ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ အရှိန်အဟုန် မြင့်နေပါပြီ။ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေ ၄၀ ကျော်အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးတွေ ပါဝင်တာတွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဖြူဖြူငြိမ်း ကတော့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကနေပြီးတော့ မရမ်းကုန်းမြို့နယ်မှာ ၀င်ပြီးတော့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အတွေ့အကြုံနဲ့ပတ်သက်လို့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။