ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က စင်္ကာပူမှာ မြန်မာအစိုးရပိုင် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့လေကြောင်း (Myanma Airways) ဟာ၊ အမေရိကန် ကုမ္ပဏီကြီး General Electric (GE) ရဲ့ လေယာဉ် ငှားရမ်းခြင်းနဲ့ ဘဏ္ဍာငွေ ရှာဖွေခြင်း လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ (GECAS - General Electric Aviation Services) နဲ့၊ မြန်မာ့လေကြောင်း အတွက် ခရီးသည်တင် Boeing ဂျက်လေယာဉ် အသစ် (၁၀)စီး ငှားရမ်းမှုဆိုင်ရာ၊ နားလည်မှုစာချွန်(MOU) ကို ချုပ်ဆိုခဲ့ပါတယ်။
ဒီစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး Derek Mitchel ရဲ့ ရှေ့မှောက်မှာ ချုပ်ဆိုခဲ့ကြတာပါ။ ဒါဟာ ဆယ်စုနှစ် များစွာအတွင်း မြန်မာအစိုးရပိုင် စီးပွားရေး လုပ်ငန်းတစ်ခုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတစ်ခုတို့ ပထမဆုံးအကြိမ် ငွေကြေးပမာဏ အကြီးမားဆုံး စီးပွားဖက်စပ် လုပ်ကိုင်သွားကြဖို့ ချုပ်ဆိုကြတဲ့ စာချုပ်လည်းဖြစ်ပါတယ်။ မြန်မာ့လေကြောင်းက GECAS ဆီကနေ ဂျက်လေယာဉ် အသစ်တွေဖြစ်ကြတဲ့ Boeing 737 -800 ခြောက်စီးနဲ့ Boeing 737-MAX လေးစီးတို့ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၆၀ နဲ့ ငှားရမ်းခဲ့ပြီးတော့၊ ဒီ Boeing လေယာဉ်ကြီးတွေကို ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း၊ GECAS က မြန်မာနိုင်ငံကို အသုတ်လိုက် ပေးပို့ရမှာ ဖြစ်ပါတယ်။
ဒီ MOU နားလည်မှု စာချွန်ကို သွားရောက် လက်မှတ်ရေးထိုးခဲ့တဲ့၊ မြန်မာ့လေကြောင်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းကို၊ VOA ဝိုင်းတော်သား ဦးရော်နီညိမ်းက နေပြည်တော်မှာ သီးသန့် တွေ့ဆုံမေးမြန်း ထားပါတယ်။