သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗလီမီးလောင်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့


မူဆလင်ကလေး ၁၃ ယောက် သေဆုံးခဲ့ရတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲက ဗလီကျောင်းတခု မီးလောင်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ ဒေသခံတာဝန်ရှိသူတွေပြောတဲ့ မီးလောင်မှုကို စစ်ဆေးဖို့ စုံစမ်းရေးအဖွဲ့တခု ဖွဲ့လိုက်တာကို အစိုးရထုတ် သတင်းစာတွေမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထား ပါတယ်။

သာသနာရေးဦးစီးဌာန၊ ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးအဖွဲ့၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့က စုစုပေါင်း တာဝန်ရှိသူ ၇ ယောက် ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ မီးလောင်မှု ဖြစ် ပွားရတဲ့ အကြောင်းရင်းကို ဧပြီလ ၅ ရက်နေ့ သောကြာနေ့ နောက်ဆုံးထားပြီး စိစစ်၊ သုံးသပ် အကြံပြုချက် တင်ပြရမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မူဆလင်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်း အဆောက်အဦးတွေကို တိုက်ခိုက် ဖျက်ဆီးမှုတွေ မကြာခင်က ဖြစ်ပွားခဲ့လို့ တင်းမာမှုတွေ ဖြစ်နေချိန် ၄၈ လမ်းက ဗလီမှာ အင်္ဂါနေ့က မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကတော့ ရန်ကုန်မြို့တဝှမ်း က ဗလီတွေရှိတဲ့ လမ်းတွေနားမှာ ရဲတွေက ကင်းလှည့်နေပြီး လုံခြုံရေး တင်းကျပ်ထားတယ် လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
XS
SM
MD
LG