သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် တဝန်း အကြမ်းဖက်မှုတွေကြောင့် လူ ၃၀ သေဆုံး


အသတ်ခံခဲ့ရတဲ့ အီရတ်ရဲအရာရှိတွေရဲ့ ရုပ်အလောင်းများကို တွေ့ရစဉ်။
အသတ်ခံခဲ့ရတဲ့ အီရတ်ရဲအရာရှိတွေရဲ့ ရုပ်အလောင်းများကို တွေ့ရစဉ်။
အီရတ်အရာရှိတွေကတော့ ဆွန်နီအနွယ်ဝင်တွေ ကြီးစိုးတဲ့ဒေသက လူ ၁၈ဦး ပြန်ပေးဆွဲအသတ်ခံခဲ့ရတာ အပါအဝင် လူပေါင်း ၂၉ဦး မကြာခင်ရက်တွေက ဆက်တိုက် အသတ်ခံရတဲ့အပေါ် စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ မြို့တော်ဘဂ္ဂဒတ်နားက လယ်မြေမှာ ပြန်ပေးဆွဲခံရသူ ၁၈ဦး ကို သေနတ်ဒဏ်ရာတွေနဲ့ သောကြာနေ့က စတင်တွေ့ရှိခဲ့တာလို့ စစ်ဆေးရေး အရာရှိတွေက ဆိုပါတယ်။

အသတ်ခံရသူတွေထဲမှာ လုံခြုံရေးအရာရှိတွေ များစွာပါဝင်ပြီး အနည်းဆုံး ဒေသခံ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးလည်း ပါဝင်တယ်လို့ အရာရှိတွေက ထုတ်ပြောခဲ့ပါတယ်။ အရာရှိတွေကပဲ သူတို့ကိုပြန်ပေးဆွဲခဲ့တဲ့ အမည်မဖော်နိုင်သေးတဲ့ သေနတ်သမားတွေဟာ အစိုးရလုံခြုံရေး အရာရှိဟန်ဆောင်ပြီး သူတို့အိမ်တွေကနေ ကြာသပတေး ညဘက်နဲ့ သောကြာနေ့မနက်အစောကြီးမှာ ပြန်ပေးဆွဲသွားခဲ့တာဖြစ်ပါတယ်။

သောကြာနေ့မှဖြစ်ခဲ့တဲ့ နောက် သတ်ဖြတ်မှုတစ်ခုမှာလည်း ဘဂ္ဂဒက်မြို့တော်မြောက်ပိုင်း ဘောလုံးကွင်း ဗုံးခွဲမှုမှာ လူ ၅ဦးသေဆုံးခဲ့ရပါတယ်။ နောက်မြို့တော်တွင်းက အိမ်တစ်အိမ်မှာလည်း အမျိုးသမီး ၆ဦးအသတ်ခံရသေးတယ်လို့ ရဲအရာရှိတွေကပြောပါတယ်။

အီရတ်နိုင်ငံမှာ ၂၀၀၆၊ ၂၀၀၇ခုနှစ် ကာလမှာ အခုလိုအကြမ်းဖက် သတ်ဖြတ်မှုတွေ အမြင့်မားဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ကြိုကြားကြိုကြား ဆက်ဖြစ်ခဲ့ရာမှာ အရပ်သားပေါင်း ၈၀ သေဆုံးခဲ့ရပြီး ဒီနှစ်ဇန်နဝါရီလမှာ စရင်တော့ သေဆုံးသူပေါင်း ၈၀၀၀ ရှိသွားခဲ့ပါပြီ။
XS
SM
MD
LG