သိပ္ပံပညာဟာ သာမန်အားဖြင့် အမျိုးသားတွေ အားသန်တဲ့ ဘာသာရပ်လို့ ယူဆရပေမဲ့ အမျိုးသမီးတွေလည်း သိပ္ပံပညာမှာ ထူးချွန်နိုင်ကြပါတယ်။ အထူးသဖြင့် စိတ်ဝင်စားမှုရှိပြီး အချိန်ကို စနစ်တကျနဲ့ အသုံးချတတ်ဖို့သာ လိုတာပါ။ မနန်းလှိုင်တင်မောင်ကတော့ အမေရိကန်ပြည်ထောင်စု Massachusetts တက္ကသိုလ်မှာ ပါရဂူဘွဲ့ရပြီး Harvard တက္ကသိုလ်မှာ Postdoctoral သင်တန်း တက်ခဲ့သူပါ။ သိပ္ပံပညာကို အထူးပြုလေ့လာခဲ့ပုံအကြောင်းနဲ့ ပတ်သက်ပြီး မနန်းလှိုင်ကို ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေါ်လှလှသန်းက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။