ကမ္ဘာပေါ်မှာ အကြီးဆုံး လူငယ်အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်သမဂ္ဂ IUSC ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယဥက္ကဌအဖြစ်နဲ့ ကရင်တိုင်းရင်းသူ နော်မေဘယ်လ်ထူး ရွေးချယ်ခံခဲ့ရပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ အထက်တန်းကျောင်းတကျောင်းကို တည်ထောင်ပေးခဲ့သူ အသက် ၂၀ ကျော်ပဲရှိသေးတဲ့ နော်မေဘယ်လ်ထူးကို ဒေါ်လှလှသန်းက မေးမြန်းပြီး ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။