ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ဂျပန်ဝန်ကြီးချုပ် တစ်ဦးအနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့ ပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန်မှာ အကျိုးတူဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ဂျပန်အစိုးရနဲ့ မြန်မာအစိုးရအကြား နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးတဲ့အခမ်းအနားကိုလည်း သက်သေအဖြစ် တက်ရောက်ခဲ့ပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဝင်းအောင်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍအဖြစ်တင်ဆက်လိုက်ပါတယ်။