သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန်


အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန်
အာဖဂန်ပြဿနာ ပြည်ပစွက်ဖက်မှုအဖြစ် အီရန်ခေါင်းဆောင် ဝေဖန်

ဒေသတွင်း ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဝင်ရောက် စွက်ဖက်မှုတွေကြောင့် ဖြစ်တယ်လို့ အီရန်သမ္မတ မာမွတ်အမာဒင်နီဂျက်က ပြောလိုက်ပါတယ်။ ဒီကနေ့ Islamabad မြို့မှာ အခုလို ပြောခဲ့တာမှာ ဘယ် နိုင်ငံခြားတိုင်းပြည်တွေ ဆိုတာကိုတော့ သူက နံမည်တပ် မပြောသွားပါဘူး။

ဒေသတွင်း တည်ငြိမ်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က ခေါင်းဆောင်တွေနဲ့ မစ္စတာ အမာဒင်နီဂျက် တွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ တာလီဘန်နဲ့ ပါကစ္စတန် တို့ရဲ့ သမိုင်းဝင် ဆက်နွှယ်မှုတွေနဲ့ ဒီ သုံးနိုင်ငံကြား နယ်နိမိတ် ထိစပ်မှုတွေက အခု ဆွေးနွေးပွဲဖြစ်လာရတဲ့ အကြောင်းရင်းတွေပါ။

အာဖဂန် တာလီဘန်တွေနဲ့ သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့ အတော်များများဟာ အာဖဂန်နဲ့နယ်စပ် ပါကစ္စတန်နိုင်ငံထဲက လူမျိုးစုဒေသတွေမှာ အခြေစိုက်တေနယ်လို့ ယုံကြည်ထားကြတာပါ။ အခု ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲဟာ အကြမ်းဖက်ဝါဒ နဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး၊ နိုင်ငံတွေအားလုံးကို ခြိမ်းခြောက်နေတဲ့ ဘုံအန္တရာယ် တိုက်ဖျက်ရေးတို့အတွက် အရေးပါတဲ့စည်းဝေးမှု ဖြစ်တယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ ပြောခွင့်ရသူက အမွမ်းတင် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG