သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်စကြဝဠာ ဆန်ခါတင် ရွေးချယ်ပွဲအတွက် မိုးစက်ဝိုင် ယုံကြည်မှုတက် (ဗွီအိုအေနဲ့ သီးသန့်အမေးအဖြေ)


မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာပြိုင်ပွဲဝင်နေတဲ့ မိုးစက်ဝိုင်
မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာပြိုင်ပွဲဝင်နေတဲ့ မိုးစက်ဝိုင်
ရုရှနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြဝဠာပြိုင်ပွဲဟာဆိုရင် မနက်ဖြန် နောက်ဆုံး ဖိုင်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မိုးစက်ဝိုင်ကတော့ ဒီနောက်ဆုံးဖိုင်နယ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး အရင်ကထက် ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ VOA ကိုပြောခဲ့ပါတယ်။ အခုအသံလွှင့်ချိန် မတိုင်လေးမှာပဲ VOA က မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ကြည့်ပါ။

" မနက်ဖြန်ကျတော့မှ ၁၆ ယောက်ကို သူတို့က စထွက်တာနဲ့ ငါးရက်နေ့မှာ ရွေးထားပြီးသား။ ဒါပေမဲ့ မနက်ဖြန်ကျမှ ကြေညာမယ်။ ကြေညာပြီးရင် အဲ့ဒီ့ ၁၆ ယောက်က ရေကူးဝတ်စုံနဲ့ ထပ်ပြိုင်ရမယ်။ အဲ့ဒီ့ကနေ ၁၀ ယောက်ရွေးမယ်။ ၁၀ ယောက်ကနေ ထပ်ပြိုင်ရမယ်။ အဲ့ကနေမှ ငါးယောက် ရွေးမှာပါ။ "

မေး။ ။ ဒါဆို မနက်ဖြန် တထိုင်တည်းအပြီးပေါ့။ ၁၆ ယောက်ကနေ ၁၀ ယောက်ရော၊ ငါးယောက်ရော၊ အပြီး ဖိုင်နယ်ရွေးမှာလား။

" ဟုတ်တယ်။ ဟုတ်တယ်။ ဖိုင်နယ် Crown ပါ တခါတည်း စွပ်မှာ။"

မေး။ ညီမရဲ့ အနေအထားရော ဘယ်လိုရှိလဲ။ မနက်ဖြန် ဖိုင်နယ်အတွက်ကို။

"အနေအထားကတော့ ညီမတို့အကုန်လုံးပေါ့နော်။ ပွဲဖြစ်မြောက်ရေးအတွက် လေ့ကျင့်နေကြတာပဲ။ တခါတလေကျရင် ၁၆ ယောက်ထဲမှာ ပါတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်ရတယ်။ တခါတလေကျရင် ၁၆ ယောက်တက်ဆိုပြီး ခေါ်လိုက်တယ်။ ဒါက အစမ်းလေ့ကျင့်တာပေါ့။ ၁၆ ယောက်အရွေးခံရရင် ဘယ်လို လျှောက်ရမယ်ပေ့ါ။ ဒီလိုမျိုးတွေ လုပ်နေပါတယ်။"

မေး။ ။ ဒါဆို ညီမရဲ့ခံစားချက်ရော။ စိတ်လှုပ်ရှားမှုအခြေအနေ။ မနက်ဖြန်ပွဲအတွက် ဘယ်လောက်အထိ စိတ်ထဲမှာ ရှိလဲ။

"မနက်ဖြန်ပွဲနဲ့ပတ်သက်ပြီးတော့ ညီမစိတ်ထဲမှာ ဘယ်လိုလဲဆိုတော့ ငါးရက်နေ့မှာ အတွေ့အကြုံမရှိဘူးပေါ့နော်။ အခုဒီ ကိုးရက်နေ့မှာ အခွင့်အရေး ထပ်ရမယ်ဆိုရင် ပိုပြီး ကောင်းအောင် လုပ်နိုင်မယ်လို့ထင်ပါတယ်။ ငါးရက်နေ့ တုန်းကတော့ ကိုယ့်ကိုကိုယ် နည်းနည်းလေး ကြောက်နေသေးတယ်လို့ ထင်တယ်။ အဲ့ဒီ့တုန်းက အခြေအနေတုန်းက အကောင်းဆုံးတော့ လုပ်ခဲ့တာပေါ့နော်။ ဒါပေမဲ့ အခုအခြေအနေအရ တကယ်လို့ ကိုးရက်နေ့မှာ ှလျှောက်ခွင့်ရမယ်ဆိုရင် ပိုကောင်းအောင် လုပ်နိုင်မယ်ထင်တယ်။ ကိုယ်က နည်းနည်းလေး ကင်မရာတွေဘာတွေ၊ ကိုးရက်နေ့ကျတော့ ဒိုင်လူကြီးကို ကြည့်ရတာမဟုတ်ပဲ ကင်မရာကို ကြည့်ရတာဖြစ်သွားပြီလေ။ ပိုပြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်ပါတယ်။"

မေး။ ဘယ်လိုတွေရော ဒီအတွက် ပြင်ဆင်ထားလဲ။

"ဘယ်လိုတွေရော အဓိကပြင်ဆင်ထားလဲဆိုတော့ ဒီ့အတွက်ချည်းတော့ သီးသန့်
ချည်းတော့ ညီမတို့မှာ ပြင်ဆင်ချိန်မရှိဘူး။ အဓိက ပွဲမှာ လေ့ကျင့်ရေးတွေပဲ ဆင်းရတယ်။ ညီမခုနက ပြောသလိုပဲ ၁၆ ယောက် တန်းစီရမယ်။ ဘယ်လို လုပ်ရမယ်။ ဘယ်လိုခေါ်ရင် ဘယ်သူက ဘယ်လိုသွားရမလဲ ဒါတွေပဲ နေ့တိုင်း လိုလို ရီဟာဇယ်အတွက်ပဲ လေ့ကျင့်နေရပါတယ်။

မေး။ ပြိုင်ဖက်တွေရဲ့ အခြေအနေရော ဘယ်လိုတွေ့ရလဲ။

"ပြိုင်ဖက်တွေရဲ့ အခြေအနေက ဒီပါလာတဲ့ အမျိုးသမီးလေးတွေ အကုန်လုံးက
အရမ်းတော်ကြပါတယ်။ အကုန်လုံးက ပွဲပေါင်းများစွာကို ဝင်ထားဖူးပြီး အတွေ့အကြုံတွေလည်း ရှိကြတယ်ပေါ့နော်။ ဒါပေမဲ့ ဒီ Miss Universe က ဘယ်လိုရွေးသလဲဆိုတာ ဒါ Misery ပါပဲ။ တခါတလေကျရင်လည်း သူတို့ ရွေးချယ်တဲ့သူ ရွေးသွားတာပေါ့နော်။ ဘယ်သူမှလည်း စည်းမျဉ်းစည်းကမ်းကြီး အတိအကျ မသိကြဘူး။ အဲ့တော့ ညီမလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဖြေရမလဲမသိဘူး။ ဒါပေမဲ့ သိတာကတော့ ဒီက အမျိုးသမီးတွေ အကုန်လုံးက တော်ကြပါတယ်။ သူတို့ဆီကလည်း ကိုယ်က လေ့လာစရာတွေ အများကြီးရှိတယ်ပေါ့နော်။ ပညာဆိုတာ ယူတတ်ရင်ရတယ်ဆိုတဲ့ သဘော အတိုင်းပဲ။ သူတို့ဆီကနေ တကယ်လို့ ပညာယူမယ်ဆိုရင်တော့ အများကြီး လေ့လာစရာတွေပါပဲ။"

မေး။ ။ ညီမအနေနဲ့ မနက်ဖြန် ပွဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက်အထိ ရှိလဲ။

"ယုံကြည်မှု... မနက်ဖြန်မှာက ညီမ ခုနကပြောသလိုပဲ၊ ဘယ်လိုပြောမလဲ ဒီ ၁၆ ယောက်ထဲ ပါသွားမယ်ဆိုရင် ငါးရက်နေ့ကထက် ပိုပြီးတော့ ကိုယ့်ကိုကိုယ် Performance ပိုကောင်းလာမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုများလာလို့ ပိုပြီး ဘာလုပ်ရမလဲဆိုတာလဲ သိလာတယ်။ ဒါဟာ မိုးစက်ရဲ့ ပထမဆုံး ပွဲအကြီးကြီး Experience ဆိုတော့ ရန်ကုန်မှာတုန်းထက်စာရင် ပိုပြီးတော့ တိုးတက်လာတယ်လို့ထင်တယ်။ ကိုးရက်နေ့မှာ ထပ်လျှောက်ခွင့်ရမယ်ဆိုရင် ဒါ့ထက် ပိုတိုးတက်လာမယ်လို့ထင်တယ်။ ယုံကြည်မှုကတော့ တဖြေးဖြေးနဲ့ တိုးလာပါတယ်။"

ဒါကတော့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့ မိုးစက်ဝိုင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG