သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေအာက္လႊတ္ေတာ္ဥကၠ႒ခင္ပြန္း တိုက္ခိုက္ခံရမႈ သမၼတ Biden ရႈတ္ခ်


ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi and ခင္ပြန္း Paul Pelosi

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ရဲ႕အိမ္ထဲအထိ လူတေယာက္ဝင္ၿပီး ခင္ပြန္းသည္ကို ႐ိုက္ႏွက္တိုက္ခိုက္ခံခဲ့တဲ့အေပၚ အေမရိကန္သမၼတ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

ေသာၾကာေန႔မနက္က လူတေယာက္က ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ရဲ႕ San Francisco ၿမိဳ႕က ေနအိမ္ထဲကို ဝင္ေရာက္ၿပီး “နန္စီဘယ္မွာလဲ” လို႔ ေအာ္ဟစ္ကာ ေအာက္လႊတ္ေတာ္ဥကၠ႒ကို လိုက္ရွာၿပီး၊ သူ႔ခင္ပြန္းကို တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္လႊတ္ေတာ္အေဆာက္အဦးကို ဝင္ေရာက္တိုက္ခိုက္ခံရစဥ္ကလည္း အၾကမ္းဖက္တိုက္ခိုက္ခဲ့သူတခ်ဳိ ႔က အဲဒီလိုမ်ိဳး နန္စီဘယ္မွာလဲဆိုၿပီး လိုက္ရွာခဲ့ၾကတာပါ။ အခုေတာ့ သူ႔ေနအိမ္ထဲအထိ ဝင္ေရာက္ရွာေဖြတိုက္ခိုက္တာဟာ အင္မတန္ဆိုးဝါးလွတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ သမၼတ Joe Biden က Philadelphia ၿမိဳ႕မွာ ေသာၾကာေန႔က လုပ္ခဲ့တဲ့ ဒီမိုကရက္တစ္ပါတီ မဲဆြယ္ပြဲတခုမွာ ေျပာၾကားခဲ့ပါတယ္။

“အခုက ရွင္းလင္းျပတ္သားတဲ့ လမ္းေၾကာင္းေပၚလာပါၿပီ။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးထဲ ဘယ္ဘက္မွာပဲရွိရွိ၊ အၾကမ္းဖက္မႈကိုေတာ့ ဆန႔္က်င္ရပ္တည္ေပးရမဲ့ လမ္းေၾကာင္းပါ၊ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ကြၽန္ေတာ္တို႔အားလုံး အတူေလွ်ာက္လွမ္းၾကဖို႔ လိုပါတယ္။” လို႔ ေျပာခဲ့တာပါ။

တိုက္ခိုက္ခံရတဲ့ ခင္ပြန္းသည္အတြက္ ေအာက္လႊတ္ေတာ္ဥကၠဌ Nancy Pelosi ကိုလည္း သမၼတက ဖုန္းနဲ႔ဆက္သြယ္ အားေပးစကားေျပာၾကားခဲ့ပါတယ္။ တိုက္ခိုက္မႈျဖစ္ခ်ိန္မွာ ေအာက္လႊတ္ေတာ္ဥကၠ႒ကေတာ့ Washington ၿမိဳ႕ေတာ္မွာ ရွိေနတာမို႔ လြတ္ေျမာက္ခဲ့ပါတယ္။ ရဲေတြေရာက္သြားခ်ိန္ တိုက္ခိုက္သူ DePape နဲ႔ Paul Pelosi တို႔ တူတေခ်ာင္းကို လုေနၾကတယ္လို႔ San Francisco ၿမိဳ႕၊ ရဲခ်ဳပ္ William Scott ကေျပာျပပါတယ္။ ရဲအရာရွိေတြ ဝင္ဆြဲမဖမ္းႏိုင္ခင္ DePape က တူကိုအတင္းလုၿပီး Paul Pelosi ကို ထု႐ိုက္ခဲ့တယ္လို႔ ရဲခ်ဳပ္က ေျပာပါတယ္။ အသက္ ၈၂ ႏွစ္အ႐ြယ္ Paul Pelosi ျပင္းထန္ေခါင္းဒဏ္ရာနဲ႔ ေဆး႐ုံမွာ ခြဲစိတ္ခံခဲ့ရၿပီး၊ အခုေတာ့ အေျခအေနေကာင္းလာတယ္လို႔လည္း ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ကသူ႔ကို ေျပာျပတယ္လို႔ သမၼတ Biden က ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ လႊတ္ေတာ္သက္တမ္းဝက္ ေ႐ြးေကာက္ပြဲက်င္းပဖို႔ သီတင္းႏွစ္ပါတ္ေတာင္ မလိုေတာ့ခ်ိန္မွာျဖစ္တဲ့ တိုက္ခိုက္မႈအတြက္ အတိုက္အခံ ရီပတ္ဘလစ္ကင္ပါတီရဲ႕ အထက္လႊတ္ေတာ္ေခါင္းေဆာင္ ၾသဇာေညာင္းတဲ့ ဝါရင့္အမတ္ Mitch McConnell အပါအဝင္ အတိုက္အခံပါတီအဖြဲ႔ဝင္ေတြကလည္း ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ဟာ အေမရိကန္မွာ သမၼတနဲ႔ ဒုသမၼတၿပီးရင္ ရာထူးအျမင့္ဆုံး ျဖစ္ပါတယ္။

တိုက္ခိုက္သူ DePape ကို အခု ဆန္ဖရင္စၥကိုက ရဲအခ်ဳပ္စခန္းမွာ ထိန္းသိမ္းထားၿပီး ေသေစေလာက္တဲ့ လက္နက္နဲ႔တိုက္ခိုက္မႈ၊ ေဖာက္ထြင္းဝင္ေရာက္မႈတို႔နဲ႔ တရားစြဲထားပါတယ္။

=== Unicode ====

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့အိမ်ထဲအထိ လူတယောက်ဝင်ပြီး ခင်ပွန်းသည်ကို ရိုက်နှက်တိုက်ခိုက်ခံခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

သောကြာနေ့မနက်က လူတယောက်က အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ San Francisco မြို့က နေအိမ်ထဲကို ဝင်ရောက်ပြီး “နန်စီဘယ်မှာလဲ” လို့ အော်ဟစ်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌကို လိုက်ရှာပြီး၊ သူ့ခင်ပွန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်အဆောက်အဦးကို ဝင်ရောက်တိုက်ခိုက်ခံရစဉ်ကလည်း အကြမ်းဖက်တိုက်ခိုက်ခဲ့သူတချို့က အဲဒီလိုမျိုး နန်စီဘယ်မှာလဲဆိုပြီး လိုက်ရှာခဲ့ကြတာပါ။ အခုတော့ သူ့နေအိမ်ထဲအထိ ဝင်ရောက်ရှာဖွေတိုက်ခိုက်တာဟာ အင်မတန်ဆိုးဝါးလှတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Joe Biden က Philadelphia မြို့မှာ သောကြာနေ့က လုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

“အခုက ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းပေါ်လာပါပြီ။ ကျွန်တော်တို့ နိုင်ငံရေးထဲ ဘယ်ဘက်မှာပဲရှိရှိ၊ အကြမ်းဖက်မှုကိုတော့ ဆန့်ကျင်ရပ်တည်ပေးရမဲ့ လမ်းကြောင်းပါ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကျွန်တော်တို့အားလုံး အတူလျှောက်လှမ်းကြဖို့ လိုပါတယ်။” လို့ ပြောခဲ့တာပါ။

တိုက်ခိုက်ခံရတဲ့ ခင်ပွန်းသည်အတွက် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ကိုလည်း သမ္မတက ဖုန်းနဲ့ဆက်သွယ် အားပေးစကားပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌကတော့ Washington မြို့တော်မှာ ရှိနေတာမို့ လွတ်မြောက်ခဲ့ပါတယ်။ ရဲတွေရောက်သွားချိန် တိုက်ခိုက်သူ DePape နဲ့ Paul Pelosi တို့ တူတချောင်းကို လုနေကြတယ်လို့ San Francisco မြို့၊ ရဲချုပ် William Scott ကပြောပြပါတယ်။ ရဲအရာရှိတွေ ဝင်ဆွဲမဖမ်းနိုင်ခင် DePape က တူကိုအတင်းလုပြီး Paul Pelosi ကို ထုရိုက်ခဲ့တယ်လို့ ရဲချုပ်က ပြောပါတယ်။ အသက် ၈၂ နှစ်အရွယ် Paul Pelosi ပြင်းထန်ခေါင်းဒဏ်ရာနဲ့ ဆေးရုံမှာ ခွဲစိတ်ခံခဲ့ရပြီး၊ အခုတော့ အခြေအနေကောင်းလာတယ်လို့လည်း အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကသူ့ကို ပြောပြတယ်လို့ သမ္မတ Biden က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပါတ်တောင် မလိုတော့ချိန်မှာဖြစ်တဲ့ တိုက်ခိုက်မှုအတွက် အတိုက်အခံ ရီပတ်ဘလစ်ကင်ပါတီရဲ့ အထက်လွှတ်တော်ခေါင်းဆောင် သြဇာညောင်းတဲ့ ဝါရင့်အမတ် Mitch McConnell အပါအဝင် အတိုက်အခံပါတီအဖွဲ့ဝင်တွေကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ အမေရိကန်မှာ သမ္မတနဲ့ ဒုသမ္မတပြီးရင် ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။

တိုက်ခိုက်သူ DePape ကို အခု ဆန်ဖရင်စ္စကိုက ရဲအချုပ်စခန်းမှာ ထိန်းသိမ်းထားပြီး သေစေလောက်တဲ့ လက်နက်နဲ့တိုက်ခိုက်မှု၊ ဖောက်ထွင်းဝင်ရောက်မှုတို့နဲ့ တရားစွဲထားပါတယ်။

XS
SM
MD
LG