သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone 4S ဝယ်ယူနိုင်ပြီ

iPhone 4S ဝယ်ယူနိုင်ပြီ
iPhone 4S ဝယ်ယူနိုင်ပြီ

Apple ကုမ္ပဏီက နောက်ဆုံးထုတ်လိုက်တဲ့ iPhone အမျိုးစားသစ် 4S ကို ဦးဦးဖျားဖျား ဝယ်ယူဖို့ တန်းစီနေတဲ့လူတွေဟာ သောကြာနေ့မှာ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံကြီး ၇ နိုင်ငံက Apple အရောင်းဆိုင်တွေမှာ ပြည့်နေပါတယ်။

iPhone 4S ဟာ Apple ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ စတိဗ် ဂျော့(ဘ်)စ် (Steve Jobs) ရဲ့ လမ်းညွှန်မှုအောက်မှာ တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တီထွင်သူကတော့ ကင်ဆာရောဂါဝေဒနာကို နှစ်ပေါင်းများစွာ ခံစားရင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် iPhone မှာ programming လို့ခေါ်တဲ့ ကွန်ပြူတာ ဘာသာစကားကို ပိုကောင်းအောင် ထည့်ထားသလို ကင်မရာဟာလည်း အမျိုးအစား ပိုမိုကောင်းမွန်ပြီး တချို့ အစီအစဉ်တွေ အတွက် ဖုန်းကို ပါးစပ်နဲ့ အမိန့်ပေးယုံနဲ့ သုံးလို့ရပါတယ်။

နောက်ဆုံးပေါ် iPhone 4S ဟာ Apple ကုမ္ပဏီထုတ် ပစ္စည်းတွေထဲမှာ အရောင်းစံချိန် ကျိုးဖို့ရှိတယ်လို့ Bloomberg ငွေကြေး သတင်းရပ်ကွက်က လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ ပထမဆုံး အရောင်းအော်ဒါမှာဖို့ ဖွင့်ပေးလိုက်တဲ့နေ့မှာပဲ တစ်သန်းကျော် မှာယူခဲ့ကြတာမို့ပါ။

Apple က အောင်မြင်မှုတွေ တွေ့နေရချိန်မှာပဲ smart phone အဖြစ် လူသုံးများနေတဲ့ iPhone ရဲ့ ပြိုင်ဘက် BlackBerry ကတော့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာဖြစ်မှုတွေအတွက် သူ့ကိုသုံးစွဲ အားပေးသူတွေကို တောင်းပန်ခဲ့ရပါတယ်။

iPhone 4-S ကို အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ သောကြာနေ့က စတင်ရောင်းချတာ ဖြစ်ပါတယ်။ အောက်တိုဘာလကုန်ပိုင်းမှာတော့ သြစတြီးယား၊ ဘယ်လ်ဂျီယန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ မက်ဆီကိုနဲ့ စင်္ကာပူနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဖြန့်ဖြူးရောင်းချမယ်လို့ Apple ကုမ္ပဏီက ပြောပါတယ်။

This item is part of
XS
SM
MD
LG