သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone 4S တစ်ရက်တည်းမှာတင် အရောင်းစံချိန်တင်

iPhone 4S တစ်ရက်တည်းမှာတင် အရောင်းစံချိန်တင်
iPhone 4S တစ်ရက်တည်းမှာတင် အရောင်းစံချိန်တင်

Apple ကုမ္ပဏီကထုတ်တဲ့ iPhone အသစ် 4S မော်ဒယ်လ်ကို စမှာလို့ရတဲ့ ပထမနေ့မှာပဲ ဝယ်ဖို့မှာတဲ့ အရေအတွက်ဟာ ၁ သန်းကျော်သွားခဲ့ပြီလို့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ Apple ကုမ္ပဏီက ကြေညာပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ မနက်မိုးမလင်းခင်ကတည်းက Apple ကုမ္ပဏီကနေ နောက်ဆုံးထုတ်လိုက်တဲ့ အဲဒီ iPhone ကို အင်တာနက်နဲ့ တယ်လီဖုန်းကနေ မှာယူမှုတွေ စလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

iPhone အသစ်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၉၉ ဒေါ်လာကနေ ၃၉၉ အထိရှိပြီး အဲဒီ iPhone ကို အပြိုင်အဆိုင် ဝယ်ကြတဲ့အတွက် ပထမရက်မှာပဲ အရောင်းစံချိန် တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ iPhone 4 ထွက်တုန်းက ပထမရက်မှာ ဖုန်းအလုံးရေ ၆ သိန်း ရောင်းခဲ့ရပြီး အခုတခေါက်မှာ ၁ သန်း ရောင်းရတဲ့အတွက် စံချိန်သစ် ဖြစ်သွားတာပါ။

အခုပေါ်တဲ့ iPhone အသစ်ကတော့ 4S မော်ဒယ်လ် ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG