သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ်အမြီးပိုင်းကို ဆယ်ယူနိုင်ပြီ


AirAsia လေယာဉ်ပျက်ရဲ့ အမြီးပိုင်းကို ဆယ်ယူရရှိလာစဉ်။ (ဇန်နဝါရီ ၁၀၊ ၂၀၁၅)
AirAsia လေယာဉ်ပျက်ရဲ့ အမြီးပိုင်းကို ဆယ်ယူရရှိလာစဉ်။ (ဇန်နဝါရီ ၁၀၊ ၂၀၁၅)

ဒီဇင်ဘာ ၂၈ ရက်နေ့က ပျက်ကျခဲ့တဲ့ Air Asia လေယာဉ်ရဲ့ အမြီးပိုင်းကို ဂျားဗားပင်လယ်ထဲကနေ ဆယ်ယူနိုင်ခဲ့ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက
ပြောပါတယ်။ ပင်လယ်ကြမ်းပြင်မှာတေ့ွရတဲ့ လေယာဉ်အမြီးကို ရေပေါ်ရောက်အောင် ဆယ်ယူရေးအဖွဲ့တွေက ရေပေါ် ဘောလုံးတွေချိတ်ပြီး ဆယ်ယူခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူးတွေပြောနေတဲ့ အသံတွေကို မှတ်တမ်းတင်ထားတဲ့ Recorder တွေ လေယာဉ်အမြီးထဲမှာ ရှိနေဦးမယ်လို့ စုံစမ်းစစ်ဆေးသူတွေက
မျှော်လင့်နေပါတယ်။ လေယာဉ်ဘာကြောင့် ပျက်ကျရသလဲဆိုတာကို သိနိုင်ဖို့အတွက် လေယဉ်အမြီးကို ပြန်ရဖို့ လိုအပ်ပါတယ်။

လေယာဉ်ပျံသန်းမှုမှတ်တမ်းတင် Black box ကထွက်နေတဲ့ Ping signal အသံတွေကိုလည်း ရှာဖွေသူတွေ သောကြာနေ့က ကြားခဲ့ကြပါတယ်။ Black box မှတ်တမ်းတင်စက်ကတော့ လေယာဉ်အမြီးပိုင်းထဲမှာ ရှိနေပုံမရတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ် နောက်ဆုံးရောက်ခဲ့တယ်လို့ သိထားတဲ့နေရာကနေ ၁၈ မိုင်လောက်အကွာ ရေအောက်အနက် ပေ ၁၀၀ လောက်မှာ လေယာဉ်အမြီးကို ပြန်တွေ့ခဲ့တာပါ။

လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၁၆၂ ယောက်ပါသွားတဲ့ Airbus ၃၂၀ အမျိုးအစား Air Asia လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ ကနေ Singapore နိုင်ငံဆီ အသွားလမ်းတဝက် မရောက်ခင်မှာပဲ ဂျားဗားပင်လယ်မြောက်ပိုင်းပေါ်မှာ Rader ထဲကနေ ပျောက်သွားခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်နေသူမရှိခဲ့ပေမဲ့ လောလောဆယ်အထိ အလောင်း ၄၈ လောင်းကိုပဲ ပြန်ဆယ်ရထားပါတယ်။

XS
SM
MD
LG