သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အိမ်ယာများ မုတ်သုန်ရာသီအမီ ပြုပြင်


ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ ရေကြီးနေစဉ်
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ ရေကြီးနေစဉ်

ဘင်္ဂလားဒေရှ့် နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိရာ ဒေသကို အစောဆုံး ဒီသတင်းပတ် အစောပိုင်းမှာ မုတ်သုန်ရာသီ မိုးဒဏ်ခံရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ အတူ ခနော်နီ ခနော်နဲ့ ဆောက်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အိမ်ယာတွေ ပိုပြီး ခိုင်ခန့်လာစေရေး အတွက် အကူအညီပေးရေး အဖွဲ့အစည်းတွေ အမြန်ဆောင်ရွက်နေကြပါတယ်။

ဂျီနီဗာကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်တို့က ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဇ်ဘဇားက ဖြစ်သလို ဆောက်ထားရတဲ့ စခန်းတွေမှာ အပြည့်အကျပ် နေနေကြတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ နောက် အဲဒီ ဒေသမှာ နေထိုင်ကြသူတွေ အတွက်တော့ မကြာခင် ကျရောက်တော့မယ့် မုတ်သုန်ရာသီမှာ ရေကြီး မြေပြိုမှုတွေဒဏ် ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာပါ။ မုတ်သုန်ရာသီတွင်း ဆိုင်ကလုန်း မုန်တိုင်းဒဏ်၊ မိုးသည်ထန်မှုဒဏ်ကြောင့် ရေစီးထဲ မျောပါ မသွားစေရေး ဒုက္ခသည်တွေ နေထိုင်ရာ တဲအိမ်တွေ၊ စခန်းတွေ ပိုပြီး ခိုင်ခံ့အောင် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းတွေက အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြတာပါ။

ဒုက္ခသည်တွေ ခိုလှုံရာ စခန်းတွေက ပြသနာပေါင်းစုံနဲ့ အခြေအနေမှာ ရှိတယ်လို့ IOM ပြောခွင့်ရ Joel Millman က ဗွီအိုအေကို ပြောပါတယ်။ မိုးမရွာဘူးဆိုရင်တောင်မှာ ဘေးဒဏ် မခံနိုင်တဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်ကြသူ အများအပြား အတွက် ဘေးသင့်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"ကျနော်တို့ တွေးထားတာကတော့ တောင်တွေ ပြိုကျခဲ့ရင် လူတွေဆီကို ဘယ်လိုမှ မရောက်နိုင်တော့ပါဘူး။ တံတားတွေလည်း ပြိုသွားမှာ ဖြစ်ပြီး လမ်းတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ဘက်က လုပ်နိုင်တာကတော့ ပြင်ဆင်ထားဖို့ပါဘဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းရှင်းလင်းလင်း ပြောလိုတာကတော့ IOM တခုတည်းတင် မဟုတ်ပါဘူး အားလုံးတို့က လူတသန်းလောက် အပေါ် သက်ရောက်နိုင်ခြေ ရှိတာတွေကို ကာကွယ်နိုင်ဖို့ ပြင်ဆင်နေကြတာပါ။"

IOM အနေနဲ့တော့ မုတ်သုန်ရာသီမှာ ရာသီဥတုဒဏ် ပိုပြီး ခံနိုင်ရည် ရှိစေဖို့ တံတားတွေ၊ လမ်းတွေ ဖောက်လုပ်ပေးတာမျိုး၊ရေစီးရေလာကောင်းစေရေး၊ တောင်စောင်းတွေ ပြိုမကျရေးကို ကာကွယ်ပေးတာမျိုးတွေကို အဓိကထား ဆောင်ရွက်နေပါတယ်။ ကောဇ်ဘဇား တောင်ပိုင်း မြို့နယ်ခွဲ တခုဖြစ်တဲ့ တက္ကနဖ်က ဒုက္ခသည် စခန်းတွေကို အဆင့်မြှင့်တင် ဆောက်လုပ်ရေးကို IOM နဲ့ မိတ်ဖက်တွေက အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ လူပေါင်း ၈ သောင်းလောက် နေထိုင်နေတဲ့ တဲအိမ်ပေါင်း ၁ သောင်းခွဲလောက်က အန္တရာယ် ရှိတဲ့ အနေအထား ရှိပြီး အရေးပေါ် ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG