သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iowa ပြည်နယ် ပါတီတွင်း ရွေးကောက်ပွဲများ ဟီလာရီနဲ့ Ted Cruz တို့အနိုင်ရ


Iowa ပြည်နယ် ပါတီတွင်း ရွေးကောက်ပွဲများ
Iowa ပြည်နယ် ပါတီတွင်း ရွေးကောက်ပွဲများ

အမေရိကန် ပြည်ထောင်စု Iowa Caucus လို့ ခေါ်တဲ့ အိုင်အိုဝါ ပြည်နယ်တွင်းရီပက်ပလီကန် ပါတီရဲ့ ပါတီတွင်း သမ္မတလောင်း အမည်တင်သွင်းမှုတွေမှာ အထက်လွှတ်တော် အမတ် Ted Cruz က ဘီလီယံနာ သူဌေးကြီး Donald Trump ကို အနိုင်ရခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီဘက်မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton နဲ့ ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders တို့ကတော့ မဲရလဒ် အတူတူနီးပါး ရရှိခဲ့ပါတယ်။

တက္ကဆက် လွှတ်တော် အမတ် Ted Cruzက ထောက်ခံမဲ ၂၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လူကြိုက်များမှုမှာ ထိပ်တန်းပြေးနေတဲ့ Donald Trump ထက် ၃မှတ်ခွဲ အသာ စီးရခဲ့တာလည်း ဖြစ်ပါတယ်။ ဖလော်ရီဒါ အထက်လွှတ်တော် အမတ် Marco Rubio ကတော့ မဲရလဒ် ၂၃ ရာခိုင်နှုန်း ရရှိခဲ့တာကြောင့် ရီပက်ပလီကန် ပါတီရဲ့ ပင်မ အမာခံ ကိုယ်စားလှယ်တွေကြားမှာ ဦးဆောင်သူ ဖြစ်လာပါတယ်။

ဒီမိုကရက်တစ် ပါတီဘက်မှာတော့ မဲရလဒ် ၉၄ ရာခိုင်နှုန်းကို ရေတွက် အပြီးမှာတော့ Hillary Clinton က Bernie Sanders ထက် ဒသမ ၂ ရာခိုင်နှုန်းလောက်ဘဲ အသာစီး ရနေပြီး အပြတ်အသတ် အနိုင်ရတယ်လို့ ပြောလို့ မရနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် Iowa ပြည်နယ်တွင်း ရွေးကောက်ပွဲ စည်းမျဉ်း အရ အနည်းဆုံး နယ်မြေ ၆ ခုမှာ ကိုယ်စားလှယ် ဘယ်သူ့ကို ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီးခေါင်းပန်းလှန်ရတဲ့ အခြေအနေထိ ရောက်ရှိခဲ့ပါတယ်။

အဲဒီ ၆ ကြိမ် စလုံးမှာ Hillary Clinton က အနိုင်ရရှိခဲ့တာကြောင့် အဆုံးသတ် ရလဒ် အနေနဲ့ ရာခိုင်နှုန်း သိပ်မကွာပေမယ့် Hillary က အနိုင်ရရှိသွားတာပါ။ တနှစ်ကြာ အပြင်းအထန် စည်းရုံးမှုတွေ အကြီးအကျယ် ခန့်မှန်း ပြောဆိုမှုတွေ အပြီး အခု ထွက်ပေါ်လာတဲ့ ရလဒ်တွေကတော့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ဘယ်လောက် ရှိသလဲ ဆိုတာကို ပထမဆုံး ဖော်ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG