အမေရိကန်အခြေစိုက် Inter Action အဖွဲ့အစည်းကြီးကနေပြီးတော့ နှစ်စဉ် လူမှုရေး ထူးချွန်ဆုတွေကို ဧပြီလကုန်ပိုင်းမှာ ချီးမြှင့်လေ့ရှိပါတယ်။ ဒီနှစ် ဆုရရှိတဲ့ ဆုရှင်တွေထဲမှာ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ KWAG ကို ဦးဆောင်တဲ့ နော်ဆူဇန်လှလှစိုး လည်း ပါဝင်ပါတယ်။ ဒါကြောင့် ကလေးငယ်များနဲ့ အမျိုးသမီးအရေး၊ ဒုက္ခသည်များအရေးတွေကို ဆောင်ရွက်နေတဲ့ နော်ဆူဇန်လှလှစိုး အမေရိကန်ပြည်ထောင်စုကို ရောက်နေစဉ်မှာ ဒေါ်လှလှသန်း က မေးမြန်းပြီးတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။