလုပ္ပါမယ္။ ေနာက္တခုက က်ေနာ္တို႔က အနာဂတ္မ်ဳိးဆက္သစ္ေတြရဲ ႔ ေမွ်ာ္လင့္ခ်က္ေတြကို ရွင္သန္ေအာင္ လုပ္ေပးရမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ အနာတ္မ်ဳိးဆက္သစ္ေတြက သူတုိ႔ေခတ္မွာ သူတုိ႔သမိုင္းကို သူတုိ႔ဘာသာ ေရးထိုးတာနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔က အေပၚကေန အုပ္မိုးထားၿပီး၊ ဆရာႀကီးလုပ္စရာအေၾကာင္း မရိွဘူးလို႔ က်ေနာ္ျမင္ပါတယ္။ ဒီေလာက္ပါပဲ ဒါက တည့္တည့္ပဲ ေျပာတာပါ။

=== Unicode ====

အကျဉ်းထောင်တွေထဲမှာ ပညာတတ်လူငယ်အများအပြား ထိန်းသိမ်းခံထားရတဲ့ အခြေအနေကို ကြည့်ပြီး ယူကျုံးမရ ဖြစ်မိကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး က ဗွီအိုအေကို ပြောပါတယ်။ ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရတဲ့ ကိုမြအေးဟာ လာမယ့် ဇန်နဝါရီလမှာ လွတ်မြောက်တော့မှာ ဖြစ်ပေမယ့် စစ်ကောင်စီက သူ့ကို နှစ်လလောက်စောပြီး နိုဝင်ဘာလ (၁၇)ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့နေ့က အရင်ဆုံး ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်ခဲ့တဲ့ ကိုမြအေးကို မအင်ကြင်းနိုင်က သီးသန့်ဆက်သွယ် မေးမြန်းထားပါတယ်။

ဖြေ ။ ။ အာဏာသိမ်းမယ့်ညက ကျနော်က အာဏာသိမ်းမယ်ဆိုတာကိုလည်း ကြိုတင်တွက်ဆနေခဲ့တယ်။ မနက် ၄ နာရီ အပြင်ထွက်ရတဲ့အချိန်မှာ ကျနော်က အိမ်ကယူပြီးတော့ အပြင်မှာလျှောက်ကြည့်နေတယ်။ အဲဒီအချိန်မှာ တပ်က အိမ်ကိုရောက်လာတယ်။ ရောက်လာတဲ့အခါကြတော့ ကျနော်က အိမ်ကိုပြန်လာတယ်။ ပြန်လာတာက ကျနော်က ရှောင်စရာတွေ၊ ပုန်းစရာတွေ မလိုဘူး။ မရှိဘူး။ ရှောင်ရပုန်းရအောင်လည်း ပုန်းလျှိုကွယ်လျှိူ ကျနော်လုပ်တာ မရှိဘူး။ ကျနော်က ဒီဟာကို ရင်ဆိုင်ဖို့ စဉ်းစားခဲ့တယ်။ အဲဒီမှာပဲ ပြန်လာတဲ့အခါကြတော့ သူတို့ခေါ်တဲ့နောက်ကို လိုက်သွားခဲ့တယ်။ ကျနော်ထင်တာ ရေကြည်အိုင်လို့ပဲ ထင်တာပဲ။ ခေါ်သွားပြီး ကမ္ဘာအေးရောက်တော့ ခေါင်းစွပ်စွပ်လိုက်တဲ့အခါကြတော့ အပြင်တော့မသိတော့ဘူး။ ဒါပေမဲ့ ရေကြည်အိုင်ပါပဲ။

မေး ။ ။ အဲဒီတော့ စစ်ကြောရေးကာလကို ဘယ်လိုဖြတ်သန်းခဲ့လဲ။ ဘယ်လောက်လောက်ကြာလဲ။ ဘယ်လိုဖြတ်သန်းရလဲ။

ဖြေ ။ ။ ကျနော်တို့ ဦးဆုံးဖမ်းခံရတဲ့ လူတွေ။ ကျနော်တို့ကြတော့ torture ပေးတာတို့ ဘာတို့တော့ မရှိဘူး။ ကျနော့်အနေနဲ့ ကျနော့်တစ်ယောက်ထဲကိုပဲ ပြောတာပါ။ နောက်ပိုင်းကတော့ နိုင်ငံရေးသဘောထားတွေ မေးတာတွေတော့ ရှိပါတယ်။ ဖေဖေါ်ဝါရီလ တစ်လလုံးပေါ့။ မတ်လ ၅ ရက်နေ့မှ အင်းစိန်ထောင်ကို ရောက်ခဲ့တာ။

