သုံးရလွယ်ကူစေသည့် Link များ

အင်းလေး Princess ဟိုတယ်လုပ်ငန်းရှင် မယဉ်မျိုးစုနဲ့ တွေ့ဆုံမေးမြန်းခန်း


အင်းလေး Princess ဟိုတယ်လုပ်ငန်းရှင် မယဉ်မျိုးစု
အမေရိကန်အခြေစိုက် Fortune 500 အဖွဲ့ကြီးကနေ ၂၀၁၃ ခု The Global Women Leaders Award ဆုပေးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့က ၀ါရှင်တန်ဒီစီမှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံက မယဉ်မျိုးစုလည်း ဆုကို တက်ရောက်လက်ခံယူသူတွေအနက် ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု တစိတ်တပိုင်းအဖြစ် အင်းလေးအမွေအနှစ် ထိန်းသိမ်းရေးအတွက် ဟိုတယ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း သင်တန်းကို ဦးစီးလုပ်ဆောင်ခဲ့တဲ့အတွက် အခုလို ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အင်းလေး Princess ဟိုတယ်လုပ်ငန်းရှင်လည်းဖြစ်တဲ့ မယဉ်မျိုးစုကို သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒေါ်လှလှသန်း က တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
XS
SM
MD
LG