လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အမျိုးသမီး ၈ လေးလုံး ခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းလည်း ပါဝင်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၈ ခု သြဂုတ်လက ဖမ်းဆီးခံခဲ့ရတဲ့ မနီလာသိန်းဟာ သာယာဝတီထောင်မှာ နှစ် ၆၀ ကျော် အကျဉ်းကျခံနေရတာဖြစ်ပါတယ်။ သူနဲ့အတူ ခင်ပွန်းဖြစ်သူ ၈ လေးလုံးခေါင်းဆောင် ကိုဂျင်မီ ဟာလည်း ဖမ်းဆီးခံခဲ့ရတဲ့အတွက်ကြောင့် မိဘနှစ်ဦးစလုံး အခုလို ဖမ်းဆီးခံခဲ့ရစဉ် အပြင်မှာ ၃ လသားအရွယ် သမီးငယ် နေခြည်မင်းယု ကျန်နေခဲ့ပါတယ်။ မနီလာသိန်းရဲ့ အတွေ့အကြုံ ခံစားချက်နဲ့ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။