မေး ။ ။ နောက်ပြီးတော့ အဲဒီအချိန်မှာ ကိုဗစ် တတိယလှိုင်းပိုင်း ဖြစ်နေတာ။ အဲဒီအချိန် ထောင်ထဲမှာ ဘယ်လိုဖြတ်သန်းခဲ့ကြလဲ။

ဖြေ ။ ။ အဲဒီမှာ ကိုဗစ်က နည်းနည်းနောက်ကျတယ်။ အဲဒါက ထောင်ထဲရောက်ပြီး နည်းနည်းကြာမှ ဖြစ်တာ။ ကျနော်ထင်တယ် ဇွန်လလောက်တော့ ဖြစ်မယ်ထင်တယ်။ အချိန်အတိအကျတော့ မမှတ်မိတော့ဘူး။ ကျနော် ထောင်ထဲရောက်တဲ့အခါကြတော့ ပထမဦးဆုံး သီးသန့်ထောင်မှာ နှစ်ရက်ကြာတယ်။ အဲဒီမှာ နှစ်ရက်နေရတော့ ဖမ်းလာတဲ့ ကလေးတွေနဲ့ တွေ့ပြီးမှ၊ အပြင်အခြေအနေက တော်တော်ဆိုးဆိုးဝါးဝါး ဖမ်းတာတွေ ရှိနေပြီဆိုတာကို သိရတယ်။ အဲဒီနောက် ထောင်မကြီးကို ရွှေ့လိုက်တယ်။ အဲဒီမှာ တစ်တိုက်မှာ တောက်လျှောက်နေခဲ့ရပါတယ်။ ကိုဗစ် ဖြစ်လာတဲ့အခါကြတော့ အဲဒီအချိန်မှာ ထောင်ထဲရောက်သွားတဲ့အခါမှာ NLD အစိုးရအဖွဲ့ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း။ နောက်တခါ ဝန်ကြီးဟောင်း ဦးကျော်ဝင်း အစရှိတဲ့လူူတွေနဲ့ နေရတယ်။ အကုန်လုံး ကိုဗစ် ဖြစ်ကြပါတယ်။ ကျနော်လည်း ဖြစ်ပါတယ်။

မေး ။ ။ ထောင်ထဲမှာ ကျန်းမာရေးကိစ္စ။ ခြေထောက်မှာ infection ဖြစ်တာတို့ဘာတို့ အဲဒီ့ကျန်းမာရေး အခြေအနေက ဘယ်လိုဖြစ်သွားတာလဲ မသိဘူး။

ဖြေ ။ ။ ကျနော်က နှစ်လုံးခွဲထားတဲ့အခါကြတော့ ခြေထောက်က ခွဲပြီးတော့၊ အကြောတွေ ထုတ်ပြီးတော့၊ ရင်ဘတ်ထဲ ထည့်ထားတာ။ ဆိုတော့ ခြေထောက်က ရိုးရိုးယောင်လာတာလို့ပဲ ထင်ခဲ့တယ်။ နှစ်ရက်ဖျားပြီးတော့ ခြေထောက်ကြီးကို အရမ်းယောင်လာတယ်။ အရမ်းယောင်လာတဲ့အခါကြတော့ ထောင်ဆေးရုံကို တစ်ရက်တက်ရတယ်။ တက်ရပြီးမှ ကျနော့်ကို အပြင်ဆေးရုံကို ထုတ်လိုက်တယ်။ အဲဒီထောင်ဆေးရုံမှာ သတိလစ် တစ်ကြိမ် လဲကျသွားတယ်။ အဲဒီမှာ နောက်နေ့ကြတော့ အပြင်အင်းစိန်ဆေးရုံကို ထုတ်သွားပြီး၊ အဲဒီမှာ နှစ်လကြာတယ်။ ဆေးရုံတက်ပြီး Antibiotics တွေ သွင်းရတယ်။ အဲဒီတော့မှ ….ဆိုတာကို သိလာတယ်။ ဆေးရုံမှာကြတော့ ကျနော်လည်းပြောတယ် ကျနော်လည်း မိသားစုမလာဘဲနဲ့ ဆေးရုံမှာ ဘယ်လိုနေမလဲ။ အဲဒီတော့ အခုနပြောသလို မိသားစုနဲ့ အချိန်ပိုင်း တွေ့လို့ရပါတယ်။ အမှန်မှာက တွေ့လို့မရဘူးဆိုတာ ကိုဗစ်ကြောင့် အကြောင်းပြပြီးတော့ မရသေးတာ။ အခုထိကို ထောင်ဝင်စာတွေ ဘာတွေ မရဘဲ၊ အကုန်လုံးပေါ့။ အကျဉ်းသားတွေ အကုန်လုံး တွေ့ရတဲ့ အခြေအနေမျိုး မရှိဘူး။

မေး ။ ။ အဲဒီလို သူတို့ အကိုတို့ကို တခြားထောင်အကျဉ်းသားတွေနဲ့ ဖြတ်ထားတဲ့အချိန်မှာ လူထုကလည်း ပြန်ပြီးတော့ လမ်းမတွေမှာ ဆန္ဒပြ၊ ဖြိုခွဲခံရတယ်ဆိုတော့ အဲဒီအချိန်မှာ အကိုကိုယ်တိုင် ထောင်ထဲရောက်နေတော့ ဘယ်လိုမြင်မိသလဲ။

ဖြေ ။ ။ အဲဒီမှာ ကလေးတွေကို ကြည့်ပြီးတော့ စိတ်မကောင်း ဖြစ်မိတာပေါ့။ ဒီမှာ တိုင်းပြည်အတွက်လည်း တကယ်စိတ်မကောင်း ဖြစ်မိတယ်။ သွားပြီဆိုတာ - တိုင်းပြည်အခြေအနေ၊ လူငယ်တွေရဲ့ အနာဂတ်က ပျောက်သွားပြီ။ လူငယ်ပညာတတ်တွေ အတော်များများက ပြန်ရပြီဆိုတော့ ဝင်လာတဲ့ ကလေးတွေကိုကြည့်ပြီးတော့ ကျနော့်သားသမီးအရွယ်၊ တူတူမအရွယ်သာ ရှိတယ်။ ဒီကလေးတွေရဲ့ ရှေ့ရေးနဲ့ ဘယ်လိုပြန်တည်ဆောက်မယ်ဆိုတာတော့ မလွယ်တော့ဘူး။ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ရတော့မယ်ဆိုတာဟာကိုတော့ စဉ်းစားမိတာတာပေါ့။

မေး ။ ။ အဲဒီတော့ ထောင်ထဲမှာကို ဆန္ဒပြပွဲတွေ၊ ဘာတွေဆိုပြီး ကျမတို့လည်း ကြားရတယ်။ အကိုတို့ကော အဲဒီအခြေအနေကို ဘယ်လိုသိခဲ့ရသလဲ။ ဘယ်လိုတွေ့ခဲ့ရသလဲ။

ဖြေ ။ ။ ကျနော် မတွေ့ရဘူး။ ကျနော်တို့နေတဲ့ တိုက်မှာတော့ အပြင်လူလာလို့ မရဘူး။ ကျနော်တို့တွေရဲ့ တစ်တိုက်မှာ တခြားတိုက်တွေက တီဗီတွေ ဘာတွေ ကြည့်လို့ရတယ်။ ကျနော်တို့က တီဗီတို့ဘာတို့ ကြည့်လို့မရဘူး။ ကျနော်တို့ သတင်းရနိုင်တယ်ဆိုတာကတော့ အစိုးရထုတ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာ - အဲဒါတွေပဲ ရတယ်။ ဒါတောင်မှ တခါတလေ သတင်းစာမှာ အကြောင်းအရာတခု ထူးခြားတယ်လို့ သူတို့က ယူဆလို့ရှိရင် အဲဒီအပိုင်းကို ဖြဲပြီးတော့ ပေးတာမျိုး ရှိတယ်။ ပြောတော့မှ မဖြဲပါနဲ့ ဒါက အစိုးရထုတ်သတင်းစာပဲ ဒီလိုမလုပ်ဖို့ ပြောတော့မှ ရတယ်။

မေး ။ ။ အဲဒီတော့ အကို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို အင်းစိန်ထောင်ထဲမှာ ကြိုးပေးအသတ်ခံရတယ်ဆိုတဲ့ သတင်းကို ဘယ်လို အကို သိရလဲ။ အကို သိရတဲ့အချိန်၊ သူတို့ကို ကြိုးပေးသတ်တဲ့အချိန် အကိုကလည်း ထောင်ထဲမှာ ရှိနေတော့၊ အဲဒီအခြေအနေကို ပြောပြပါ။

