သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD အစိုးရ ကိုယ္စားျပဳတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ဆက္သြယ္ေမးျမန္းခန္း


လက္ရွိ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ဆိုးရြားေနတဲ့ အေျခအေနေတြကို ၀င္ေရာက္ကိုင္တြယ္ဖို႔ ကုလသမဂၢက ဘက္ေပါင္းစံုကေန ခ်င့္ခ်ိန္စဥ္းစားေနၿပီျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဗီြအိုေအကိုေျပာပါတယ္။

လက္ရွိ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ဆိုးရြားေနတဲ့ အေျခအေနေတြကို ၀င္ေရာက္ကိုင္တြယ္ဖို႔ ကုလသမဂၢက ဘက္ေပါင္းစံုကေန ခ်င့္ခ်ိန္စဥ္းစားေနၿပီျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဗီြအိုေအကိုေျပာပါတယ္။
ေသာၾကာေန႔က နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ ျမန္မာ့အေရး အလြတ္သေဘာေဆြးေႏြးပြဲမွာလည္း အာဏာသိမ္းမႈကိုရပ္တန႔္ေအာင္ ကုလသမဂၢအေနနဲ႔ အျပင္းထန္ဆံုးအေရးယူေဆာင္ရြက္ဖို႔ သူကိုယ္တိုင္ တိုက္တြန္းခဲ့ပါတယ္။
အဲဒီေဆြးေႏြးပဲြမွာလည္း သူ႔အေနနဲ႔ စစ္အာဏာသိမ္းတာကို လက္မခံေၾကာင္းနဲ႔ NLD အစိုးရကိုပဲ ကိုယ္စားျပဳေၾကာင္း ေၾကညာခဲ့တာပါ။ လက္ရွိ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ ဖမ္းဆီးခံထားရတဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဖဲြ႕စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ဆက္သြယ္ ေဆာင္ရြက္ဖို႔ရွိေနတယ္လို႔လည္း သံအမတ္ႀကီးက ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္
ျမန္မာသံတမန္ ၀န္ထမ္းေတြအေနနဲ႔လည္း ျပည္သူေတြနဲ႔ တသားတည္းရွိေနေၾကာင္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဗီြအိုေအကို ေျပာပါတယ္။

NLD အစိုးရရဲ႕ႏိုင္ငံျခားေရးမူ၀ါဒအတိုင္း ရပ္တည္ေဆာင္ရြက္သြားမယ့္အေျခအေနေတြနဲ႔ ပတ္သက္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

---------------------------------
NLD အစိုးရကိုပဲ ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းခန်း

လက်ရှိ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို ဝင်ရောက်ကိုင်တွယ်ဖို့ ကုလသမဂ္ဂက ဘက်ပေါင်းစုံကနေ ချင့်ချိန်စဉ်းစားနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကိုပြောပါတယ်။
သောကြာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာလည်း အာဏာသိမ်းမှုကိုရပ်တန့်အောင် ကုလသမဂ္ဂအနေနဲ့ အပြင်းထန်ဆုံးအရေးယူဆောင်ရွက်ဖို့ သူကိုယ်တိုင် တိုက်တွန်းခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာလည်း သူ့အနေနဲ့ စစ်အာဏာသိမ်းတာကို လက်မခံကြောင်းနဲ့ NLD အစိုးရကိုပဲ ကိုယ်စားပြုကြောင်း ကြေညာခဲ့တာပါ။ လက်ရှိ အရပ်သားအစိုးရ ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ဆက်သွယ် ဆောင်ရွက်ဖို့ရှိနေတယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါအပြင်
မြန်မာသံတမန် ဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူတွေနဲ့ တသားတည်းရှိနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။
NLD အစိုးရရဲ့နိုင်ငံခြားရေးမူဝါဒအတိုင်း ရပ်တည်ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG