သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် နယ်မြေတိုးချဲ့ရှာဖွေမည်


မေလေးရှား နိုင်ငံတကာလေဆိပ်မှာ တွေ့ရတဲ့ ပျောက်ဆုံးလေယာဉ်ကို ပြန်တွေ့ဖို့ မျှော်လင့်ကြောင်း ဆိုင်းဘုတ်။ (မတ်လ ၁၀၊ ၂၀၁၄)
မေလေးရှား နိုင်ငံတကာလေဆိပ်မှာ တွေ့ရတဲ့ ပျောက်ဆုံးလေယာဉ်ကို ပြန်တွေ့ဖို့ မျှော်လင့်ကြောင်း ဆိုင်းဘုတ်။ (မတ်လ ၁၀၊ ၂၀၁၄)
စနေနေ့ကပျောက်ဆုံးသွားတဲ့ လူပေါင်း ၂၃၉ ယောက်ပါ မလေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေဖို့ နယ်နိမိတ် သိသိသာသာတိုးချဲ့ သတ်မှတ်လိုက်တယ်လို့ မလေးရှားအာဏာပိုင်တွေကပြောဆိုပါတယ်။
ရက်အတန်ကြာ ရှာဖွေနေပေမယ့် ဘာသဲလွန်စမှ ရှာဖွေလို့မရခဲ့တဲ့နောက် အင်္ဂါနေ့ကစပြီး ရှာဖွေတဲ့ နယ်နမိတ်ကို တိုးချဲ့သတ်မှတ်လိုက်ကြောင်း မလေးရှားနိုင်ငံ လေကြောင်းညွှန်ကြားမှုဦးစီးဌာနရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေ လေယာဉ်ပေါ်ကနေ Tho Chu ကျွန်းကို ဓာတ်ပုံရိုက်ယူနေစဉ်။ (မတ်လ ၁၀၊ ၂၀၁၄)
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေ လေယာဉ်ပေါ်ကနေ Tho Chu ကျွန်းကို ဓာတ်ပုံရိုက်ယူနေစဉ်။ (မတ်လ ၁၀၊ ၂၀၁၄)

နိုင်ငံအတော်များများက ကူညီဖို့စေလွှတ်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်ပျောက်ဆုံးသွားတဲ့ နေရာတဝိုက် မိုင် ၆ဝ ပတ်လည်တဝိုက်ကို ဝိုင်းဝန်းရှာဖွေနေခဲ့ကြတာပါ။

ဗီယက်နမ်ကမ်းခြေတဝိုက်မှာ ပင်လယ်ပြင်မှာတွေ့ခဲ့ရတဲ့ ဆီကွက်ကြီးတွေဟာ ပျောက်ဆုံးသွားတဲ့ လေယာဉ်နဲ့ ဆက်နွယ်မှုမရှိကြောင်း စုံစမ်းစစ်ဆေးသူတွေက တနင်္လာနေ့မှာ ပြောဆိုက်လိုက်ပြီးတဲ့နောက် လေယာဉ်ပျောက်ဆုံးနေမှုဟာ ပိုပြီးတော့ စဉ်းစားရကြပ်လာစရာဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ်တောင်ပိုင်းရေပြင်မှာ အပျက်အစီးအပိုင်းအစတွေ တွေ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပေမယ့် ပျောက်သွားတဲ့ Boeing 777 လေယာဉ်က အပိုင်းအစတွေကို ရှာဖွေရေးသမားတွေ မတွေ့ဘူးလို့ ဖော်ထုတ်စုံစမ်းသူတွေက ပြောပါတယ်။

လေယာဉ်အမှတ် MH370 ဟာ မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ၊ ပီကင်းမြို့တော်ကို ဦးတည်ပျံတက်သွားပြီး တနာရီလောက်အကြာ စနေနေ့မနက်အစောကြီးမှာပဲ ရေဒါကနေ ပျောက်သွားခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်း ခရီးစဉ် MH 370 ရဲ့ လမ်းကြောင်းပြမြေပုံ။
ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်း ခရီးစဉ် MH 370 ရဲ့ လမ်းကြောင်းပြမြေပုံ။
XS
SM
MD
LG