ဖြေ ။ ။ ကျနော် အဲဒီကိစ္စကို သိတဲ့အခါကြတော့ တော်တော် shock ရသွားခဲ့တယ်။ စိတ်လည်း အရမ်းမကောင်းဘူး။ စိတ်ထဲက ဟုတ်ပါ့ဟုတ်ပါ့မလားလို့ ဖြစ်ခဲ့။ ပြီးတော့ တကယ်ဖြစ်နေတယ်။ ပြောမယ်ဆိုရင်တော့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့လည်း ကျနော့် ညီအကိုတွေပဲ။ နောက် ရင်းနှီးတဲ့လူတွေလည်း ဖြစ်နေ - တကယ့်ရဲဘော်ရဲဘက်တွေဆိုတော့ စိတ်ထဲမှာ လုံးဝမကောင်းဘူး။ နောက်တခုက တိုင်းပြည်အတွက်လည်း ဒါက ကောင်းကျိုးထက် ဆိုးကျိုးများစေတယ်လို့ မြင်တယ်။ ကြိုးမပေးတာလည်း နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီ။ နှစ်ပေါင်းသုံးဆယ်ကျော်မှ ပြန်ပြီးမှ အဲဒီလိုဖြစ်တယ်ဆိုတော့ လုံးဝမကောင်းဘူးလို့ မြင်တယ်။ နောက် ကလေးတွေအတွက်လည်း စိုးရိမ်တဲ့စိတ်တွေ အရမ်းဖြစ်တာပေါ့။ အဲဒီလို ဖြစ်မိပါတယ်။

မေး ။ ။ နောက်ပြီးတော့ ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲပြီးတော့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့ကိစ္စ။ အကို့ကို ဖမ်းပြီးမှ ပုဒ်မတပ်ပြီးတော့ ထောင်ချခဲ့တဲ့ အဲဒီဖြစ်ရပ်၊ အဲဒီအပေါ် ဘယ်လိုမြင်လဲရှင့်။

ဖြေ ။ ။ ဖမ်းထားတဲ့လူတွေထဲမှာ ကျနော် မြင်တာကတော့ တစ်ယောက်မှ မလွတ်ဘဲ၊ ပုဒ်မတစ်ခုခုနဲ့ ငြိအောင်လုပ်တာပဲ။ ကျနော်တို့က ဘာမှဝှက်ထားစရာလည်း မရှိဘူး။ ဒီဟာက အီးမေးလ်ပို့တဲ့ကိစ္စနဲ့ တရားစွဲတာ။ အီးမေးလ် ပို့တဲ့ကိစ္စကလည်း ၂၀၁၄ ခုနှစ်က။ နောက်တခုက အဲဒီအချိန်မှာ လောက်ကိုင်မှာ စစ်ဖြစ်နေတယ်။ တဘက်ကလဲ ဒါက ဦးသိန်းစိန်လက်ထက်။ တဘက်က NCA စာချုပ် ဖြစ်ပေါ်ရေးအတွက် လုပ်ကိုင်နေတဲ့ လက်မှတ်ထိုးပွဲလုပ်ဖို့ကို ကြိုးစားနေချိန်။ ကျနော်တို့က အဲဒီအချိန်မှာ ဘာသဘောထား ရှိသလဲဆိုတော့ TNLA နဲ့ MNDAA ပါလာဖို့အတွက်ကို ဖြစ်စေချင်တော့ ကျနော်တို့က တရုတ်ကို လှမ်းပြီးတော့ ပြောတဲ့ အီးမေးလ်။ အဲဒီထဲမှာ Burmanization ဆိုတဲ့ အသုံးက ပါသွားတယ်။ ဒါကလဲ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိတာကို ပြောတဲ့အပေါ် ကောက်ချက်ဆွဲ ရတဲ့ဟာနဲ့ ဆွဲချိတ်လိုက်တာပါ။

မေး ။ ။ အဲဒီတော့ ကိုမြအေး ထောင်ထဲက ထွက်လာတဲ့အချိန်မှာ ကြိုဆိုနေတဲ့ လူတွေကို တွေ့ထဲအချိန်မှာ အကိုပြောတာက ပြည်သူတွေနဲ့ တသားတည်း ရပ်တည်သွားမယ်ဆိုတော့ အဲဒါက ဘယ်လိုမျိုး ရပ်တည်သွားဖို့ ရှိပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့က ပြည်သူ့ရဲ့ ကျောထောက်နောက်ခံနဲ့ ရပ်တည်ကြတာ။ မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာ၊ ကျနော့်ရဲ့ဒုက္ခ။ ကျနော်လည်း ပြည်သူပဲလေ။ မြန်မာပြည်သူထဲက တစ်ဦးလေ။ မြန်မာပြည်သူတွေရဲ့ ဒုက္ခသုတ်ခတွေကို အတူတူခံစားရမှာပဲ။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေက ကျနော့်ရဲ့ မျှော်လင့်ချက်တွေပဲ။ အထူးသဖြင့် နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံရေးသမားတယောက်ဟာ ပြည်သူလူထုရဲ့ ဘာဖြစ်ချင်လဲ။ လိုလားတောင်းတချက်တွေ ဆန္ဒတွေအားလုံးကို ဘယ်လိုဖော်ဆောင်ပေးမလဲဆိုတာကို စဉ်းစားရမှာ။ အဲဒီတော့ မြန်မာပြည်သူတွေရဲ့ ဒုက္ခသုတ်ခတွေနဲ့အတူတူ ဒီလောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်က မျက်နှာလွှဲခဲပစ် ဘာမှမလုပ်နိုင်ပါဘူး။ ကျနော်က ဒီနိုင်ငံမှာမွေးတယ်၊ ဒီနိုင်ငံမှာ ကြီးလာတယ်။ ဒီနိုင်ငံသူ နိုင်ငံသားတွေရဲ့ ကောင်းမှုကြောင့် ကျနော် ဒီအခြေအနေ ရောက်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကျနော်က ဒီနိုင်ငံပေါ် သစ္စာရှိရှိနဲ့ ဘယ်လို ဆက်လုပ်မလဲဆိုတာကို ဒါပဲစဉ်းစားရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးစကားအရ ပြောမယ်ဆိုရင် - ဒါကတော့ အရပ်ပြောပြောနေတာ။ နိုင်ငံရေးစကားအရ ပြောမယ်ဆိုရင်တော့ မြန်မာပြည်သူတွေ လိုလားတာ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်တယ်။ ဒီမိုကရေစီ ရှင်သန်တဲ့ နိုင်ငံတခု ဖြစ်ချင်တဲ့ စီးပွားရေးဘဝတွေ၊ လူမှုရေးဘဝတွေ။ သူတို့ရဲ့ နိုင်ငံရေး မျှော်မှန်းတမ်းတချက်တွေ ပြည့်စုံစေချင်တယ်။ လုံခြုံမှု ရှိစေချင်တယ်။ အဲဒီအခြေအနေတွေ ဖြစ်သွားအောင် ကျနော်တို့ နိုင်ငံရေး ရှင်သန်မှု အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုဖြစ်သင့်သလဲ။ အဲဒါတွေကတော့ လုပ်ရကိုင်ရ ပြောရဆိုရတော့ ရှိလိမ့်မယ်။

မေး ။ ။ အဲဒါဆိုရင် နိုင်ငံရေးအရကြတော့ ဘယ်လိုမျိုး ရပ်တည်သွားဖို့ ရှိသလဲ။

ဖြေ ။ ။ နိုင်ငံရေးလမ်းကြောင်းအရပြောတာ အမျိုးမျိုးအသီးသီး ကွဲပြားမှုတွေတော့ ရှိကြလိမ့်မယ်။ အသီးသီးကွဲပြားမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် ဘာမှမဝေဖန်ချင်ဘူး။ သူတို့ ယုံကြည်ရာ လုပ်တာ ဖြစ်ပါတယ်။ ကျနော်လည်း ကျနော် ယုံကြည်ရာကိုလုပ်မှာ ဖြစ်ပါတယ်။ သေချာတာတခုကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲလည်း ဝင်ခဲ့တဲ့လူလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့လူ မဟုတ်ဘူး။ အဲဒီလိုပဲ လာမယ့်ရွေးကောက်ပွဲတွေ - ဗမာပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းက နဂိုကတည်းက ပြောခဲ့ပါတယ် - ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းရမယ့် မှတ်တိုင်ပဲ ဖြစ်တယ်။ ဒါက ကျနော်တို့ရဲ့ ပန်းတိုင်မဟုတ်ဘူး။ အဖြေလည်း မဟုတ်ဘူး။ အခုဆို ပိုဆိုးသွားတယ်။ ပိုဆိုးသွားတော့ ဒီအခြေအနေကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒီနေ့ ခြောက်ရက်ရှိပြီ လွတ်လာတာ။ အဲဒီတော့ ဒီဟာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို Brainstorming လုပ်ရမယ်။ အများကြီးပါ။ နည်းလမ်းတွေလည်း ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ကျနော် အကြိမ်ကြိမ်လည်း ပြောပါတယ် - ကျနော်က Non-violence နဲ့သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်ဆုံးမေးခွန်းကတော့ ထောင်ထဲမှာ Generation Z လူငယ်မျိုးဆက်သစ်တွေကို အများကြီးတွေ့ရတဲ့အချိန်မှာ အကို စောစောကလည်း ပြောသွားပါတယ်။ တကယ့်ကို သူတို့အနာဂတ်အတွက် ယူကြုံးမရ ဖြစ်မိတယ်ပေါ့။ ဆိုတော့ ထောင်ထဲမှာကော ဒီလူငယ်တွေရဲ့ ရပ်တည်ချက်ကို ဘယ်လိုတွေ့ရသလဲ။

ဖြေ ။ ။ အဓိကတော့ ရေကြည်အိုင်ကနေ ထောင်ထဲရောက်ချိန်မှာ သီးသန့်မှာ နေရတာ။ ကျနော်တို့နေရတဲ့ သီးသန့်တိုက်နဲ့ ရှေ့ကအဆောင်တွေက ကပ်နေတာ။ ကပ်နေတယ်ဆိုတော့ အဆောင်ဝရန်တာကနေ ကလေးတွေက အားအားအုအု ဦးမြအေး ကျန်းမာရေး ဂရုစိုက်၊ အေးအေးဆေးဆေး အနားယူ အဲဒီလိုမျိုး ဝိုင်းအားပေးတယ်။ ကလေးတွေက ကျနော်ကို ပြန်အားပေးတာ။ လူငယ်တွေက။ ကျနော် ကြည့်လိုက်တဲ့အခါမှာ ကလေးတွေအားလုံးက အခုနပြောသလို ဖူးယောင်နေကြတဲ့ ကလေးတွေနဲ့ လက်ကျိုးနေတဲ့ ကလေးတွေ၊ ခေါင်းပတ်တီးစီးထားတဲ့ ကလေးတွေဆိုတော့ ကျနော် မျက်ရည်ကျမိတယ်။ စိတ်လည်းမကောင်းဘူး။ ကျနော်တို့မှာ ပိုပြီးတော့ တာဝန်လည်းကြီးသွားပြီ။ ဒီကလေးတွေ အကုန်လုံးကို ထောင်ထဲမှာ မထားချင်ဘူး။ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ဟာထက် ပိုကြမ်းတမ်းတဲ့လမ်းကို သူတို့ လျှောက်နေရပြီလို့ ကျနော် မြင်တယ်။ ဒီကလေးတွေ အကုန်လုံးကို ထောင်ထဲမှာ မထားနိုင်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်ရေး၊ ဒီကလေးတွေ အကုန်လုံး လွတ်မြောက်ရေး၊ မိသားစုတွေနဲ့လည်း ပြန်လည်ဆုံတွေ့ရေးအတွက် ကျနော်တို့အကြီးတွေမှာ တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့် တတ်နိုင်သမျှ တာဝန်ယူလုပ်ပါမယ်။ နောက်တခုက ကျနော်တို့က အနာဂတ်မျိုးဆက်သစ်တွေရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်အောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အနာတ်မျိုးဆက်သစ်တွေက သူတို့ခေတ်မှာ သူတို့သမိုင်းကို သူတို့ဘာသာ ရေးထိုးတာနဲ့ ပတ်သက်ပြီး ကျနော်တို့က အပေါ်ကနေ အုပ်မိုးထားပြီး၊ ဆရာကြီးလုပ်စရာအကြောင်း မရှိဘူးလို့ ကျနော်မြင်ပါတယ်။ ဒီလောက်ပါပဲ ဒါက တည့်တည့်ပဲ ပြောတာပါ။

XS
SM
MD
LG