သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နိုင်ငံမှာ ကောက်ခံတဲ့ စစ်တမ်းတစ်ခုအရ အမေရိကန် တရားရေးဌာန တာဝန်ရှိသူတွေဟာ မနှစ်က ဆန်ဘန်နာဒီနို မှာ ဖြစ်ပွားခဲ့တဲ့ လူအမြောက်အများ သတ်ဖြတ်မှုမှာ သေနတ်သမားကိုင်တဲ့ ဖုန်းကို ဖွင့်ပေးဖို့ Apple နည်းပညာ ကုမ္ပဏီ ကိုတွန်းအားပေးလုပ်ဆောင်နေတာကို အမေရိကန်ပြည်သူ အများစုက ထောက်ခံကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း The Pew Research Center က လူ၁၀၀၀ ကျော် ကို ကောက်ခံခဲ့တဲ့ စစ်တမ်းမှာ ၅၁ ရာခိုင်နှုန်း က အက်ပဲလ် ကုမဏီ ဟာ သေနတ်သမား Syed Rizwan Farook အသုံးပြုခဲ့တဲ့ အိုင်ဖုန်းကို Unlock လုပ်ပေးသင့်တယ်လို့ ပြောကြားပြီး၊ ၃၈ရာခိုင်နှုန်းကတော့ ဒီလူတစ်ဦးရဲ့ ဖုန်းကို ဖွင့်ပေးလိုက်ရင် ကျန်တဲ့ အသုံးပြုသူအားလုံးရဲ့ အချက်အလက် လုံခြုံရေးအတွက် ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ ကုမ္ပဏီရဲ့ ရပ်တည်ချက် ကို ထောက်ခံကြတာ တွေ့ရတယ်လို့ တနင်္လာနေ့က ပြောပါတယ်။ ၁၁ ရာခိုင်နှုန်းကတော့ ထင်မြင်ယူဆချက် မပေးကြပါဘူး။

ပြီးခဲ့တဲ့နှစ်က ကယ်လီဖိုးနီးယားပြည်နယ် San Bernardino မှာ လူ ၁၄ ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို ကျုးလွန်သူ ကိုင်ခဲ့တဲ့ လျို့ဝှက်သင်္ကတနဲ့ ပိတ်ထားတဲ့ iPhone ထဲက မှတ်တမ်းတွေ ဖွင့်ကြည့်နိုင်အောင် လုပ်ပေးဖို့ အမေရိကန် အစိုးရက တောင်းဆိုထားတာဟာ စိုးရိမ် ခြောက်ခြားစရာ ဖြစ်တဲ့ အကြောင်း Apple ကုမ္မဏီရဲ့ အလုပ်အမှုဆောင်အကြီးအကဲ Tim Cook က Apple ထုတ်ကုန် ၀ယ်ယူသူတွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ထိပ်တန်း နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple အနေနဲ့ အကြမ်းဖက်သမားတွေ အပေါ် စာနာစိတ် မရှိတဲ့ အကြောင်း သန်းနဲ့ချီတဲ့ ၀ယ်ယူသူတွေကို ပေးတဲ့ အိပ်ဖွင့်ပေးစာမှာ Tim Cook က ရေးသားထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ဥပဒေ စိုးမိုးရေးအရာရှိတွေ တောင်းဆိုသလို ပစ်ခတ်မှု ကျုးလွန်ခဲ့သူ Syed Rizwan Farrok ရဲ့iPhone ထဲက အချက်အလက်တွေ ယူနိုင်အောင် လုပ်ပေးလိုက်မယ်ဆိုရင်၊ နောင် iPhone ကိုင်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို လိုချင်တဲ့ တခြားနိုင်ငံတွေကိုလည်း ယူနိုင်အောင် လမ်းဖွင့်ပေးသလို ဖြစ်သွားလိမ့်မယ်လို့ မစ္စတာ Cook က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG