ပအိုးဝ်တိုင်းရင်းသူ မသိင်္ဂီစိုးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Hubert Humphrey Fellowship ပညာသင်ဆု အစီအစဉ်အရ အမေရိကန် ပြည်ထောင်စု တောင်ပိုင်း လူဝိဇီယားနားပြည်နယ် Tulane တက္ကသိုလ်၊ လူထုကျန်းမာရေးနဲ့ အပူပိုင်းဒေသဆေးပညာဌာနမှာ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုနဲ့ ပတ်ဝန်ကျင်ထိန်းသိမ်းရေးပညာရပ် ကိုလေ့လာဆည်းပူးနေပါတယ်။ မြန်မာလူထုအကြား တကိုယ်ရေ သန့်ရှင်းရေးကအစ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဆုံး ပညာပေးမှုထိရောက်အောင် အစိုးရဌာန အသီးအသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်း aတွ သာမက ဒေသခံတွေကပါ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မသိဂီင်္စိုးက တိုက်တွန်းလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက မသိဂီင်္စိုးရဲ့ အတွေ့အကြုံတွေကို တွေ့ဆုံမေးမြန်းပြီး ဒီသီတင်းပတ်အတွက် အမျိုးသမီးကဏ္ဍမှာ စီစဉ် တင်ဆက်ထားပါတယ်။