သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည်


ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည်
ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည်

အစ္စရေးက အီရန်ကို လာမယ့်လ အနည်းငယ် အတွင်းမှာပဲ ဝင်တိုက်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီရွန် ပန်နိတာ (Leon Panetta) က စိုးရိမ်နေကြောင်း သတင်းတွေမှာ ဖော်ပြနေချိန်မှာပဲ အီရန်ဟာ အနောက်နိုင်ငံတွေရဲ့ ရေနံ ရောင်းဝယ်တင်ပို့မှု ပိတ်ပင် ကန့်သတ်မှုတွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင် လက်တုံ့ပြန်သွားဖို့ ရှိတယ်လို့ သောကြာနေ့မှာ အီရန် ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမီနီ ( Ayatollah Ali Khamenei) က သတိပေးလိုက်ပါတယ်။

အီရန်နိုင်ငံက နျူကလီးယား ဗုံး ထုတ်လုပ်ဖို့ လုပ်လာနိုင်တာကြောင့် ဒါကို ရပ်သွားစေဖို့ အစောဆုံး ဧပြီလလောက်မှာ အစ္စရေးကနေ ဝင်ရောက် တိုက်ခိုက်လာနိုင်တာကို မစ္စတာ ပန်နိတာက စိုးရိမ်နေကြောင်း ကြာသပတေးနေ့က ဝါရှင်တန် ပို့စ် သတင်းစာကရော တခြားသတင်းတွေကပါ နောက်ပိုင်းမှာ ရေးသားလာခဲ့ကြတာပါ။ သတင်းတွေထဲမှာတော့ မစ္စတာ ပန်နိတာက ပြောကြားကြောင်း တရားဝင် ညွှန်းဆိုထားခြင်း မရှိသလို မှတ်ချက် တစုံတရာ ပေးထားခြင်းလည်း မရှိပါဘူး။

အီရန်ခေါင်းဆောင် ခါမီနီ ကတော့ သောကြာနေ့က အီရန်နိုင်ငံ ၁၉၇၉ အစ္စလာမ် တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ အီရန်နိုင်ငံရဲ့ နျူကလီယားဆိုင်ရာ လုပ်ဆောင်မှုတွေကို ပိတ်ဆို့ အရေးယူမှုတွေက ဘယ်လိုမှ သက်ရောက်မှု မရှိခဲ့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးကို ဆန့်ကျင်မယ့် ဘယ်နိုင်ငံ ဘယ်အဖွဲ့ကိုမဆို အီရန်က ကျောထောက်နောက်ခံ ပေးသွားမယ်လို့လည်း ပြောပါတယ်။

အီရန်က လုပ်ဆောင်နေတဲ့ ယူရေနီယံ သန့်စင်မှုတွေဟာ နျူကလီယား လက်နက် လုပ်ဖို့လို့ အမေရိကန်လို သံသယဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ အစ္စရေးလည်း ပါပါတယ်။ နိုင်ငံတကာကနေ အီရန်ကို အရေးယူ ဒဏ်ခတ်မှုတွေ တိုးလုပ်လာဖို့ အမေရိကန်က ဖိအားတွေ ပေးနေချိန်မှာ အစ္စရေးကတော့ အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ဝင်ရောက် တိုက်ခိုက်ဖို့ ကိစ္စကို ခုထိ ပယ်မချသေးပါဘူး။

အရေးယူဒဏ်ခတ်မှုတွေ လုပ်လာမှာကို လက်တုံပြန်တဲ့ အနေနဲ့ ကမ္ဘာ့ ရေနံတင် သင်္ဘောတွေ အများဆုံးဖြတ်သန်းရာ ဟောမုဇ် (Hormuz) ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က ထပ်တလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။

XS
SM
MD
LG