သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သမ္မတ ကိုယ်စားလှယ်လောင်း အမည် တင်သွင်းမှု Iowa ပြည်နယ် ရလဒ် အများ စောင့်ကြည့်


သမ္မတရွေးကောက်ပွဲ မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီတွေကို ကိုယ်စားပြုယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီတွင်း ရွေးချယ်ပွဲတွေ Iowa ပြည်နယ်သားတွေ တနင်္လာနေ့က မဲပေးနေကြစဉ်။
သမ္မတရွေးကောက်ပွဲ မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီတွေကို ကိုယ်စားပြုယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီတွင်း ရွေးချယ်ပွဲတွေ Iowa ပြည်နယ်သားတွေ တနင်္လာနေ့က မဲပေးနေကြစဉ်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီတွေကို ကိုယ်စားပြုယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီတွင်း အမည်တင်သွင်းမှု တွေအတွက် လယ်ယာ စိုက်ပျိုးရေး အခြေခံတဲ့ Iowa ပြည်နယ်သားတွေ တနင်္လာနေ့က မဲပေးခဲ့ကြပါတယ်။

ရီပတ်ဘလီကန်ပါတီအတွက် လူထုစစ်တမ်းတွေမှာ ရှေ့ကပြေးနေတဲ့ ဘီလီယံနာ သူဌေးကြီး Donald Trump နဲ့ Texas ပြည်နယ်က အထက်လွှတ်တော် အမတ် ရှေးရိုးစွဲဝါဒီ Ted Cruz တို့ ၂ ဦးအပြင် တခြား ကိုယ်စားလှယ်လောင်းတွေ ဟာ လည်း မဲရုံမှာ မဲသွားမပေးကြခင် နောက်ဆုံး အချိန်အထိ မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။

ပါတီတွင်း မဲပေးရွေးချယ်ကြဖို့အတွက် မဲရုံပေါင်း ၁,၆၈၁ ရုံကို ပြည်နယ်တဝှမ်းမှာ ရှိတဲ့ စာသင်ကျောင်းတွေ၊ မီးသတ်ရုံတွေနဲ့ အများပြည်သူသုံး ခန်းမဆောင်တွေမှာ ဖွင့်ပေးထားပါတယ်။ Iowa ပြည်နယ်မှာ နှင်းမုန်တိုင်း ကျဖို့ရှိတယ်လို့ ကြိုတင် ခန့်မှန်းထားပေမယ့်လည်း မုန်တိုင်းဟာ မဲပေးပြီးတဲ့အချိန်လောက်မှ ကျမယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ထိပ်မှာပြေးနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့ ၂ ဦးဟာလည်း လူထုရဲ့ထောက်ခံမှု တန်းတူနီးပါး ရနေကြတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရရေးအတွက် ပြည်နယ်တခုချင်းစီအလိုက် မဲဆွယ် စည်းရုံးကြရမဲ့အထဲက ဒါဟာ ပထမအဆင့်သာ ရှိပါသေးတယ်။

XS
SM
MD
LG